ဒီစကားလေးက ကျေးဇူးကန်းလေ့ရှိသူတို့အား ပြောဆိုခိုင်းနှိုင်းတဲ့ စကားရပ်ပါ။ အစာမဝခင်ပုံစံတစ်မျိုး၊ အစာဝသွားလျှင် ပုံစံတစ်မျိုး၊ အလိုရှိတဲ့ အရာတစ်ခုကို မရခင် တစ်မျိုး၊ ရပြီးနောက် ကျေးဇူးတင်ရမည်စိုး၍ တစ်မျိုးတစ်ဖုံ ကျေးဇူးမဲ့လုပ်ဆောင်သွားလျှင် စားခွက်သေးပန်းဟု ပြောဆိုသုံးနှုန်းနေကြခြင်းဖြစ်သည်။ အများအားဖြင့် ထိုလုပ်ရပ်တို့ကား တိရစ္ဆာန်လောက၌ အများဆုံး တွေ့ရတတ်သည်။ ဥပမာ ဝက်မွေးမြူထားသည့် အိမ်တစ်အိမ်ဆိုပါစို့၊ ဝက်များ အစာမစားရခင်မှာ ဆူညံအောင် အော်ဟစ်တောင်းတတ်ကြ သလို၊ အစာဝသွားသည့်အခါမှာ စားခွက်ထဲ ကျင်ကြီး ကျင်ငယ်များ စွန့်လျှက် မှောက်ပစ်လိုက်သည်မှာထင်ရှားပါသည်။ အစာမစားရခင်တစ်မျိုး အစားဝသွားလျှင် တစ်မျိုးပေါ့။ လူဟုဆိုသော်ငြားလည်း၊ လူမပီသသူ၊ လူ့အသိစိတ်ဓာတ်မရှိသူ၊ လူ့ကိုယ်ကျင့်တရားမပြည့်ဝသူ၊ လူစိတ်မရှိသူများလည်း ထိုလုပ်ရပ်များကို လုပ်လေ့လုပ်ထရှိပါတယ်။ ထိုသို့သော လူများကို ဘယ်လိုခေါင်းစဉ်တပ်၊ ဘယ်စာရင်းထဲထည့်ရမည်ဆိုတာကတော့ စဉ်းစားစရာမလိုပါ။
ငွေမရခင်က မျက်နှာတစ်မျိုး၊ ငွေရသွားတော့ မျက်နှာတစ်မျိုး၊ လူကိုမရခင်ကတစ်မျိုး ရသွားတော့တစ်မျိုး၊ မြေမရခင်ကတစ်မျိုး မြေရသွားတော့ မျက်နှာတစ်မျိုး၊ အခုတစ်ဖန် ပြည်အာဏာကို မရခင်တစ်မျိုးလုပ်နေပြန်ပါပြီ၊ ရသွားလျှင် ဘယ်လိုဆိုတာ စဉ်းစားစရာပင် မလိုပါချေ။
မြန်မာပြည်မှာနေ၊ မြန်မာပြည်ရဲ့ဆန်စပါးကိုစား၊ မြန်မာပြည်ရဲ့ ရေကိုသောက်ခဲ့တဲ့ သူတွေ၊ မြန်မာပြည်မဟုတ်တဲ့ တခြားတစ်နေရာကနေ မြန်မာ့အကြောင်း မကောင်းသတင်းတွေလွှင့် ၊ မြန်မာ့ခေါင်းဆောင်၊ မြန်မာတိုင်းရင်းသားများအား ကမ္ဘာ့အလယ် အထင်မှားအောင် အမြင်မှားအောင် ဘယ်သူတွေလုပ်ဆောင် နေပါသလဲ၊ ထိုသူများကို စားခွက်သေးပန်းသူဟု ဆိုပါလျှင် လွန်ရာကျမည်လော။ ကျေးဇူးကန်းတတ်တဲ့ ထိုသူများအား ခပ်ရှင်းရှင်း ခပ်ကင်းကင်း ခပ်ပြတ်ပြတ် ဆက်ဆံနိုင်ပါမှ တော်ကာကျမည်ဖြစ်တော့၏။
