Quantcast
Channel: ဝီရဓမ္မ
Viewing all 296 articles
Browse latest View live

"ခွေးထက်ဆိုးတဲ့တိရစ္ဆာန်ဆိုတဲ့ အသုံးအနှုန်းများနှင့် ဦးဝီရသူထံသို့ရောက်လာတဲ့စာတစ်စောင်"

$
0
0
ဦးဝီရသူ (မစိုးရိမ်)ထံသို့ ပေးစာ
" မောင်ပေကတ် နာမည်နဲ့ shihaymam426@gmail.com မှ wirathu2012@gmail.com သို့ ပေးပို့ထားသည့် (16.3.2013) ရက်စွဲပါ မေးလ်ကို ဆရာတော်ဦးဝီရသူမှ ပြန်လည်ချေပချက်။"
နာမည်ကြီးချင်ရင် နိုင်ငံရေးလုပ်မှာပါ။ထောင်နှုတ်ခမ်းချင်းအတူတူ နိုင်ငံရေးအလုပ်က ဆုတံဆိပ်တွေလည်း ရတယ်။ စပွန်ဆာတွေလည်း ပေါတယ်။ သူရဲကောင်းအသွင်လည်း အထင်ကြီးခံရတယ်။ အဆဲလည်း မခံရဘူး။
မိမိရေးသား/ ဟောကြားသည်များထဲမှ မဟုတ်မမှန်တာရှိရင် ထောက်ပြနိုင်ပါတယ်။ လီဆယ်ဖို့ နေနေသာသာ မှန်တာတွေတောင် အကုန်မဟောဝံ့သေးပါဘူး။ အစ္စလာမ်ဘာသာဝင်တွေကို မိမိက မတိုက်ခိုက်ရသေးပါလား။ ခုချိန်ထိ ခံစစ်နဲ့ပဲ ကစားနေတာပါ။ မြန်မာနှင့် မူဆလင် ဖြစ်ကြတဲ့ ပြဿနာတွေထဲမှာ မူဆလင်တွေကပဲ ရိုင်းစိုင်း၊ ယုတ်မာ၊ ကောက်ကစ်၊ ရက်စက်၊ ကြမ်းကြုတ်တာတွေ ပြုမူနေကြတာပါ။ မြန်မာက မူဆလင်မိန်းကလေးကို မုဒိမ်းကျင့်ဖူးတာ ရှိပါသလား။ မြန်မာက မူဆလင်သူ/သား တစ်ဦးဦးကို အနိုင်အထက်ပြုကျင့်ပြီး ဘာသာပြောင်းခိုင်းဖူး ပါသလား။ မြန်မာတွေနဲ့ ညားတဲ့ မူဆလင်သူတွေကို စစ်သုံ့ပန်းတွေလို အိမ်းတွင်းပုန်း ချုပ်နှောင်ခဲ့ဖူးတာ ရှိပါသလား။ ဒါလေးတွေလည်း ကို (သို့) ဦး မောင်ပေကတ် အဖြေပေးပါဦး။   ဝီရသူ (မစိုးရိမ်) 18.3.2013ပေးစာအပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

မောင် ပေကတ်  ဦးဝီရသူ (မစိုးရိမ်) သို့ …………ပေးစာ။ ဦးဝီရသူရေ…မင်္ဂလာပါလို့နှုတ်ဆက်ရအောင်လည်းအသင်ကမင်္ဂလာရှိတဲ့သူတစ်ယောက်မဟုတ်လေတော့ မင်္ဂလာပါလို့ နှုတ်မဆက်တော့ပါဘူး။ ဘာလို့လဲဆိုတော့မင်္ဂလာမရှိတဲ့သူကိုမင်္ဂလာပါလို့ လိမ်ပြောတတ်ကြတဲ့သူတွေကိုကျွန်ုပ်တို့မနှစ်သက်လို့ပါ။မဟုတ်မမှန်လီဆယ်ပြောမှ ကျေနပ်နှစ်သက် တယ်ဆိုရင်ဘာသာတရားတွေကိုမရွေးချယ်ပဲကိုယ့်အကြောင်းကိုပဲလီဆယ်ပြောပါတော့လား ဦးဝီရသူ။ အသင်ကဘာသာတရားတွေကိုအသုံးချမှ ကိုယ့်နာမည်ကြီးမယ်လို့ယုံကြည်ထားလို့လား။ နာမည်ကြီးချင်လို့ဘာသာတရားတွေကိုအသုံးချပြီးလီဆယ်ပြောဆိုတာဆိုရင်တော့ အသင်သင်္ကန်းချွတ်လိုက်ပါတော့။ သင်္ကန်းဝတ် ပြီးမဟုတ်မမှန်တဲ့စကားတွေပြောရမယ်လို့ ဗုဒ္ဓဟောတာမကြားဖူးပါဘူး။ ဒါကြောင့်အသင့်ကိုပြောချင်တာကအသင်နာမည်ကြီးချင်ရင် ဒါမှမဟုတ်သိပ်ပြီးခေါင်းဆောင်လုပ်ချင်ရင် တရားမျှတတဲ့နည်းတွေနဲ့ပဲလုပ်ပါ။မဟုတ်တမ်းတရားတွေနဲ့ တစ်ခြားဘာသာတရားကိုစော်ကားပြီးခုတုံးမလုပ်ပါနဲ့။

နောက်ပြီးတော့ အစ္စလာမ်သာသနာအကြောင်းကိုခရေစေ့တွင်းကျမလေ့လာဘဲရမ်းသမ်းပြော
ခြင်းဟာအသင်ရဲ့ဘာမှမဟုတ်တဲ့ ပညာအရည်အချင်းနဲ့ဥာဏ်ပညာကိုဖော်ပြလိုက်တာလို့ ကျွန်ုပ်တို့ ယူဆပါတယ်။ တကယ်သတ္တိရှိရင်အစ္စလာမ်သာသနာ့ပညာရှင်တွေနဲ့ အသင်ရဲ့စွပ်စွဲချက်တွေကို ထိပ်တိုက်ရှင်းပါ။
အသင်ပြောတာတွေအမှန်တွေမဟုတ်တာကိုအသင်ကိုယ်တိုင်လည်းသိလိမ့် မယ်ထင်ပါတယ်။ ကျွန်ုပ်တို့စိတ်ထဲမှာအသင့်ရဲ့ဟောပြောချက်တွေကိုနားထောင်ပြီးသိချင်တဲ့အကြောင်းလေးတစ်ခု လည်းရှိပါသေးတယ်။ ဒါကတော့ အသင်ဝန်မခံလည်းပြဿနာမရှိပါဘူး။ အသင်သိအောင်တော့ပြောချင်ပါတယ် ဦးဝီရသူ။

အသင်ဒီလောက်အစ္စလာမ်သာသနာကိုစော်ကားနေတာအသင့်စိတ်ထဲမှာအစ္စလာမ်သာသနာကို စိတ်ဝင်စားနေလို့လား။ စိတ်ဝင်စားနေတာကို ကုစားတဲ့အနေနဲ့ဒီလိုစော်ကားမှုတွေလုပ်နေတာလား။ ဒါမှမဟုတ် အသင်ကိုယ်တိုင်(သို့မဟုတ်)အသင်မျိုးရိုးတွေထဲမှာအစ္စလာမ်ကို လက်ခံလိုက်တဲ့ သူတွေများနေလို့လား။ အမျိုးဘာသာသာသနာကိုထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတဲ့ နာမည်လှလှလေးနဲ့သူတစ်ပါးဘာသာကိုစော်ကားတာဟာ ဦးဝီရသူရဲ့မိစ္ဆာလုပ်ရပ်ဖြစ်မယ်ထင်ပါတယ်။ အစ္စလာမ်သာသနာကိုစော် ကားရအောင်အစ္စလာမ်သာသနာအကြောင်းကို ဘယ်လောက် အထိလေ့လာဖူးပါသလဲ။ လေ့လာရအောင် လည်းဦးဝီရသူမှာ ဘယ်လောက်ပညာရှိပါသလဲ။ ဘယ်အကြောင်းအရာကိုမှ သေချာနားလည် ခြင်းမရှိဘဲမျက်စိမှိတ်ပြီးသူတစ်ပါး ဘာသာတရားကိုစော်ကားမယ်ဆိုရင်တော့ဦးဝီရသူရဲ့နာမည်ကို ပြောင်းပစ်ရပါလိမ့်မယ်။ အသင့်နောက်ကိုလိုက်နေတဲ့သူတွေလည်း မိစ္ဆာဂိုဏ်းဝင်တွေဖြစ်သွားတာကို တော့ စိတ်မကောင်းဖြစ်မိပါရဲ့။

ဦးဝီရသူတို့ကိုးကွယ်ရာဖြစ်တဲ့ဗုဒ္ဓကိုယ်တော်တိုင်ကအစ္စလာမ်သာသနာကို ဒီလိုစော်ကားဖို့အတွက် သင်ပေးခဲ့တာရှိလို့လား? ။ရှိမယ်ဆိုရင် အသင်တို့သာသနာ့စာပေတွေနဲ့အထောက် အထားပြပါ။ဒီလိုမှမဟုတ်ရင်တော့ အသင်ဟာလူလိမ် လူယုတ်မာဖြစ်တယ်ဆိုတာကို သံသယရှိစရာလိုမယ်မထင်ပါဘူး။ပုလင်းတစ်လုံးထဲမှာပျားရည်ရှိမယ်ဆိုရင် အဲဒီပုလင်းထဲကနေ ပျားရည်ကလွဲလို့ကျန်တဲ့အရာထွက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ပုလင်းထဲမှာအဆိပ်ရှိရင်တော့ အဆိပ်ပဲထွက်လာမှာပါ။ အသင်ဟာဘယ်ပုလင်းအမျိုးအစားလဲဆိုတာအသင့်ကိုယ်အသင်စဉ်းစားပါ။ စဉ်းစားလို့မတတ်ရင် လူလုပ်ဖို့ လည်းမထိုက်သင့်တော့ပါဘူး။ခွေးဟာလူမဟုတ်တဲ့အတွက်ကြောင့် လူကိုကိုက်တာ။ လူကလူဟုတ်တဲ့အတွက်ကြောင့်ခွေးကိုမကိုက်ဘူး။ အသင်က ကမ္ဘာလူသားတစ်ဝက်ရဲ့သာသနာကိုဒီလိုစော်ကားခြင်းဟာအသင်ဟာခွေးထက်ပိုပြီးဆိုးရွားတဲ့ တိရိစ္ဆာန်ဖြစ်တာကိုစဉ်းစားမိပါရဲ့လား။မြန်မာနိုင်ငံရဲ့သမ္မတကြီးဦးသိန်းစိန်ကိုယ် တိုင်ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့အသင့်လိုသူတစ်ပါးဘာသာတရားကိုစော်ကားဖို့ စိတ်မရှိဘူး။ အသင်ကတော့ ဗုဒ္ဓဘာသာကိုခုတုံးလုပ်ဗန်းပြပြီးမိစ္ဆာဘာသာကို တည်ထောင်နေတာ ဗုဒ္ဓဘာသာဝင်စစ်စစ် တွေကိုယ်တိုင် သိနေကြပါတယ်။

အကယ်၍အသင်ဟာအစ္စလာမ်သာသနာအကြောင်းကိုစစ်မှန်စွာနဲ့ပြည့်စုံစွာသိချင်ရင်မြန်မာနိုင်ငံမှာရှိနေတဲ့ အစ္စလာမ်သာသနာပညာရှင်များနဲ့အချိန်မရွေးတိုက်ရိုက်တွေ့ဆုံမေးမြန်းပါ။ ကိုယ့်အထင်နဲ့ပြောခြင်းဆိုခြင်းဟာ မှန်ကန်မှုရဲ့အထောက်အထားမဟုတ်တာကိုအသင်သိဖို့လိုပါတယ်။ အသင်ရောက်နေတဲ့နေရာတိုင်းမှာတရားနာမည်နဲ့မတရားမှုတွေကိုဟောနေတာအသင့်မှာ ရှက်စိတ်ရောရှိပါသေးရဲ့လား။

အသင်လူမှဟုတ်ရဲ့လား။ဒီလိုသွေးခွဲပေးရင်းဘာသာခြားတွေအားလုံးမှာမုန်းတီးစိတ်ဝင်သွားအောင် အသင်တို့ဗုဒ္ဓဘုရားက သင်ပေးခဲ့ပါသလား။ တကယ်လို့ဗုဒ္ဓကသင်ပေးထားမယ်ဆိုရင် အများလူသားတွေသိရှိနိုင်ဖို့ အဲဒီဟောပြောချက်ကျမ်းစာအုပ်ကိုထုတ်ပြပါ။

ဒီလိုအထောက်အထားမပေးနိုင်ဘူးဆိုရင်တော့ အသင်ဟာယုတ်မာပက်စက်တဲ့လူလိမ် လူယုတ်မာအောက်တန်းကျတဲ့ မိစ္ဆာဒိဌိလူတစ်ယောက်ဖြစ်တာကိုသေချာမှတ်ထားလိုက်ပါ။ အသင်ရဲ့ဟောကြားချက်တွေအားလုံးကိုနားထောင်ပြီးတော့အသင်ဟာဘယ်လိုလူစားမျိုးလဲဆိုတာကို သတ်မှတ်ပေးဖို့ကျွန်ုပ်ဒီစာကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။
ဦးဝီရသူ(Face book page) မှတဆင့်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)


“ဆရာတော်ဦးဝီရသူပြောတဲ့ မိတ္ထီလာဖြစ်စဉ်”

$
0
0


“မိတ္ထီလာဖြစ်စဉ်”
မန္တလေးမတ်(၂၀)

ယနေ့(၂၀-၃-၂၀၁၃)ရက်နေ့ နက်(၉း၀၀)ခန့်ကဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် (မူဆလင်)သို့ ဦးခင်မောင်ဝင်း+ဒေါ်အေးအေးနိုင်-တို့က ရွှေဆံကုတ်(ဘီးကုတ်)လာရောင်းပါသည်။ ဦးခင်မောင်ဝင်း(၄၆) နှစ် ဒေါ်အေးအေးနိုင်(၄၅)နှစ်နှင့်အတူ ကလေးနှစ်ယောက်လည်း ပါလာပါသည်။

ဆိုင်ရှင်ဒေါ်မြင့်မြင့်အေး(ခ)ရှီတာ-က ရွှေထည်ဆံကုတ်ကို ချိုးပစ်၍ မှတ်တိုက်ကာ ငရဲမီးပါ စားပစ်လိုက်သည်။ ထို့နောက် ငါးသောင်းကျပ်ဖြင့် ဈေးဖြတ်လိုက်သည်ကို မရောင်းနိုင်၍ ဆံကုတ်ကို ပြန်ဆက်ပေးဖို့ ပြောဆိုသည့် အခါ “ဒီကောင်မ လူးပါးဝတယ်၊ ပြန်ဆက်မပေးနိုင်ဘူး”ပြောကာ ဆိုင်ရှင်မြင့်မြင့်အေးနှင့် အစ်မက လင်မယားနှစ်ယောက်လုံးကို ပါးစရိုက်သည်။ ထို့နောက် ဒေါ်အေးအေးနိုင် လည်ပင်းကို ဝါးလုံးဖြင့် ထောက် ဦးခင်မောင်ဝင်း(၄၆)ကို ဒေါ်မြင့်မြင့်အေးက လက်ကိုချုပ်ထားချိန်တွင် ဒေါ်အေးအေးနိုင်မှ ကယ်ကြပါဦး- ကျွန်မတို့ကို ရိုက်နေပြီ အော်ဟစ်အကူညီတောင်းသည်။

ဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အလုပ်သမားဦးညီညီတို့က ဦးခင်မောင်ဝင်းခေါင်းကို နှစ်တစ် ဒုတ်ဖြင့် ရိုက်သည်။ ဆိုင်ထဲ ခိုးဝင်၍ ရိုက်ကြောင်း၊ အော်ဟစ်ပြောဆိုပြီး ရိုက်ခြင်းဖြစ်သည်။ ဈေးဆိုင်များရှိ ဆွေမျိုးတော်စပ်သူ မူဆလင်များကပါ ဝိုင်း၍ ရိုက်နှက်ကြသည့်အခါ ပတ်ဝန်းကျင်ရှိ မြန်မာများက မတရားမလုပ်နှင့်ဟု ဝိုင်းအော်ကာ ရဲစခန်းကို ဖုန်းဆက်ကြသည်။ မိနစ်နှစ်ဆယ်ခန့် အကြာမှာ ရဲများရောက်လာပြီး နယူးဝိန့်စိန် ရွှေဆိုင်(မူဆလင်ဆိုင်) ပိတ်ပစ်လိုက်ပြီး ဦးထွန်းထွန်းဦးနှင့် ဦးညီညီတို့ကို ဖမ်းဆီးသွားသည်။ ချုပ်ပေးသော မူဆလင် အမျိုးသမီးဒေါ်ဘုတ်ပွ၊ ဒေါ်နက်တီနှင့် ဆိုင်ရှင်ဒေါ်မြင့်မြင့်အေးတို့က ဘေးပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည်။

ရဲများရောက်ချိန်တွင် (၁၀း၀၀)နာရီကျော်ခန့် ရှိနေပြီး လူအုပ်က အယောက်ငါးဆယ်ကျော်ခန့် ရှိနေပြီဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် နှင့် ဘေးချင်းကပ် ဆွေမျိုးတော်စပ်သူ တော်ဝင်ရတနာအပေါ်ထပ်သို့ ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မနှစ်ယောက် ပုံးအောင်းနေသည်ထင်ကာ ရဲများကို သတင်းပို့ပြီး ရဲများနှင့်အတူ တက်ရှာသော်လည်း ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မကို မတွေ့ရဘဲ အသက်နှစ်ဆယ်ကျော် ကလေးမလေးနှစ်ယောက်သာ တွေ့ခဲ့ရသည်။ ကလေးမလေးနှစ်ယောက်ကို ရဲများက ဦးဆောင်ခေါ်သွားရာ မြို့မိမြို့ဖများ ကလေးမလေးနှစ်ယောက်ကို ဝန်းရံပြီး အကာအကွယ်ပေးကြသည်။ ကလေးမလေးနှစ်ယောက်ကို ခဲဖြင့်ပေါက်သူများရှိသော်လည်း မထိမှန်ဘဲ ဝန်းရံသူများကိုသာ ထိမှန်ခဲ့သည်။ ဆိုင်ကယ်ဦးထုပ်များ ဆောင်းထားကြ၍ ဦးခေါင်းမထိခြင်းဖြစ်သည်။

ရဲစခန်းရောက်ချိန်တွင် စခန်းရှေ့မှာ လူစုလူဝေး အတော်များနေပြီဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ မေတ္တာရပ်ခံမှုကြောင့် မြို့မိမြိုဖများက လူစုခွဲပေး၍ မနက်(၁၁း၀၀)အချိန်တွင် လူစုကွဲသွားကြပြီး ဖြစ်သည်။

ရဲစခန်းမှာ လူစုကွဲသွားချိန်တွင် နယူးဝိန့်စိန် ရွှေဆိုင်မှာ လူအုပ်ကြီးအင်အားများလာကာ မွန်းလွဲ(၁း၀၀)ခန့်တွင် စတင် ဖျက်ကြခြင်းဖြစ်သည်။ နယူးဝိန့်စိန် ရွှေဆိုင်နှင့် တော်ဝင်ရတနာ ရွှေဆိုင်၊ ရွှေနန်းတော် ရွှေဆိုင်နှင့် ယွန်းဝတီကျော်ရွှေဆိုင်တို့ အဖျက်ခံရသည်။ အားလုံး သုံးထပ်တိုက် ကြီးများဖြစ်သည်။ မြန်မာပိုင် “တိုင်းချစ်”ရွှေဆိုင်တစ်ဆိုင်လည်း အဖျက်ခံလိုက်ရသည်။ လူအုပ်ကိုကြောက်၍ ထွက်ပြေးသွားပြီး သာသနာ့အလံနှင့် ဘုရားပုံမြင်သာအောင်ချိပ်ခဲ့သော် လည်း တစ်ဝက်ခန့်ပျက်သွားခဲ့သည်။

လုံခြုံရေးများက ဗလီအားလုံးရှေ့မှာ ဒိုင်းများ၊ တုတ်များနှင့် နေရာယူပေးထားပြီး ရဲသုံးဆယ်ခန့်က ဖျက်နေသော နေရာတွင် ရပ်ကြည့်နေကြသည်။ သံဃာများရောက်လာပြီး တစ်ခြား ဘက်လမ်းကြောင်း မပြောင်းရလေအောင် ကာကွယ်စောင့်ရှောက်ကြသည်။ ရဲများနှင့် သံဃာများကို လမ်းကြောင်း ပြောင်းမသွားပါဘူး ကတိပေးပါတယ်။ဟု အော်ပြောကာ တိုက်များကို ဖြိုဖျက်ခဲ့လေသည်။

ထိုအချိန်တွင် မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်း ဟံဇားရွာမှ အသက်(၄၀)ဝန်းကျင်ရှိ ရဟန်းတော်တစ်ပါး ဆိုင်ကယ်ဖြင့် လာသည်ကို ဒဟတ်တန်း မူဆလင်ရပ်ကွက်မှ ဓားဖြင့်ခုတ်လိုက်ရာ နားရွက်အထက် နောက်စေ့ ခုတ်မိပြီး လဲကျသွားသည်။ ဆိုင်ကယ်မောင်းလာသူက တောင်းပန်သော်လည်း လုံးဝမရဘဲ ဗလီထဲစွဲယူသွားကာ အက်ဆစ်နှင့်ပက် ဓာတ်ဆီနှင့်လောင်းပြီး မီးရှို့သတ်ပစ်လိုက်ပါသည်။ ကားကြီးဝန်းလမ်းဆုံ လမ်းမကြီးပေါ်တွင် သွေးကွက်နှင့် သင်္ကန်းသာ ကျန်ခဲ့သည်။

ဘုန်းကြီးတစ်ပါး မီးရှို့အသတ်ခံရသည့် သတင်းပျံ့သွားသည့် အခါ လူစုကွဲစ ပြုနေသော လူအုပ်ကြီးသည် ဒဟတ်တန်း မူဆလင်ရပ်ကွက်သို့ ချီတက်တိုက်ခိုက်ကြပြန်ရာ မြို့မဗလီ မီးလောင်ပျက်ဆီးသွားသည်။ မူဆလင်များက မြန်မာအိမ်များကို အပြန်အလှန် မီးရှို့ကြပြီး ဒဟတ်တန်းရပ်ကွက်သည် မူဆလင်ရပ်ကွက်ဖြစ်ရာ ကျွံဝင်လာသော မြန်မာများ အထိနာခဲ့သည်။ ဆေးရုံတွင် ဒဏ်ရာရ (၁၆)ယောက်တွင် သုံးယောက်ပြင်းထန် ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။ မူဆလင်(နှစ်ယောက်လည်း) ဆေးရုံတက်ကုသနေရသည်။ မြန်မာတစ်ယောက် ဆေးရုံမှာ ထပ်မံသေဆုံးသွားပြီး ကုလားဗမာ ခွဲခြားမရသော မီးလောင်အလောင်း တစ်ခုကို ကုလားရွာမှ ရရှိခဲ့သည်။

ထိုသို့ အပြန်အလှန် တိုက်ခိုက်နေချိန်တွင် မူဆလင်တစ်ယောက်က ဆယ်ဘီးကားဖြင့် လိုက်တိုက်နေ၍ မြန်မာတစ်ယောက်က လေးခွဖြင့် ပစ်လိုက်ရာ မျက်စိထိမှန်သွားပြီး တိုက်တစ်လုံးကို ဝင်ဆောင့်ပြီး ရပ်သွားခဲ့သည်။ လူအုပ်ကြီးက ယဉ်မောင်းကို ဆွဲချပြီး မီးရှို့ပစ်လိုက်ကြသည်။ ၄င်းသည် မိတ္ထီလာဆေးရုံမှ မန္တလေးသို့ အသွားတွင် အသက်ရှူရပ်သွား၍ ၄င်းကို ခေါ်လာခဲ့ရပြီး ည(၁း၀၀)ခန့် ရောက်မှ ဆုံးသွားခြင်းဖြစ်သည်။

ည(၈း၀၀)ကျော်မှ (၉း၀၀)ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး (၁၀း၀၀)နာရီရောက်မှ ပြီးဆုံးသွားခဲ့သည်။ ၁၄၄-အမိန့်ကိုလည်း မြို့ထဲလှည့် ကြေညာခြင်း၊ လုံခြုံရေးတပ်ရင်းများ အုပ်စီးမိသွား ခြင်းကြောင့် ပြီးဆုံးသွားခြင်း ဖြစ်သည်။

မူဆလင်များသည် အမျိုးသမီးများ၊ ကလေးသူငယ်များ အဖိုးအဖွားများကို တင်ဆောင်ကာ ကားတန်းကြီးဖြင့် တောင်ကြီးဖက်သို့ ဦးတည်မောင်းသွားကြကြောင်း သိရသည်။ (၁၀း၃၀)ကျော်တွင် မြန်မာရပ်ကွက်ရှိ ဗလီများအားလုံးနီးပါး မီးရှုံ့ခံရပြီး မူဆလင်ရပ်ကွက်နှင့် ကျေးရွာများမှာ ပုံမှန်အနေအထား အတိုင်းသာ တည်ငြိမ်လျက်ရှိပါသည်။