မြတ်စွာဘုရားရှင် အလောင်းတော်ဘဝတုန်းက ထိုထို ကျေးဇူးကန်းတတ်သူများကို နှင်ထုတ်ခဲ့တဲ့ဇာတ်တော်အထင်အရှားရှိပါတယ်။ လွန်လေပြီးသောအခါ ဗာရာဏသီပြည်ကြီးမှာ ဣသိပတန အရပ်မှာ ရေးတွင်းတစ်ခုရှိ၏။ မြတ်စွာဘုရားရှင် အလောင်းတော်ဟာ ဗာရာဏသီပြည်မှာ ဖွားလျှက် အရွယ်ရောက်တဲ့အခါမှာတော့ ရသေ့ ရဟန်းပြု၍ ရသေ့အပေါင်းခြံရံလျက် ဣသိပတန အရပ်မှာနေပါတယ်။ အဲဒီအခါမှာ မြေခွေးတစ်ကောင်ဟာ ရေတွင်းကြီးကို ဖျက်ဆီးသွားပါတယ်။ ဒါနဲ့ တစ်နေ့တော့ ရသေ့တွေခြံရံစုပေါင်းပြီး ထိုမြေခွေးကို ဖမ်းစီးကာ ဘုရားအလောင်းထံသို့ ဆောင်ယူခဲ့ပါတယ်။
ဒီအခါမှာ ဘုရားအလောင်းတော်က အသင်မြေခွေး၊ တော၌နေသော သီလနှင့်ပြည့်စုံ၍ ကျေးဇူးတရားကိုသိတတ်သော၊ အစားအေသာက် အဝတ်အထည်စသည်များကို ခြိုးခြံချွေတာသောအကျင့်ကို ကျင့်လျှက် ပင်ပင်ပန်းပန်း တူးဖော်ထားသော ဤရေတွင်းကို အဘယ့်ကြောင့် ကျင်ကြီး ကျင်ငယ်စွန့်ပြီး ဖျက်ဆီးဘိသနည်ဟု မေး၏။
ဒီအခါမှာ မြေခွေးက အချင်းရသေ့ ငါတို့မြေခွေမျိုးသည် ရေးတွင်းထဲကရေကိုသောက်ပြီး ကျင်ကြီးကျင်ငယ်စွန့်လေ့ရှိပါတယ်။ ဒီအကျင့်က မြေခွေးတို့၏ အကျင့်ပင်ဖြစ်၏။ ထိုအကျင့်သည်လည်း ငါတို့ ဘိုးဘွား မိဘများ၏ ထံမှရသော အကျင့်ပေတည်း။ ဘိုးဘွား မိဘတို့၏ အကျင့်ကို လျစ်လျှူရှု၍မဖြစ်၊ စွန့်၍မဖြစ်နိုင်ပါ။ ထိုကြောင့် ရေတွင်းထဲမှရေကို သောက်တယ်။ ရေဝသွားပါလျှင် ဘိုးဘွား မိဘများ၏ အကျင့်ဖြစ်သော ရေတွင်းထဲသို့ ကျင်ကြီးကျင်ငယ်များစွန့်လေ့ရှိတဲ့ အကျင့်ကို ငါလည်းလက်ဆင့်ကမ်းသည့်အနေဖြင့် စွန့်ခြင်းဖြစ်တယ်လို့ ဖြေကြားပါတယ်။
ဒီအခါမှာ မြတ်စွာဘုရားအလောင်းတော်က အသင်မြေခွေး သင်တို့၏ ယုတ်မာတဲ့အကျင့်ကို ငါတို့သည် တစ်ရံတစ်ဆစ်မျှ မမြင်လိုပါ။ ဒီနေရာကနေ အမြန်ဆုံးထွက်ခွာသွားပါ။ ဘယ်တော့မှ ဒီနေရာကို ပြန်မလာပါနဲ့ဟု ရဲဝံ့စွာ နှင်ထုတ်လိုက်ပါတယ်။