မိတ္ထီလာတွင် ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ရမည်းသင်း၊ တောင်ငူစသော မြန်မာပြည် အနှံ့အပြားမှ ထွက်ပြေးလာသူများ ခြေချလျက်ရှိကြောင်း၊ ငွေကျပ်တစ်သိန်းရှစ်သောင်းတန်ကို ငါးသောင်းဖြင့် ဈေးဖြတ်ရာမှ စခဲ့ကြောင်း၊ တစ်ခြားဆိုင်မှ ရွှေထည်မဟုတ်ဘဲ ကိုယ့်ဆိုင်မှ ရွှေထည်ကိုပင် ဈေးနှိမ်ခြင်း၊ မောက်မာခြင်း၊ အုပ်စုဖွဲ့ရိုက်ခြင်းများ ပြုလုပ်ရာမှ စခဲ့ကြောင်း၊ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှုံ့ခံရ၍ သေဆုံးရာမှ ဗလီများသို့ လမ်းကြောင်းပြောင်းသွားခြင်း ဖြစ်ကြောင်း၊ ရွှေပြန်ရောင်းသည့် မိသားစုသည် မနက်ဖြန်အလှူပေးဖို့ ငွေလိုအပ်၍ လာရောက်ရောင်းချင်ခြင်း ဖြစ်ကြောင်း၊ ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဖြစ်ကြောင်း၊ အသတ်ခံရသည့် ဘုန်းကြီးသည်လည်း နက်ဖြန်အလှူတွင် လှူဒါန်းရန် တရားစာအုပ်များ လာဝယ်ခြင်းဖြစ်ကြောင်း ဝမ်းတွင်း ဟံဇားရွာမှ ဖြစ်ကြောင်းသိရသည်။

by Wira Thu (Notes) on Thursday, March 21, 2013  
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ

"အယူသီးတိုက်ဖျတ်ရေးနှင့် ဦးကျော်သူ၏ စာပေဟောပြောပွဲ (သတင်း-ဓာတ်ပုံ)"

$
0
0
၂ဝ၁၃ ခုနှစ်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ အယူသီးမှုတိုက်ဖျက်ရေး ခရီးစဉ်များအဖြစ် ပြည်တွင်း/ပရှိ လူမှုရေးအသင်းအဖွဲ့များ၏ ဖိတ်ကြားချက်များဖြင့် (1st Break Out လူမှုရေးဟောပြောပွဲ) ခရီးသွားနှစ်ဖြစ်ပေသည်။ အထက်မြန်မာပြည် မန္တလေးတိုင်းသို့ ၅.၁.၂ဝ၁၃ ရက်နေ့မှ ၈.၁.၂ဝ၁၃ ရက်နေ့အထိ၎င်း၊ တောင် ကြီးမြို့သို့ ၉.၁.၂ဝ၁၃ ရက်နေ့မှ ၁ဝ.၁.၂ဝ၁၃ ရက်နေ့အထိ၎င်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ၁၉.၁.၂ဝ၁၃ ရက်နေ့မှ ၂၈.၁.၂ဝ၁၃ ရက်နေ့အထိ လူမှုရေးဖိတ်ကြားချက်များအရ သွားရောက်၍ လူမှုရေး ဟောပြောပွဲများ ဟောပြောခဲ့သည်။ ၅.၂.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သားများသည် ဗြဟ္မစိုရ်နှလုံးသားဖြင့် ဒုတိယအကြိမ်အဖြစ် ညောင်ဦး၊ မန္တလေး၊ ပြည်မြို့များသို့ ခရီးနှင်ရန် ဖန်လာပြန်သည်။ ၄င်းခရီးစဉ်သည် ရေရှားပါးသည့် ကျေးရွာများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကူအညီတောင်းခံစာများ ပေးပို့ထားသည့်အပေါ် ကွင်းဆင်း၍ လေ့လာမှုများအားတပါးတည်း လုပ်ဆောင်ရန်တာဝန်များနှင့် လူမှုရေး ဟောပြောပွဲခရီးစဉ် ပူးပေါင်း၍ ထွက်လာခဲ့သည်။











နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရွှေစင်စင်္ကြာ ခရီးသွားလုပ်ငန်းမှ ပရဟိတ လူမှုအကျိုးပြု ဇာတ်ကားရိုက်ကူးရန်အတွက် အလှူငွေလှူဒါန်းထားရှိသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ အဖြစ် ရိုက်ကူးနိုင်ရန်အတွက် ဇာတ်ညွန်းနှင့် ဒါရိုက်တာ နာရေးကူညီမှုအသင်း(ရန်ကုန်) အလုပ်အမှု ဆောင် ဖြစ်သူ ဦးမြတ်ဆွေ (ခ) မိုးခြိမ်းညံ သည် ဇာတ်လမ်းရေးဖွဲ့ရန် ခရီးစဉ်တွင်လိုက်ပါခဲ့သည်။ ၅.၂.၂ဝ၁၃ ရက်နေ့တွင် ပြည်မြို့၊ ရွှေပေါက်ပင်တောရကျောင်းတိုက် သို့ နေ့လည် (၁းဝဝ) နာရီ အချိန်တွင် ရောက်ရှိပြီး ခဏတာ အနားယူပြီးသည့်နောက် ညပိုင်းတွင် ညောင်ဦးသို့ ခရီးဆက်ခဲ့သည်။ ညောင်ဦးသို့ ၆.၂.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြပြီး ညောင်ဦးဒေသတစ်ဝိုက်ရှိ ရေရှား ပါးသည့် ကျေးရွာများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရေတွင်းတူးဖော်ရန် အကူအညီတောင်းခံ ထားသည့် သဲပြင်တော၊ ကံကြီးကုန်း (တောင်/မြောက်)၊ ကက္ကိုကူတောင်၊ ဇီးအို၊ ကက္ကိုလ်တောင်ခွင် အစရှိသည့် ကျေးရွာများသို့၎င်း၊ ၇.၂.၂ဝ၁၃ ရက်နေ့တွင် အဖွဲ့(၁)သည် ကုန်းပေါ်နက်၊ စိုင်ကန်၊ ကဗြူး၊ ကူတော၊ မြောက်ကုန်း၊ ဆင်လူး၊ တောရွာ၊ ခွေးပြုတ် အစရှိသည့် ကျေးရွာများသို့၎င်း၊ အဖွဲ့(၂)သည် ရေတွင်းညောင်ပင်၊ ညောင်ကြီး၊ ကံစောင်း၊ ယမ်းဆမ်း၊ သပွတ်စု၊ မုန်တိုင် အစရှိသည့် ကျေးရွာများသို့၎င်း အသီးသီး ကွင်းဆင်းလေ့လာခဲ့ကြသည်။ ၉.၂.၂ဝ၁၃ ရက်နေ့ တောင်သာမြို့နယ်၊ ဇဂျမ်းအုပ်စု၊ “ကျောင်း အိုရွာလူမှုကူညီရေးအသင်း” သို့သွားရောက်ခဲ့ပြီး ပရဟိတလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြု ခြင်း၊ ရသစ်ရွာ၊ “အေးသုခနာမှုကူညီမှုရေးအသင်း” စာကြည့်တိုက် အောင်မြင်ရေးအတွက် လမ်းညွှန်အကြံ ပြုခဲ့ကြပြီးနောက် ကဗျာဆရာကြီး ဦးတင်မိုး၏ ဇာတိရပ်ရွာရှိ ဆရာကြီး ဦးတင်မိုး ငယ်စဉ်ဘဝ ပညာသင်ကြားခဲ့သော စာသင်ကျောင်းသို့ ဝင်ရောက်ကာ လက်ရှိကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ဆုံနှုတ်ဆက် စကားပြောကြားကာ ဆရာကြီး ဦးတင်မိုး နေထိုင်ခဲ့သော နေအိမ်သို့ဝင်ရောက်၍ ဆရာကြီး၏ မိသားစု ဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ယင်းနောက် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ၁ဝ.၂.၂ဝ၁၃ ရက်နေ့တွင်ရောက်ရှိခဲ့ပြီး တောင်စလင်းတိုက်သစ် ဆရာတော်ဦးတိက္ခ၏ ကျောင်းတိုက်တွင် ခဏတာနားနေပြီး “လောကပါလ နာရေးစုပေါင်းကူညီဆောင်ရွက်မှုအသင်း” နှင့် “ဗိသုကာ လူမှုကူညီရေး အသင်း” တို့နှင့်အတူ ဈာပနလမ်းကြောင်း (၂) ကြောင်းအား ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင် ကူညီပေးခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် မေမြို့၊ ပြင်ဦးလွင်သို့ ခရီးဆက်ခဲ့ပြီး ၁၁.၂.၂ဝ၁၃ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ “သန္တိသုခ နာရေးကူညီမှုအသင်း” သို့ဝင်ရောက်၍ လေ့လာခြင်း၊ မန္တလေး၊ ပုသိမ်ကြီး မြို့နယ်၊ ကြာနီကန်၊ “ကျန်းမာသုခ လူမှုကူညီရေးအသင်း” ရုံးခန်းဖွင့်ပွဲနှင့် လူနာတင်ယာဉ် ပေးအပ်ပွဲသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ည (၇းဝဝ) နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ “လောကပါလ နာမှုကူညီရေးအသင်း” စာပေဟောပြောပွဲ အခမ်းအနားသို့၎င်း၊ ၁၂. ၂.၂ဝ၁၃ ရက်နေ့တွင် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်၊ သီရိမင်္ဂလာသရက်တောကျောင်း တိုက်ရှိ “ရွှေကြေးစည် လူမှုကူညီရေးအသင်း” စာပေဟောပြောပွဲသို့၎င်း၊ ၁၃.၂.၂ဝ၁၃ ရက်နေ့တွင် မန္တလေး၊ ကံတက်ကုန်း၊ မစိုးရိမ်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် “ဗိုလ်ချုပ်မွေးနေ့ သွေးလှူဒါန်းပွဲနှင့် တေးကဗျာ ရွတ်ဆိုပြိုင်ပွဲ” သို့တက်ရောက်၍ ဥက္ကဋ္ဌ ဦးကျော်သူမှ သွေးလှူဒါန်းခဲ့ပြီး ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ချီတက်လမ်းလျှောက်ကြသော လူငယ်အဖွဲ့များနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ဒုတိယအကြိမ် အလှူငွေ သိန်း (၂ဝ) ကျပ်တိတိနှင့် အသင်း၏အမှတ်တံဆိပ်ပါ ဦးထုပ်အလုံး (၃ဝ) လှူဒါန်းခဲ့သည်။ (ပထ မအကြိမ်တွင် အလှူငွေ (၁ဝ) သိန်းကျပ်တိတိအား ပဲခူးမြို့တွင် လှူဒါန်းခဲ့ပြီးဖြစ်သည်။)

နေ့လည်ပိုင်း၌ ၄င်းကျောင်းတိုက်တွင် ကျောင်း သား/သူများတို့မှ ဗိုလ်ချုပ်မွေးနေ့ တေးကဗျာရွတ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်၍ ဆုငွေများ ချီးမြှင့် ပေးအပ်ခဲ့သည်။ ည (၇းဝဝ) နာရီအချိန်တွင် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင် ကွက်သစ် “နာမှုကူညီ ရေး(လူငယ်)အသင်း” (၂) နှစ်ပြည့် စာပေဟောပြောပွဲသို့၎င်း၊ ၁၄.၂.၂ဝ၁၃ ရက်နေ့ နံနက် (၆း၃ဝ) နာရီ အချိန်တွင် မဟာမြတ်မုနိဘုရားကြီးတွင် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ချီတက်လမ်း လျှောက်ကြသော အဖွဲ့များနှင့်အတူ အောင်မြေနင်း၍ မေတ္တာပို့သဆုတောင်း ခြင်း၊ ဂျိုးဖြူငှက်များလွှတ်ခြင်း တို့ပြုလုပ်ခဲ့သည်။ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်း ရပ်ကွက်နေ ဦးစိုးဝင်း + ဒေါ်ညလေးငယ်တို့၏ “(၁ဝ) နှစ်ပြည့် မင်္ဂလာအထိမ်းအမှတ်နှင့် ညလေးငယ် ပွဲထိုင် လက်ဝတ်ရတနာ၊ ပိုးထည်တိုက်၊ ပန်းကမာ အလှနန်းတော် Shopping Centre” ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၅) သိန်းကျပ်၊ ဦးကျော်သူ၏ လူမှုရေးဟောပြောပွဲ ခရီးစရိတ်အဖြစ် အလှူငွေ (၅) သိန်းကျပ်တို့အား လှူဒါန်းပေးအပ်ခဲ့ရာ ယင်းလူမှုရေးဟောပြောပွဲ ခရီးစရိတ် အလှူငွေကျပ် (၅) သိန်းအား ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသော အခါ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ ခရီးသွားအဖွဲ့သားများ၏ ဆန္ဒဖြင့် ပြန်လည်လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းမြို့မှ အပြန်လမ်းခရီးတွင် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ချီတက်လမ်းလျှောက် သည့် လူငယ်အများနှင့် ထပ်မံတွေ့ဆုံခဲ့ကြပြီး လက်ပြ နှုတ်ဆက် အားပေးခဲ့သည်။ သပြေသာကျေးရွာရှိ “ရွှေသပြေသာ လူမှုကူညီရေးအသင်း”သို့၎င်း၊ ည (၇း၃ဝ) နာရီအချိန်တွင် အလ္လကပ္ပကျေးရွာ “ကလျာဏ ကာရီ လူမှုကူညီရေးအသင်း” ၏ စာပေဟောပြောပွဲ သို့၎င်း၊ ၁၅.၂.၂ဝ၁၃ ရက်နေ့တွင် မန္တလေး၊ ချမ်းမြ သာစည်မြို့နယ်၊ “ချမ်းမြသီတာ လူမှုကူညီရေးအသင်း”၏ စာပေဟောပြောပွဲသို့၎င်း၊ ည (၉း၃ဝ) နာရီ အချိန်တွင် အမရပူရမြို့နယ်၊ ဆောက်တောဝရွာ “မိဘမေတ္တာ လူမှုကူညီရေးအသင်း”၏ စာပေဟောပြော ပွဲသို့၎င်း အသီးသီး တက်ရောက်ဟောပြောခဲ့ပြီး ပြည်မြို့သို့ ခရီးဆက်ခဲ့တော့သည်။ ၁၆.၂.၂ဝ၁၃ ရက်နေ့တွင် ပြည်မြို့တွင်ကျင်းပပြုလုပ်သော “မဟာဇေကျုံပညာဒါစီမံကိန်း (၅) နှစ် ပြည့် အထိမ်းအမှတ်” စာပေဟောပြောပွဲသို့၎င်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၂) နှစ်တာ ပေးဆပ် လုပ်ဆောင်မှု မှတ်တမ်းများအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခြင်း၊ သေခြင်းတရားသည် ကြီးငယ် ဟူ၍ မရှိ။ အဆိုတော် ဟယ်ရီလင်း၊ ဒါရိုက်တာကြီး ဦးတင်ယု၊ ဟာသ သရုပ်ဆောင် မော့(စ်) တို့သည်လည်း သေမင်း၏ ခေါ်ဆောင်မှုနောက်သို့ လိုက်ပါသွားခဲ့ကြသည်။ မည်သူမျှ ပြေးမလွန်နိုင်ကြောင်း၊ အနိစ္စတရား အား မမေ့မလျော့ကြရန်နှင့် လူသားချင်းစာနာစိတ်မွေးမှသာ ငြိမ်းချမ်းရေးကို ရမည်ဖြစ်ကြောင်း၊ ပရဟိတ အသင်းအဖွဲ့များ လူမှုရေးသမားများ အချင်းချင်းစည်းလုံးညီညွတ်ကြရန် အရေးကြီးကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဖ.ဆ.ပ.လ ညီလာခံမိန့်ခွန်း၌ ပြောကြားခဲ့သည့် “ဗြဟ္မစိုရ်တရားကို အခြေပြုသော လူအများ ကောင်းစားရေးဝါဒ မပြန့်ပွား မစည်ကားသ၍ ကာလပတ်လုံး ကျွန်ုပ်တို့ ဤကမ္ဘာမြေပေါ်မှာ အထွေထွေသော ကပ်ကြီးများ ဆိုက်ရောက်လျှက်ပင် ရှိပေလိမ့်မည်။” ဟူသည့် စကားရပ်၊ မိမိကိုယ့်ကို ကြည်ညိုနိုင်အောင် ကြိုးစားကြရန်နှင့် ပရဟိတ မျိုးဆက်သစ်လူငယ်များအား ကြိုဆိုနေရာ ပေးကြရန် ဟောပြောခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ အယူသီးမှုတိုက်ဖျက်ရေး (1st Break Out လူမှုရေးဟောပြောပွဲ) ဒုတိယအကြိမ်မြောက် ဗြဟ္မစိုရ်ဟောပြောပွဲခရီးစဉ်အား အစစ အရာရာ စီစဉ် ဆောင်ရွက် ကူညီပံ့ပိုးပေးခဲ့ကြသော ဒေသခံလူမှုရေးအသင်းအဖွဲ့များမှ လူမှုရေးသမားများ၊ တက်ရောက် အားပေးခဲ့ကြသော ပြည်သူလူထုများ၊ ခရီးစဉ်အား အဆင်ပြေချောမောစွာ သွားလာနိုင်ရန်အတွက် ကူညီ ပေးခဲ့သော ရွှေစင်စင်္ကြာ အဆင့်မြင့်ခရီးသွားလုပ်ငန်းနှင့် ကျေးဇူး တင်ထိုက်သူများအားလုံးတို့အား ကျေးဇူးဥပါကာရတင်ရှိပါကြောင်း ဒုတိယအကြိမ်မြောက် ဟောပြောပွဲခရီးစဉ်အား အောင်မြင်စွာ အဆုံး သတ်ခဲ့သည်။ 
ဦးကျော်သူ၏ Face Book Pageမှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ

"သတိထားဖွယ်ရာ ကုသိုလ်အလုပ်များ တားမိရင်"

$
0
0

ကုသိုလ်အလုပ်များ တားမိရင် ဆိုတဲ့အကြောင်းလေးဟာ လူတိုင်းလူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါ။ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်တွေကို တားမိသလို ဖြစ်မသွားမိဖို့ အင်မတန်မှလည်း သတိထား လုပ်ကိုင်သင့်ပါတယ်။ လူတွေက ထင်ကြပါ့မယ်..။ ကုသိုလ်လုပ်တာများ.. ဘာလို့တားရမှာလဲ.. မတားပါဘူးလို့ ပြောကြမယ် ထင်ပါတယ်။ တစ်ချို့ကျတော့လည်း.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်ကို သိသိကြီးနဲ့ မလုပ်ဖြစ်အောင် တားဆီးကြတာရှိသလို.. မသိလို့ တားမိသလို ဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့တွေအများစုဟာ မိသားစုရဲ့ အဝေးမှာရောက်ရှိနေပြီး အပေါင်းအသင်းတွေနဲ့ ပေါင်းစုနေထိုင်ရတဲ့အတွက် ပိုပြီးတော့ သတိထားသင့်ပါတယ်..။ ကိုယ့်ကုသိုလ်အလုပ်ကို ကိုယ်တိုင်မလုပ်တာဟာ ဘာမှမဖြစ်ပေမယ့်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်ကို တားမိသလို ဖြစ်သွားတာကျတော့ အင်မတန်မှ ဆိုးရွားပါတယ်နော်..။ ဒါမလို့လည်း မဖြစ်မိအောင် ဆင်ခြင်စေလိုတာပါ။

မထင်မှတ်တဲ့ အသေးအဖွဲ အရာလေးတွေဟာ သတိမထားလိုက်မိတဲ့အခါမှာ သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေ တားမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ အတူနေသူငယ်ချင်းတွေ ရှိတဲ့အခါ ပိုပြီးသတိထားသင့်တဲ့ အရာလေးပါ။ သူငယ်ချင်းတစ်ယောက် တရားခွေလေးဖွင့်ပြီး နာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ ကိုယ်က ကက်ဆက်အကျယ်ကြီး ထဖွင့်လိုက်တာတို့.. အော်ဟစ်ဆူညံစွာ ပြောဆိုနေတာတွေဟာ.. တကယ်တော့ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်တွေကို တားရာရောက်ပါတယ်။ သူတစ်ပါး တရားနာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ သူတစ်ပါးကို စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်လိုက်တာဟာ သူရရှိမဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်တရားတွေကို မရရှိအောင် တားလိုက်သလို ဖြစ်တတ်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်အချိန်မှာ တရားရမယ်.. ဘယ်အချိန်မှာ တရားမရဘူးဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် ဘယ်အချိန်မဆို သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေကို မတားမိစေဖို့ လိုအပ်ပါတယ်။ သူတစ်ပါးရဲ့ ကုသိုလ်ကို နှောက်ယှက်ခဲ့တဲ့ကံတွေဟာ ကိုယ့်အလှည့်ကျရင်လည်း တရားအားထုတ်လို့ တရားရတော့မယ့်အချိန်မှာ အနှောက်အယှက် အဖျက်အစီးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒ့ါကြောင့်မလို့လည်း သတိထားစေချင်တာပါ။

နောက်တစ်ချက်ကတော့ သူတစ်ပါးတွေရဲ့ ဒါနကုသိုလ်တွေကို တားမိတဲ့ အတွက် နောက်ဘ၀ရောက်တဲ့အခါမှာ ပါးစပ်ပေါက်မပါတဲ့ပြိတ္တာ ဖြစ်သွားရတဲ့ အကြောင်းအရာလေးပါ။ နှမြောတွန့်တိုတဲ့သူတွေ သတိထားရမယ့် အကြောင်းအရာလေးပါပဲ။ အဖွားကြီးတစ်ယောက်ဟာ ကိုယ်တိုင်အလှူဒါနမပြုသလို သူရဲ့ မြေးတွေ သားတွေသမီးတွေလှူရင်လည်း မလှူဖို့ အမြဲတားတတ်ပါတယ်။ အဲ့လိုမျိုး သူတစ်ပါးအလှူကို တားတဲ့အတွက် သေလွန်တဲ့အခါမှ သူ့မှာရှိတဲ့ ဥစ္စာပစ္စည်းတွေ စွဲလမ်းပြီးသေလွန်တဲ့ အတွက် ပြိတ္တာဖြစ်ရပါတယ်။ ပြိတ္တာဖြစ်ယုံတင် မဟုတ်ပါဘူး.. သူတစ်ပါးလှူမယ့် အလှူဒါနကို တားစီးခဲ့တဲ့ကံကြောင့်လည်း ပါးစပ်ပေါက်မပါတဲ့ ပြိတ္တာဖြစ်ခဲ့ရပြန်ပါတယ်။ ဘယ်သူက အမျှဝေေ၀ သာဓုခေါ်ခွင့်မရတဲ့ အခြေအနေဖြစ်သွားရတာပါ။ ဒီအကြောင်းအရာလေးဟာ တကယ်တော့ သူတစ်ပါးရဲ့ အလှူကို မလှူဖြစ်အောင်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်ကို မလုပ်ဖြစ်အောင် တားခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်ရတဲ့ အကြောင်းအရာလေးပါ။ ဒီဖြစ်ရပ်မှန်အကြောင်းအရာလေးဟာ လူတိုင်း သတိထားသင့်တဲ့ အရာလေးပါပဲ။