အထက်ပါစကားရပ်များကား ဥဒပါနဒူသကဇာတ်တော်၏ အတိတ်ဝတ္တုဖြစ်ပါတယ်။ ဒီဇာတ်တော်မှ ရရှိလိုက်သော သင်ခန်းစာကတော့ အဖိုးမဖြတ်နိုင်ပါ။ မြေခွေးတို့မည် အကျင့်ဆိုး အကျင့်ယုတ်များကို ဘိုးဘွား မိဘမှစ၍ သားစဉ်မြေးဆက်တိုင်အောင် ကျင့်သုံးတတ်သည်ကိုလည်းကောင်း၊ ထိုအကျင့်ဆိုးအကျင့်ယုတ်များက အခြားမဟုတ် အစာဝ၊ ရေဝပါလျှင် သူတစ်ပါးတို့၏ ကျေးဇူးကိုမထောက်ဘဲ ဖျက်ဆီးတတ်တဲ့ အကျင့်ယုတ် အကျင့်ဆိုးပင်ဖြစ်ချေသည်။ အစာမဝခင် အစာကိုမရ-ရအောင် တောင်းပါတယ်။ အစာဝသွားပါလျှင် ကျေးဇူးကန်းပါတယ်။ နေစရာ ထိုင်စရာမရသေးပါလျှင် ပရိယာယ်အမျိုးမျိုးသုံးကာ ရအောင်တောင်းခံပါတယ်။ နေရာရသွားပါလျှင် အိမ်ရှင်ကိုပင် ကျေးဇူးတင်ရကောင်းမှန်းမသိ၊ နေရာလုကာ၊ သတ်ဖြတ် နှိပ်စက်ချေမှုန်းပါတယ်။ ထိုမှတစ်ဖန် ကျေးဇူးတရားကို မျက်ကွယ်ပြုကာ မသိမသာတစ်မျိုး သိသိသာသာတစ်နည်းဖြင့် ကျေးဇူးရှိသောသူတို့၏ အဖိုးတန် ကိုးကွယ်ရာ မှီခိုအားထားရာ၊များကို ဖျက်ဆီးတတ်ပါတယ်။
ထို့နည်းတူ အိမ်ရှင်တို့၏ သမီးပျိုများကို မရခင်မှာ ရအောင်မျက်နှာချိုသွေး ပလီပလာ ကလိမ်ကကျစ်နည်းတွေနဲ့ ကြိုးပမ်းပါတယ်။ ရသွားပါလျှင် တစ်မျိုးတစ်ဖုံ ဆက်ဆံတတ်တဲ့ သူတွေ၊ အစားပေး၊ အဝတ်ပေး၊ နေရာထိုင်ခင်းပေးတဲ့ မြန်မာနိုင်ငံ၏ ကျေးဇူးတရားကို မထောက်ထားဘဲ ကျေးဇူးကန်းတတ်တဲ့သူတွေ၊ ပြည်အာဏာကိုပါ ထိပါးစော်ကားလာတဲ့ ကျေးဇူးကန်းသူတွေကို မြတ်စွာဘုရားအလောင်းတော်ပြုလုပ်ခဲ့သလို ဒီနေရာကနေ အပြီးအပိုင် ထွက်သွားပေးပါ၊ ဒီနေရာကို ဘယ်တော့မှ ပြန်မလာပါနဲ့ဟု နှင်ထုတ်မည့် ခေါင်းဆောင်ကောင်းကိုသာ မျှော်လင့်နေမိတော့၏။ ကျေးဇူးကန်းသူ စားခွက်သေးပန်းသူများအား သတိထားလော့၊ သတိထားလော့၊ သတိထားလော့၊ အမြန်ဆုံးနှင်ထုတ်လေလော့။ အချိန်ကြာသည်နှင့်အမျှ အန္တရာယ်ကြီးပါပေစွတကား။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)