နောက်တစ်ချက်ကတော့.. သူတစ်ပါးရဲ့ ကုသိုလ်ပြုခွင့်ကို တားခဲ့တဲ့အတွက်.. ရဟန်းဘောင်မှာ ကြုံတွေ့ခံစားရတဲ့ အကြောင်းအရာလေးပါ။ ယခုမျက်မှောက်ခေတ်က အကြောင်းအရာပါ။ လူတစ်ယောက်ဟာ သာသနာ့ဘောင် ၀င်ရောက်ဖို့ ရဟန်းခံပြီး သင်္ကန်းဝတ်မယ်ဆိုတဲ့အချိန်မှာ ခဏတာပဲ သင်္ကန်းဝတ်ခွင့်ရပြီး ကြာလာတဲ့အခါမှာ သင်္ကန်းဝတ်ရင်း ခန္ဓာကိုယ်တွေ ပူချစ်လာပြီး သင်္ကန်းဝတ်မရဖြစ်တာ.. သူတစ်ပါးထဲအတွက် ဆွမ်းဟင်းတွေဟာ မကောင်းတဲ့ အနံ့အသက်တွေ ထွက်နေပြီး ဆွမ်ဘုန်းပေးလို့မရ ဖြစ်တာတွေ ဖြစ်လာပါတယ်။ ရဟန်းဝတ်ချင်ပေမယ့် ရဟန်းဝတ်ခွင့်မရတာဟာ အရင်ဘ၀က သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တဲ့ အတွက်ပါ။ ဒီအကြောင်းအရာလေးဟာ အင်မတန် သတိထားသင့်ပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာလေးဟာ.. ယခုခေတ် မိဘတွေအတွက် သတိထားစရာ အချက်လေးပါ။ ယခုခေတ် ရဟန်းဘောင် ၀င်ရောက်ချင်တဲ့ လူငယ်တွေ သတိထားပြောသင့်တဲ့ အရာလေးပါ။ ရဟန်းဘောင်ဝင်မယ်ဆို မိဘတွေရဲ့ခွင့်ပြုချက်ရမှ ၀င်လို့ရတာပါ။ ဒီတော့.. မိဘတွေကို အရင်ဆုံး ခွင့်တောင်းမှဖြစ်ပါမယ်။ ဒီလိုခွင့်တောင်းတဲ့အခါမှာ မိဘတွေက အတင်းတားမယ်.. မ၀င်ပါနဲ့လို့ ပြောမယ်ဆိုရင်.. ဒါဟာ သူတစ်ပါးရဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရမယ့် အခွင့်အရေးတွေ.. တရားထူးရမယ့် အခွင့်အရေးတွေကို တားဆီးရာ ရောက်ပါတယ်။ သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားတာဖြစ်တဲ့အတွက် တားမိတဲ့သူတွေဟာ.. နောက်ဘ၀ရောက်ရင် သင်္ကန်းဝတ်ခွင့်.. ရဟန်းဝတ်ခွင့် ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး.. ဒါ့ကြောင့် ဒီအချက်လေးကို အထူးမှာလိုပါတယ်။ လူငယ်တွေဘက်ကလည်း ကိုယ်ဖြစ်ချင် ကိုယ်လုပ်ချင်တဲ့ ဆန္ဒတွေကိုကြီးမကြည့်ပဲနဲ့ မိဘတွေ သဘောတူမတူကို အရင်စဉ်းစားပြီး ပြောဆိုလုပ်ဆောင်သင့်တယ်လို့ အကြံပေးလိုပါတယ်..။ ဒီလိုမှ မဟုတ်ရင် ကိုယ့်အပေါ်မူတည်ပြီး ကိုယ့်ရဲ့မိဘတွေပါ နောက်ဘ၀တွေကျရင် ရဟန်းခံခွင့် ရဟန်းဝတ်ခွင့်မရ ဖြစ်သွားတတ်ပါတယ်။ ဒီအကြောင်းအရာလေးကို လူငယ်တွေရော လူကြီးတွေရော အထူးအလေးနက်ထား သိစေချင်ပါတယ်။

အဓိကအနေနဲ့ပြောလိုတာကတော့ သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်ကို မတားမိစေဖို့ကို ပြောလိုတာပါ။ အမှတ်တမဲ့ သတိလက်လွတ်ပြောလိုက်တဲ့ အကြောင်းအရာလေးတွေဟာ သူတစ်ပါးအတွက် ကုသိုလ်လုပ်ခွင့်ကို တားသလိုဖြစ်သွားရင် ကိုယ့်အတွက် တရားရခွင့်တွေကို ကိုယ်ကိုယ်တိုင် လိုက်လံတားဆီးပြစ်ရာ ရောက်ပါတယ်။ ဒါ့ကြောင့်လည်း ဘယ်စကားပဲပြောပြောဘာအလုပ်ပဲလုပ်လုပ် သတိလေးနဲ့ အမှားမပါအောင်.. သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်တွေ မတားဖြစ်အောင် ပြောဆိုလုပ်ကိုင်စေလိုတာပါ။ ကိုယ်ကိုတိုင် ကုသိုလ်တွေ လုပ်နေယုံနဲ့ မပြီးသေးပါဘူး.. ကိုယ့်ကြောင့်လည်း သူများတွေမှာ ကုသိုလ်တွေ လုပ်ခွင့်ရအောင်.. အကုသိုလ်တွေ ပယ်ဖျောက်ခွင့်ရအောင် လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။ သူများတွေရဲ့ ကုသိုလ်တရားတွေကို မပိတ်ပင် မတားဆီးမိအောင် သတိထားလုပ်ကိုင်နိုင်ပြီးတော့ ကိုယ်တိုင်လည်း တရားထူးတရားမြတ်ရရှိအောင် ကျင့်ကြံလုပ်ကိုင်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။
စာရေးသူ။ မောင်ကောင်း (Face book page)
(ဓမ္မမေတ္တာပို့မှ ကူးယူဖော်ပြခြင်းဖြင့် ဓမ္မဒါနပြုပါသည်)
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"ဝမ်းနည်းဖွယ် မိတ္ထီလာအဓိကရုဏ်းအတွင်း ပျံလွန်တော်မူသော ဦးပဉ္စင်း၏ဖြစ်ရပ်"

$
0
0

 (ဦးသောဘိတ သတင်းသုံးတော်မူတဲ့ သိမ်ကျောင်းဆောင်မှာ ချိတ်ဆွဲထားသော ဦးသောဘိတ၏ ပုံ)
 ၂၀-၃-၂၀၁၃-ညနေ ငါးနာရီခန့်မှာ ကျဆုံးခဲ့ရရှာသော ဦးပဉ္စင်းကြီး ဦးသောဘိတသည် သာစည်မြို့နယ်၊ ဟံဇားအုပ်စု၊ ဟံဇားကျေးရွာ၊ မိုးကောင်းကျောင်းတိုက်မှာ သတင်းသုံးနေထိုင်သူ ဖြစ်ပါသည်။
          သက်တော်(၄၅)နှစ်အရွယ်၊ သိက္ခာ(၂)ဝါ၊ တောထွက် ဦးပဉ္စင်းကြီး ဖြစ်ပါသည်။ ၄င်းသည် သဲတောမြို့ အရှေ့ဘက် ဒုန်းကုန်းရွာဇာတိ ဖြစ်ပြီး၊ ဦးမြရင်+ဒေါ်အိတို့၏သား ဖြစ်ပါသည်။ ငယ်စဉ်က သဲတောမြို့ မြနှင်းဆီစာသင်တိုက်မှာ ပထမငယ်တန်း အောင်မြင်သည်အထိ ရှင်သာမဏေဘဝဖြင့် ပညာဆည်းပူးကာ လူဝတ်လဲသွားခဲ့ခြင်း ဖြစ်ပါသည်။
          လူအမည်မှာ မောင်တင်ထွန်း ဖြစ်ပါသည်။ ဟံဇားရွာ မိုးကောင်းကျောင်း ဆရာတော်ဦးပဏ္ဍိစ္စသည် ကွယ်လွန်သူ ဦးသောဘိတနှင့် သဲတော်မြို့ မြနှင်းဆီစာသင်တိုက်မှာ စာသင်ဘက် သူငယ်ချင်းဖြစ်ပါသည်။ ဦးသောဘိတသည် ဇနီး ဒေါ်…..နှင့် သားတစ်ယောက်  သမီးတစ်ယောက် ထွန်းကားခဲ့ပါသည်။ ၄င်းသည် သူငယ်ချင်းဖြစ်သူ ဦးပဏ္ဍိစ္စထံ လာရောက်ရဟန်းခံသည်မှာ (၂)နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး၊ ၂၀-၃-၂၀၁၃-ရက်နေ့ ညနေ(၄း၃၀)ခန့်တွင် ကလေးသူငယ်လေးများ ယဉ်ကျေးလိမ္မာ သင်တန်းအတွက် စာအုပ်လိုအပ်နေ၍ မိတ္ထီလာသို့ စာအုပ်လာဝယ်ခြင်း ဖြစ်ပါသည်။ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကလေးငယ်(၂၀၀)ကျော်ရှိပြီး (၃၈)ဖြာမင်္ဂလာ စာအုပ်က (၁၃၀)သာရှိသောကြောင့် သင်တန်းဆင်းသည်နှင့် ချက်ချင်း အရေးပေါ်ဈေးတက် ဝယ်ခြင်း ဖြစ်ပါသည်။

          ဆိုင်ကယ် မောင်းသူမှာ ဦးတင်မောင်ဝင်း(ခ)ကုလား ဖြစ်ပြီး၊ ၄င်း၏(၄)နှစ်အရွယ် သမီးလေးကလည်း ယဉ်ကျေးလိမ္မာသင်တန်းတက်နေသည့် အပြင် ဦးသောဘိတသွားလေရာ ဦးတင်မောင်ဝင်း(ခ)ကုလား အသက်(၄၀)ကို ခေါ်သွားလေ့ရှိကြောင်း သိရပါသည်။
          ဦးကုလားရော ဦးသောဘိတပါ မိတ္ထီလာမှာ ဖြစ်ပျက်နေသည်ကို လုံးဝမသိရဘဲ ဝယ်နေကျဖြစ်သော မိတ္ထီလာဈေးအနောက်ဘက် “ကျော်ဇောလင်း”ဆိုင်မှာ (၃ဂ)ဖြာ မင်္ဂလာစာအုပ်ဝယ်ဖို့သာ စိတ်ထက်သန်နေ သည်ဟု သိရပါသည်။

          ဦးသောဘိတသည် အနီးအနားသွားလျှင် ဆိုင်ကယ်နောက်ခုံမှာ ဘေးတိုက်ထိုင်စီးလေ့ရှိပြီး၊ မိတ္ထီလာသွားရာတွင် ခရီးဝေးသောကြောင့် နောက်မှ ခွထိုင်စီး၍ သွားခဲ့ခြင်းဖြစ်ပါသည်။
          ညနေ ငါးနာရီခန့် တော်ဝန်နန်းစားသောက်ဆိုင် မီးပွိုင့်အတက်တွင် လမ်းမကြီးဘေး ဝဲဘက်ယာဘက် ပလက်ဖောင်းပေါ်၌ ဓားများ၊ စတီးလ်လုံးများ၊ သံလုံးများ ကိုယ်စီကိုင်ဆောင်ထားသော မူဆလင်လူတန်းရှည် ကြီးကို တွေ့ရှိလိုက်ရာ ဦးတင်မောင်ဝင်း(ခ)ကုလားက “အခြေအနေ မကောင်းဘူး၊ ပြန်လှည့်ရအောင်”ဟု ဦးသောဘိတကို ပြောပါသည်။

                                     (ရင်ခွဲရုံမှ ဦးသောဘိတ၏ ပုံ)
          ဦးသောဘိတက “သူတို့အချင်းချင်း ရန်ဖြစ်တာနေမှာပါ။ ကျုပ်ပါပါတယ်။ ဆက်သာမောင်းပါ”ဟု ပြောဆို၍ ဆက်မောင်းရာ မေတ္တာကားဂိတ်လမ်းမပေါ်တွင် ဖျက်ဆီးခံထားရသော ဆိုင်ကယ်တစ်စီး ကျိုးပဲ့ပျက်စီးနေသည်ကို တွေ့ကြရပါသည်။
          ထုံးအိုးကြီး ကွမ်းယာဆိုင်ဒေါင့်အရောက်တွင် ကောက်ဆွ(ခရင်း)ကြီး ကိုင်ထားသော မူဆလင်တစ်ယောက် ဘယ်ဘက်ပလက်ဖောင်းမှ ဖြတ်ကူးလာသည်ကို ဆိုင်ကယ်မောင်းသူ ဦးတင်မောင်ဝင်း(ခ)ကုလားက ဘက်မှန်ထဲမှ တွေ့မြင်လိုက်ရပါသည်။

          ထိုကောက်ဆွကြီးဖြင့် အားကုန်လွှဲ၍ ရိုက်ချလိုက်ရာ အုံးခနဲ အသံကြီးနှင့်အတူ ဦးသောဘိတ ခန္ဓာကိုယ်က ဦးတင်မောင်ဝင်းပေါ်ကို ပိကျသွားပါသည်။ ဦးတင်မောင်ဝင်းရော ဦးသောဘိတကပါ “သာစည်ကပါ၊ ဟံဇာကပါ၊ စာအုပ်လာဝယ်တာပါ။ ဘာမျှ မသိရပါဘူး။”ဟု တောင်းတောင်းပန်ပန် မေတ္တာ ရပ်ခံခဲ့ကြပါသည်။ ထိုအချိန်တွင် ဆိုင်ကယ်ဘီလှိမ့်ရုံသာ ဖြေဖြေလေးမောင်းထားပါသည်။ ရှေ့တည့်တည့် လမ်းမကြီးပေါ်တွင်လည်း ကုလားအုပ်ကြီးက ပိတ်ဆို့ထားပါသည်။

          ထိုတောင်းပန်နေချိန်မှာပင် ဦးသောဘိတ၏ဘယ်ဘက်နားထင် လေးခွမှန်သွား ပါသည်။ ကျောကုန်းကို တဗုန်းဗုန်း ရိုက်သံကြားနေရပါသည်။ ဓားဖြင့်ခေါင်းကို လွှဲခုတ်လိုက် သည်ကို မြင်လိုက်ရပါသည်။ ဦးသောဘိတ ဘယ်ဘက်ကို ခွေခွေလေး ပြုတ်ကျသွားပါသည်။ ဆိုင်ကယ်ဒေါက်ထောက်ပြီး ဦးသောဘိတကို ပွေ့တင်ပါသည်။ အသက်(၁၃/၁၄)နှစ်အရွယ် ကလေးတစ်ယောက်ပြေးလာပြီး ဦးသောဘိတကို ပွေ့ထူပေးပါသည်။နာရွက် အထက် နောက်စေ့မှ သွေးတွေ ဒလဟော စီးကျနေပြီး တစ်ကိုယ်လုံး ပျော့ခွေနေရာ လုံးဝတင်လို့ မရတော့ပါ။

          ဆိုင်ကယ်ပေါ်တွင် ပွေ့တင်နေစဉ် ဆိုင်ကယ်ကို ဓားနှင့်ခုတ်၊ ခြေနှင့်ဆောင့်ကန်ရာ ရှေ့ဘီး တာယာ ပျက်စီးသွားပြီး၊ လက်ကိုင်နှင့် ရှေ့ပိုင်းလည်း ဓားထိသွားပါသည်။ ဆိုင်ကယ်လည်း လဲကျသွားပါသည်။ ဦးတင်မောင်ဝင်း လှည့်ကြည့်စဉ် ကောက်ဆွကြီးနှင့် ပထမဦးဆုံးရိုက်သည့် ကုလားကြီးက ငါးဂါလံဆံ့ အဝါရောင် ပုံးတစ်ပုံး ထမ်းလာရင်း “မီးရှို့မီးရှို့”-ဟု အော်ပြေး လာသည်ကို တွေ့လိုက်ရပါသည်။

          ထိုစဉ် “ဒကာကြီးလွတ်အောင်ပြေး”ဟု ဦးသောဘိတက အားကုန်အော်ပြောပါသည်။ ဦးသောဘိတကို ပွေ့ထူဖို့လာသော ဘောင်းဘီတို ဝတ်ထားသော ကလေးလေးကလည်း “ဦးလေးပြေးတော့ ပြေးတော့”ဟု အော်ပြောပါသည်။
          ဦးသောဘိတအား သဲကြီးမဲကြီး ရိုက်နှက်နေကြ ချိန်တွင် ဦးတင်မောင်ဝင်းကို လုံးဝ ပစ်မှတ်မထားပါ။ ဦးတင်မောင်ဝင်းကို အသားကညို၊ မုဆိတ် ပါးပြိုင်းမွှေးတို့ကလည်း ရှိနေ၍ ကုလားဟု တင်ပုံရပါသည်။ ဦးတင်မောင်ဝင်းလည်း ဆိုင်ကယ်မောင်းပြေးရာ ခဲတွေ၊ တုတ်တွေ၊ ဓားတွေနှင့် ပစ်ပေါက်ထုနှက် ကြပါတော့သည်။
          “အဲဒီကောင် ဗမာ လိုက်.”ဟု ပြောသံတွေကြားရပြီးမှ ခဲမိုးတွေရွာခြင်း၊ တုတ်ဆွမ်းဓားဆွမ်း လောင်းကြခြင်း ဖြစ်ပါသည်။ ဆိုင်ကယ်သုံးချက် အခုတ်ခံလိုက်ရပါသည်။
          တံတားထိပ်ရောက်သည့်အခါ မြန်မာလူအုပ်ကြီးနှင့် တွေ့ပါသည်။ “ကယ်ကြပါဦး၊ ဦးဇင်းတစ်ပါး အသက်ခံရပြီ” ယဉ်ကျေးမှု စာအုပ်လာဝယ်တာပါဟု ပြော၍ အကူအညီတောင်းလိုက်ပါသည်။ လက်နက်မပါသည့် မြန်မာလူအုပ်ကြီး တုတ်ဓားလက်နက်ကိုင်ဆောင်ထားသော ကုလားလူအုပ်ကြီးဘက် ထွက်ခွါသွားပါသည်။

 မှတ်ချက်။   ။ ဆရာတော်ဦးဝီရသူ၏ Face book pageမှ တဆင့်ကူးယူသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ

"ဆရာတော်ဦးဝီရသူပြောတဲ့ ဖြူစင်မြတ်နိုး ကိုးခြောက်ကိုးအကြောင်း"

$
0
0
“၉၆၉-အဓိပ္ပါယ်”
         (၉၆၉) ဂဏန်းသုံးလုံးတွင် ပထမ(၉)သည် ဘုရားဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
          ဒုတိယ ဂဏန်း(၆)သည် တရားဂုဏ်တော် (၆)ပါးကို ရည်ညွှန်းသည်။
          တတိယ(၉)သည် သံဃာ့ဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
          (၉၆၉)သည် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ကိုယ်စားပြုသော ဂဏန်းသုံးလုံးသာ ဖြစ်သည်။
“၉၆၉-၏ ပန်းတိုင်”
          (၉၆၉)၏ အဓိကပန်းတိုင်မှာ အမျိုးဘာသာ သာသနာအဓွန့်ရှည် တည်တန့်ခိုင်မြဲရေး ဖြစ်သည်။
          တိုင်းရင်းသူဦးရေ မလျော့ပါးရေး
          တိုင်းရင်းသားဦးရေ အိမ်ခြေ မလျော့ပါးရေး
          တိုင်းရင်းသား နယ်မြေ မလျော့ပါးရေး.. တို့သည် (၉၆၉)၏ အဓိကပန်းတိုင်ဖြစ်သော အမျိုးဘာသာ သာသနာ အဓွန့်ရှည်တည်တန့် ခိုင်မြဲရေးတွင် အကျုံးဝင်သည်။
“၉၆၉-လုပ်ငန်းစဉ်”
          ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်ထောင်ပြုခြင်း၊
          ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်/မြေ အငှားထား ရောင်းချခြင်း၊
          ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသားပိုင် ဈေးဆိုင်များမှာသာ ဈေးဝယ်ခြင်း၊
          အိမ်ဖော်၊ အလုပ်သမား ငှားသည်ဖြစ်စေ၊ အိမ်ဖော်အလုပ်သမား လုပ်သည် ဖြစ်စေ- ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ ငှားရမ်းလုပ်ကိုင်ခြင်း-များကိုသာ ဦးစားပေး ဟောပြောစည်းရုံးသည်။


“၉၆၉-မူဝါဒ”
          (၉၆၉)သည် လူသတ်ဝါဒ မဟုတ်သလို၊ လူသတ်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
          (၉၆၉)သည် အကြမ်းဖက်ဝါဒ မဟုတ်သလို၊ အကြမ်ဖက်ဝါဒကိုလက်မခံ အားမပေး ကန့်ကွက်ရှုတ်ချသည်။
          (၉၆၉)သည် အနိုင်ကျင့်ဝါဒ မဟုတ်သလို၊ အနိုင်ကျင့်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
          (၉၆၉)သည် လူ့အသက်မပြောနှင့် တိရစ္ဆာန်အသေးအမွှားလေးများ၏ အသက်ကိုပင် တန်ဖိုးထားလေးစားသည်။ ကြင်နာသနားသည်။ စာနာမှုအပြည့်ရှိသည်။ (၉၆၉)၏ အဆုံးအမလာ ကံငါးပါးလုံခြုံရေးတွင် ပါဏာတိပါတကံ (သူ့အသက်မသတ်ရ ပညတ်ချက်) ပါဝင်သည်။
          (၉၆၉)သည် သွေးစွန်းခြင်း၊ သွေးဆာခြင်း၊ သွေးတောင်းခြင်းကို မလိုလားသလို သွေးစွန်းသော လက်နှင့် သွေးဆာသွေးတောင်းသူများကိုလည်း မေတ္တာရေဖြင့် သန့်စင်ဆေးကြော ဆုံးမမှုကိုသာ ဆောင်ရွက်လေ့ရှိသည်။
          (၉၆၉)သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို လိုလားပြီး၊ ထိုသို့ နေထိုင်နိုင်ဖို့အတွက် လိုအပ်သော အချက်အလက်များကို အခွင့်သင့်တိုင်း ထုတ်ပြန်ကြေညာလေ့ရှိသည်။
          (၉၆၉)သည် နိုင်ငံရေးလှုံ့ဆော်မှု၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားအောင် လှုံဆော်ခြင်း အလျဉ်းမရှိသလို၊ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုလည်း ကျင့်သုံးလေ့မရှိသည့်အပြင်၊ မိမိဘာသာ သာသနာမှတစ်ပါး အခြားသော ဘာသာ သာသနာကို ထိပါးပုတ်ခတ်ခြင်း၊ ကျူးကျော်စော်ကားခြင်း၊ ရန်လိုရန်မူခြင်းလည်း လုံးဝမရှိပေ။
          (၉၆၉)သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ရာနှုန်းပြည့်ကျင့်သုံးပြီး၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ချိုးဖောက်နေသူများကိုလည်း ပြင်းထန်စွာ ရှုတ်ချလေ့ရှိသည်။
          (၉၆၉)သည် အမျိုးသမီးအခွင့်အရေးကို အပြည့်အဝပေးထားပြီး၊ အမျိုးသမီးများကို ဖိနှိပ်ချုပ်ခြယ် ကန့်သတ်တားမြစ်မှုများကိုလည်း ပြင်းထန်စွာ ကန့်ကွက်လေ့ရှိသည်။
          (၉၆၉)သည် (၂၄)ရာစုမှာ တစ်ကမာလုံး ဗုဒ္ဓဘာသာဝင်ဖြစ်ရေး အိပ်မက်ရှည်ကြီး မက်လေ့မရှိသလို ကေသမုတ္တိသုတ္တန် (ကာလာမသုတ္တန်)လာ ဘာသာတရားတစ်ခုကို လက်တွေ့ကျင့်သုံးပြီးမှ လက်ခံထိုက်သည့် ဗုဒ္ဓအဆုံးအမကို အမြဲတစေလေးစားဆောက်ရွက်သည်။
          (၉၆၉)သည် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားပြီး၊ အသားအရောင် ခွဲခြားခြင်း၊ လူမျိုးဘာသာခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်းမျိုးကို လူသားမဆန်မှုဟု ရှုမြင်သည်။
          (၉၆၉)သည် ဘာသာလူမျိုးကွဲပြားသူများနှင့် ပြဿနာဖြစ်လျှင် အမျိုးသားရေး ပြဿနာအဆင့်သို့ မရောက်စေရန် ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ အရေးယူမှုကို လိုလားပြီး အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်းကို လုံးဝမလိုလားပေ။
          (၉၆၉)သည် အတ္တကို ဗဟိုပြုသည့် မူဝါဒကို မကျင့်သုံးသလို အနတ္တကို ယုံကြည်ရေးကိုသာ အလေးထားသည်။
“၉၆၉-တီထွင်သူ”
          (၉၆၉)ကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ စာရေးဆရာနှစ်ဖက်လှကျော်လွင် (သာထွန်းပြန့် ညွှန်ချုပ်-ငြိမ်း)က တီထွင်ပြီး ခရစ်နှစ် 1998-1999-ခုနှစ်ခန့်မှာ “နှစ်ဖက်လှ၏ နှစ်ဖက်လှ” စာအုပ်မှာ စ,တင်သုံးစွဲခဲ့သည်။
“၉၆၉ သုံးစွဲသူ”
          (၉၆၉) ကို မော်လမြိုင်မြို့၊ ဂဏဝါစက သံဃာ့ကွန်ရက်မှ စတင်သုံးစွဲပြီး စတေကာများပြုလုပ်ကာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာ၏ အထိမ်းအမှတ် သင်္ကေတအဖြစ် သာသနာ့အလံတော်၊ ဓမ္မစကြာစက်ဝိုင်း၊ အသောကကျောက်စာတိုင်တို့ကို နောက်ခံထား၍ ဒီဇိုင်းရေးဆွဲသည်။
“၉၆၉ နှင့် မိတ္ထီလာ”
          (၉၆၉) အဖွဲ့ဟု အများသိသော မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက် အဖွဲ့သည် မိတ္ထီလာမြို့သို့  မရောက်သေးသလို၊ (၉၆၉)တံဆိပ် စတေကာများလည်း မိတ္ထီလာမြို့မှာ ဖြန့်ဝေထားခြင်း လုံးဝမရှိပါ။
          သို့ ဖြစ်ပါ၍ (၉၆၉)သည် ရတနာသုံးပါးကို ကိုယ်စားပြုသည့် အပြစ်ကင်းစင်သော ဂုဏ်ပုဒ်များဖြစ်သလို၊ ဗုဒ္ဓဘာသာဝင်တို့ အသက်ထက်ဆုံး ယုံကြည်ကိုးကွယ်သော၊ ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုး တန်ဖိုးထားသော အဖိုးအနဂ္ဃထိုက်တန်သည့် ရတနာမြတ်များသာ ဖြစ်ပါသည်။ ထို့ကြောင့် (၉၆၉)ဆိုင်းဘုတ်များကို ဖြုတ်ချ ဟန့်တား နှောက်ယှက်ခြင်းဖြင့် ဗုဒ္ဓသာသနာကို မစော်ကားမိဖို့ အနူးအညွတ် တောင်းပန်အပါသည်။
                                                                    ဦးပဉ္စင်း
                                                               ဝီရသူ (မစိုးရိမ်)
                                                            ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ
                                                      ဓမ္မသဟာယကျောင်း နာယက
                                                              မစိုးရိမ်တိုက်သစ်
                                                         မဟာအောင်မြေမြို့နယ်
                                                               မန္တလေးမြို့
                                                       26.3.2013 (10း 07-am)
 စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ

“ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင်အကြောင်း

$
0
0
မြတ်စွာဘုရားအလောင်းလျာသည် သုဇာတာသူဌေးကတော် လှူဒါန်းသော
ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံဘုဉ်းပေး သုံးဆောင်တော်မူပြီးနောက် ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် နေရဉ္ဇရာမြစ်အတွင်း မျှောတော်မူခဲ့သည် ။ ညနေချမ်းအချိန်တွင် မဟာဗောဓိညောင်ပင်ကြီးဆီသို့ ကြွချီလာခဲ့ရာ လမ်းခရီး၌ သောတ္ထိယ(သုဒ္ဓိယ) (မောင်စင်) မြက်ထမ်းသမားလှူဒါန်းခဲ့သော မြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်ရင်း၌ ကြဲဖြန့်တော်မူခဲ့သည်။ ထိုသို့ကြဲဖြန့်ရာမှ(၁၄)တောင်ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။
မာရ်ငါးပါးကိုအောင်မြင်ရာ ဌာနဖြစ်လို့ အပရာဇိတပလ္လင်လို့ ခေါ်ရတာပါဟု ရှင်းပြရခြင်းဖြစ်သည်။ (ပရာဇိတ- ရှုံးအပ်ရာ၊ အ-မဟုတ်)။

                ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မြတ်စွာဘုရားပွင့်တော်မူခဲ့သော                                  မဟာဗောဓိညောင်ပင်ကြီး အောက်တွင် တည်ရှိနေသော အပရာဇိတပလ္လင်မြတ်
အဲဒီ အပရာဇိတပလ္လင်ဟာ အမြင့်လား၊ အပြန့်အကျယ်လားဟုလည်းမေးကြသည်။ အဲဒီနေရာမှာတော့ အယူအဆအမျိုးမျိုး ရှိကြတယ်။ မဏိဒီပဋီကာကျမ်းပြုဆရာတော်၊ တောင်ခွင်သာသနာပိုင်ဆရာတော်တို့က (၁၄)တောင်အပြန့်အကျယ် ပမာဏရှိတဲ့ပလ္လင်လို့ မိန့်ဆိုကြပါသည်။ ပရိတ်ကြီးဋီကာ ကျမ်းပြုဆရာတော်၊ မုံရွေးဇေတဝန်ဆရာတော်တို့ကတော့(၁၄)တောင်အမြင့်ရှိတဲ့ ပလ္လင်လို့ မိန့်ဆိုကြပါသည်။ အကြောင်းအသီးသီးပြလို့ မိန့်ဆိုထားခြင်းဖြစ်၏။ မိမိတို့ကတော့ သဘောကျရာကို ယူကြဖို့ပါပဲ။ ကုသိုလ်ရဖို့က အဓိကပင်ဖြစ်၏။
၎င်းအပရာဇိတပလ္လင်ပေါ်၌နေလျက် မာရ်ငါးပါးကို အောင်မြင်တော်မူခဲ့သည်။
၁။ ဒေဝပုတ္တမာရ်- မာရ်နတ်မင်းနှင့်တကွ မာရ်စစ်သည်အပေါင်းကို အောင်တော်မူသည်။( အပြင်ရန်များကို အောင်မြင်ခြင်းဖြစ်၏)။
၂။ ကိလေသာမာရ်- (၁၅၀၀) ကိလေသာအပေါင်းကို အောင်တော်မူသည်။
၃။ အဘိသင်္ခ`ါရမာရ်- ကုသိုလ်ကံ၊ အကုသိုလ်ကံအားလုံးကို ကုန်းခန်းအောင်မြင်တော်မူသည်။
၎။ ခန္ဓမာရ်- လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ အပါယ်ဘုံခန္ဓာ၊ ခန္ဓအားလုံးကို အောင်မြင်တော်မူသည်။
၅။ မစ္စုမာရ်- သေခြင်းတရားကိုအောင်မြင်တော်မူသည်။(အတွင်းရန်များကို အောင်မြင်ခြင်းဖြစ်၏)။
ကျမ်းကိုး။          ။ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာဘုရားဖူးများသို့ ကျမ်း။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

"မင်း၏ အကူအညီနှင့် သာသနာ"

$
0
0
မင်းများ တရားမစောင့်လျှင်သော်လည်းကောင်း အုပ်ချုပ်ရေးမတတ်လျှင်သော်လည်းကောင်း တိုင်းသူ ပြည်သား လူအများဆင်းရဲ ဒုက္ခ ရောက်ကြ ရ၏။ တိုးတက် ကြီး ပွားမှု မရ နိုင်။
သာသနာလည်း မင်းများ အကူအညီကိုရသော် ပို၍ တိုးတက်ကြီးပွား နိုင်၏။
 လောက၌ မပြုသင့်သည်ကို ပြုခြင်းသည် အကုသိုလ် ဖြစ်သကဲ့သို့ ပြုသင့်သည်ကို မပြုခြင်းသည်လည်း အကုသိုလ်ပင်။ မိမိက မတတ်၍ တစ်စုံ တစ်ယောက်က ပြင်ပေး လာလျှင်
ယဉ်မည့် လှမည့် တန်ဆာကို ပေးအပ်သကဲ့သို့ ၀မ်းသာစွာလက်ခံထိုက်၏။လူ့သဘာဝမှာ မာနခံလေးများ ရှိတတ်ရာထိုကဲ့သို့ ပြုပြင်ပေးသည်ကို မခံချင် ဖြစ်ကာ ပြန်လှန်ပြောဆိုဆန့်ကျင်ဘက် ပြုတတ်ကြ၏။ ထိုသူမျိုးမှာ မိမိရမည့် ကျက်သရေမင်္ဂလာကို ဖျက်သည့်သူသာတည်း။

 လောက၌ ရတနာ ဆိုလျှင် အလွန် မြတ်နိုး တတ်ကြ၏။တယုတယ တရိုတသေ သိမ်းစည်း စောင့်ရှောက်တတ်ကြ၏။ဘုရား၌ ရတနာအဖြစ်ဖြင့် အဘယ်မျှ နှစ်နှစ်ကာကာ ယုံယုံ
ကြည်ကြည် မြတ်နိုး ကြပါသနည်း။ဘုရား အာရုံကို တရိုတသေတယုတယ အဘယ်မျှ စိတ်ထဲတွင် သိုမှီးမိကြပါသနည်း။

လောက၌ အသိဥာဏ်သာ ရှိ၍ အကျင့်တရား မရှိသောသူမှာသူတကာ တရားမဲ့ပြုနေလျှင် သနား စောင့်ရှောက်ရကောင်းမှန်းမသိ။ ကယ်တင် ရန်လည်း နားမလည်တတ်။ အသိဥာဏ်ပါ မရှိ
မူကား ဆိုဖွယ်ရာ မရှိတော့ချေ။သာသနာတော် ကြီးပွားဖို့ အရေးကြီးသည်။ဤသာသနာတော်
ကြီးပွားမှ မိမိတို့ ယခု သာသနာတော်၏ အကျိုးစီးပွားတွေ ခံစားရသကဲ့သို့ နောင်တချိန်တွင် လည်းပဲ မိမိတို့ သားစဉ် မြေးဆက်သာသနာ တော်ကို ကိုးကွယ်တတ် ကိုးကွယ်ခွင့် မြတ်နိုးတတ်
မြတ်နိုးခွင့် စောင့်ရှောက်တတ် စောင့်ရှောက် ခွင့်တွေ ရကြပြီးဤ ဗုဒ္ဓသာသနာတော်ကြီး တိုးတက် ကြီးပွားစေရန် သူတိုလေးတွေက ဆက်လက်ဆောင်ရွက် ကြပါလိမ့်မည်။

ယနေ့ခေတ်တွင် ဗုဒ္ဓဆိုသည့် အမည်သည် ကမ္ဘာလောကတွင်ပဲ့တင်ထပ်လျှက် ရှိပေသည်။ သာသနာတော် မရှိသေးသည့်နိုင်ငံတို့၌ပင် ပညာရှိ အချို့တို့၏ လေ့လာလိုက်စားမှုကြောင့်လူသိများနေလေပြီ။ ဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာသော ခေတ်အခါ ဖြစ်၌လည်း အတော်အတန် ကမ္ဘာပျံ့လျှက်
ရှိပေပြီ။

မြန်မာပြည် ဗုဒ္ဓသာသနာတော်ကြိးကို ယနေ့ မြန်မာလူမျိုးတို့ဂုဏ်ယူနေသကဲ့သို့ နောင်တွင်လည်း မိမိတို့ သားသမီး မြေးမြစ်များ အဆက်ဆက် ဂုဏ်ယူတတ်စေရန် တာဖိုးထားတတ်စေရန် ရည်ရွယ်၍ ကြိုးစားပြီး အမွေအနှစ် ပေးကြရာ၏။သို့မှသာ ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန်ပွား ထွန်းကားလာပြီးအရှည်ခန့် တည်တန့် နိုင်ပေမည်။

သပြေကန်ဆရာတော်ဘုရားကြီး၏ အဆိုအမိန့်များမှ ပူဇော်ပါသည်။
သာသနာပြု မင်းအပေါင်းကို ဥိးညွှတ်ပါ၏။
သုံးဆယ့်တစ်ဘုံ အလုံးစုံ အကုန်ချမ်းသာကြပါစေ.
http://www.facebook.com/myanmardefenseleague?ref=stream မှကူးယူသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ

"ဘာသာမရွေး ဘာသာမရွေးကျင့်ကြံနိုင်တဲ့ မင်္ဂလာတရားတော်များ"

$
0
0
ဘာသာမရွေးကျင့်ကြံနိုင်တဲ့ လကာင်္လေးပါ....။
၃၈-ဖြာ မင်္ဂလာ
ဘာသာမရွေး, ပုဂ္ဂိုလ်မရွေး, လူမျိုးမရွေး, လိုက်နာကျင့်သုံးကြဖို့၊ ထိုသို့လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် ရန်သူရန်ဘက် မနှိပ်စက်နိုင်ခြင်းအကျိုး၊ ဘေးရန်ကင်းကွာ လွန်ချမ်းသာခြင်းအကျိုး၊ တိုးတက်စည်ကား လွန်ကြီးပွားခြင်း အကျိုးများကို ရရှိခံစားကြရဖို့ရာ ၃၈-ဖြာမင်္ဂလာကို မြတ်စွာဘုရား ဟောကြားတော်မူ ခဲ့ပါသည်။

ဆက်ဆံရေးမင်္ဂလာ ၃-ပါး
၁။ အသေ၀နာ စ ဗာလာနံ-လူမိုက်ဆိုလျှင်၊ ဝေးဝေးပင်၊ ရှောင်ကြဉ်နေရမည်။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ-ပညာရှိမြတ်၊ ပေါင်းဖော်အပ်၊ ဆည်းကပ်နေရမည်။
၃။ ပူဇာ စ ပူဇနေယျာနံ-ပူဇော်ထိုက်သူ၊ စိတ်ကြည်ဖြူ၊ ပူဇော်နေရမည်။

နေထိုင်ရေးမင်္ဂလာ ၃-ပါး
၁။ ပတိရူပ ဒေသ၀ါသော စ-သင့်တင့်လျောက်ပတ်၊ ထိုအရပ်၊ မပြတ်နေရမည်။
၂။ ပုဗ္ဗေ စ ကတပုညတာ-အတိတ်ဘ၀၊ မြတ်ဒါန၊ မုချရှိရမည်။
၃။ အတ္တသမ္မာပဏိဓိ စ-မိမိခန္ခာ၊ ထိန်းကျောင်းကာ၊ ကောင်းစွာထားရမည်။

ပညာရေးမင်္ဂလာ ၄-ပါး
၁။ ဗာဟုသစ္စဉ္စ-ပညာဆိုလျှင်၊ ကြား-သိ-မြင်၊ စုံလင် ပြည့်ရမည်။
၂။ သိပ္ပဉ္စ-လက်မှုပညာ၊ စက်မှုပါ၊ စုံစွာတတ်ရမည်။
၃။ ၀ိနယော စ သုသိက္ခိတော-ရဟန်းကျင့်ဝတ်၊ လူကျင့်ဝတ်၊ မချွတ်ထိန်းရမည်။
၎။ သုဘာသိတာ စ ယာ ၀ါစာ-စကားချိုသာ၊ ပျားသကာ၊ ကောင်းစွာဆိုရမည်။

ပြုစုလုပ်ကျွေးရေးမင်္ဂလာ ၃-ပါး
၁။ မာတာပိတု ဥပဋ္ဌာနံ-အမိ-အဖ၊ လုပ်ကျွေးကြ၊ နိစ္စမြဲရမည်။
၂။ ပုတ္တဒါရဿ သင်္ဂဟော-သားနှင့်သမီး၊ ကိုယ့်ဇနီး၊ ချီးမြှင့်ကြရမည်။
၃။ အနာကုလာ စ ကမ္မန္တာ-အပြစ်ကင်းကွာ၊ အလုပ်သာ၊ မှန်စွာလုပ်ရမည်။

ကူညီဆောင်ရွက်ရေးမင်္ဂလာ ၄-ပါး
၁။ ဒါနဉ္စ-ပေးကမ်းစွန့်ကြဲ၊ အလှူပွဲ၊ အမြဲရှိရမည်။
၂။ ဓမ္မစရိယာ စ-ကုသိုလ်တရား၊ လေ့လာပွား၊ ကြိုးစားကျင့်ရမည်။
၃။ ဉာတကာနဉ္စ သင်္ဂဟော-ဆွေမျိုး လူမျိုး၊ အများကျိုး၊ သယ်ပိုးကြရမည်။
၎။ အန၀ဇ္ဇာနိ ကမ္မာနိ-ကောင်းမှုထင်လင်း၊ အပြစ်ကင်း၊ မယွင်းပြုစုမည်။

ရှောင်ကြဉ်လိုက်နာရေးမင်္ဂလာ ၄-ပါး
၁။ အာရတီ ပါပါ-မကောင်းမှုလျှင်၊ စိတ်နှင့်ပင်၊ ရှောင်ကြဉ်ကြရမည်။
၂။ ၀ိရတီ ပါပါ-မကောင်းမှုလျှင်၊ ကိုယ်နှုတ်ပင်၊ ရှောင်ကြဉ်ကြရမည်။
၃။ မဇ္ဇပါနာစ သံယမော-သေရည်သေရက်၊ သောက်စားဖက်၊ တသက်ရှောင်ရမည်။

ခြိုးခြံခြင်းမင်္ဂလာ ၄ပါး
၁။ တပေါ စ-ခြိုးခြံမဖြုန်း၊ သူမြတ်ထုံး၊ ကျင့်သုံးနေရမည်။
၂။ ဗြဟ္မစရိယဉ္စ-စင်ကြယ်မြင့်မြတ်၊ ပဋိပတ်၊ မပြတ်ကျင့်ရမည်။
၃။ အရိယသစ္စာန ဒဿနံ-သစ္စာလေးပါး၊ မြတ်တရား၊ ပိုင်းခြား မြင်ရမည်။
၎။ နိဗ္ဗာန သစ္ဆိကိရိယာစ-အပူကင်းပျောက်၊ နိဗ္ဗာန်ရောက်၊ မျက်မှောက်ပြုရမည်။

မတုန်လှုပ်ခြင်းမင်္ဂလာ ၄-ပါး
၁။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ-လောကဓံများ၊ တွေ့သော်ငြား၊ စိတ်ထားငြိမ်ရမည်။
၂။ အသောကံ-ဆွေမျိုး ပျက်ချိန်၊ ဂုဏ်သေးမှိန်၊ စိုးရိမ်ကင်းရမည်။
၃။ ၀ိရဇံ-ကိလေသာမျိုး၊ ရမ္မက်ဆိုး၊ ဖြတ်ချိုးရှင်းရမည်။
၎။ ခေမံ-ကိုယ်တွင်း ကိုယ်ပြင်၊ ကိလေစင်၊ ဘေးလျှင်ကင်းရမည်။

ဤမင်္ဂလာများကို လိုက်နာကျင့်သုံး နေထိုင်သွားကြမယ်ဆိုရင် မြန်မာ ပြည်သူ ပြည်သား ဗုဒ္ဓဘာသာ ကလျာဏနွယ်ဝင် သူတော်စင် အမျိုးကောင်းသား, အမျိုးကောင်းသမီးတို့မှာ ရန်သူရန်ဘက် မနှိပ်စက်နိုင်ခြင်း၊ ဘေးရန်ကင်းကွာ လွန်ချမ်းသာခြင်း၊ တိုးတက်စည်ကား လွန်ကြီးပွားခြင်းအကျိုးတို့ကို ရရှိခံစားကြရမှာ ဖြစ်ပါသည်။
ချမ်းသာကြီးဆရာတော် ဦးဇောတိက
ဘ၀ချမ်းသာရေး တွေးမြင်ကြံဆ ဓမ္မအရသာ-စာအုပ်မှ


၃၈-ဖြာ မင်္ဂလာ
( မင်္ဂလာ အမွှန်း )
ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေ၀ကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဉ္စ မင်္ဂလံ။
နတ်နှင့်တကွသော လူတို့သည် ၁၂-တိုင်အောင် ကြံစည်တွေးတောပါသော်လည်း မင်္ဂလာတရား၏ အဓိပ္ပါယ်ကို မသိနိုင်ကြကုန်။ မင်္ဂလာတရားသည် အရေအတွက်အားဖြင့် ၃၈-ပါးရှိ၏။ မင်္ဂလာတရားသည် တိုးတက်ကြီးပွား ချမ်းသာများခြင်း၏ အကြောင်းဖြစ်၏။

ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမဟေ။
နတ်တကာတို့သည် မြတ်သော ၀ိသုဒ္ဓိနတ် ဘုရားမြတ်သည် သတ္တ၀ါအားလုံးတို့၏ အကျိုးစီးပွားအလို့ငှါ မင်္ဂလာတရားကို ဟောတော်မူခဲ့ပါသည်။ အလုံးစုံသော မကောင်းမှုကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟု ခေါ်ပါသည်။ အို-သူတော်ကောင်းတို့...ထိုမင်္ဂလာတရားတော်ကို ကျွန်ုပ်တို့ ရွတ်ဖတ်ကြပါကုန်စို့။

( မင်္ဂလာနိဒါန်း )
ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ၊ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
အကျွန်ုပ်အာနန္ဒာသည် မင်္ဂလာတရားတော်ကို မြတ်စွာဘုရား၏ ရှေ့မှောက်တော်မှ ဤသို့ ကြားနာမှတ်သားခဲ့ရ ပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသော ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူပါသည်။

ထိုအခါ မထင်ရှားသော နတ်သားတယောက်သည် သန်းခေါင်ယံအချိန်၌ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာပါ သည်။ ဇေတ၀န်တကျောင်းလုံး နတ်သား၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပနေပါသည်။ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာသော နတ်သားသည် သင့်လျော်ရာအရပ်၌ မတ်တတ်ရပ်လျက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် ဂါထာဖြင့် ဤသို့ မေးလျှောက်လေသည်။

( မင်္ဂလာ တရားတောင်း )
ဗဟူဝေဒါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်နှင့်လူတို့သည် စင်ကြယ်သော နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂-နှစ်ကြာမျှ ကြံစည်တွေးတော ပါသော်လည်း မသိနိုင်ကြပါကုန်။ ထိုမင်္ဂလာတရားကို ရှင်းလင်းဟောကြား ပေးသနားတော်မူပါဘုရား။

( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ
၁။ လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း။
၂။ ပညာရှိကို မှီဝဲဆည်းကပ် ပေါင်းသင်းခြင်း။
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး )
ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၎။(၁)။သင့်လျော်သောအရပ်၌ နေရခြင်း။
၅။ (၂)။ ရှေး၌ပြုဖူး ကောင်းမှုအထူးရှိခြင်း။
၆။ (၃)။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( သင်ကြားရေး မင်္ဂလာ ၄-ပါး )
ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇။ (၁)။ လောကီ လောကုတ် အကြားအမြင်များခြင်း။
၈။ (၂)။ စက်မှု လက်မှု အတတ်တို့ကို တတ်ခြင်း။
၉။ (၃)။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်ခြင်း။
၁၀။ (၄)။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ပြုစုရေး မင်္ဂလာ ၃-ပါး )
မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ (၁)။ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း။
၁၂။ (၂)။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။
၁၃။ (၃)။ အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
မြင်းမိုရ်ရွှေတောင် မိဘများကို၊ ကောင်းစွာဆင်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မြှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး )
ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ (၁)။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၁၅။ (၂)။ သုစရိုက်တရားကို ကျင့်ခြင်း။
၁၆။ (၃)။ ဆွေမျိုးးတို့အား ထောက်ပံ့ကူညီခြင်း။
၁၇။ (၄)။ အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ရှောင်ကြဉ်ရေး မင်္ဂလာ ၃-ပါး )
အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၈။ (၁)။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့် ရှောင်ကြဉ်ခြင်း။
၁၉။ (၂)။ မကောင်းမှု မဖြစ်အောင် ကိုယ်နှုတ် ၂-ပါးဖြင့် ရှောင်ကြဉ်ခြင်း။
၂၀။ (၃)။ မူးယစ်သေစာ မသောက်စားခြင်း။
၂၁။ (၄)။ ကုသိုလ်တရားတို့၌ မမေ့ မလျော့ခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းလေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( စိတ်ထားရေး မင်္ဂလာ ၅-ပါး )
ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၂။ (၁)။ ရိုသေထိုက်သော သူကို ရိုသေခြင်း။
၂၃။ (၂)။ မိမိကိုယ်ကို နှိမ့်ချရခြင်း။
၂၄။ (၃)။ ရောင့်ရဲလွယ်ခြင်း။ (လောဘအပို အလိုမလိုက်ခြင်း)
၂၅။ (၄)။ သူတပါးကျေးဇူးကို သိခြင်း။
၂၆။ (၅)။ သင့်လျော်သောအခါ တရားနာခြင်း။
ဤငါးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်စေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( သည်းခံရေး မင်္ဂလာ ၄-ပါး )
ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၇။ (၁)။ သည်းခံခြင်း။
၂၈။ (၂)။ ဆုံးမလွယ်ခြင်း။
၂၉။ (၃)။ ရဟန်းသံဃာတို့အား ဖူးမြော်ခြင်း။
၃၀။ (၄)။ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ခြိုးခြံရေး မင်္ဂလာ ၄-ပါး )
တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာနဒဿနံ။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၃၁။ (၁)။ ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ (၂)။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
၃၃။ (၃)။ သစ္စာလေးပါးကို သိခြင်း။
၃၄။ (၄)။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( စိတ်ထားရေး မင်္ဂလာ ၄-ပါး )
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၃၅။ (၁)။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ စိတ်ဓာတ်မတုန်လှုပ်ခြင်း။
၃၆။ (၂)။ မစိုးရိမ်ခြင်း။
၃၇။ (၃)။ ကိလေသာမြူ ကင်းခြင်း။
၃၈။ (၄)။ ဘေးကင်းခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


မှတ်ချက်။
၁-မှ ၃၂-အထိ လောကီ မင်္ဂလာ။ ကျန် ၆-ပါး လောကုတ္တရာ မင်္ဂလာ။
၁-မှ ၃၃-အထိ အကြောင်း မင်္ဂလာ။ ကျန် ၅-ပါး အကျိုး မင်္ဂလာ-ဟု မှတ်ပါ။

( မင်္ဂလာအကျိုးပြ နိဂုံး )
ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
ဤ သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတို့ကို လိုက်နာပြုကျင့်သောကြောင့် ရန်သူမှန်သမျှ အနိုငမခံရ၊ အရပ်ဒေသ အားလုံးတို့၌ ကြီးပွား ချမ်းသာခြင်းသို့ ရောက်နိုင်၏။
၃၈-ဖြာ မင်္ဂလာတရားသည် နတ်လူတို့အတွက် အမြတ်ဆုံးသော မင်္ဂလာမည်၏။

(လင်္ကာ)
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလပန်းခိုင်တွေ။
မော်လူး(ဆယ်စောင်တွဲ စာအုပ်မှ ကူးယူဖော်ပြသည်)
(မှတ်ချက် ။   ။ phyo lay Face book page) မှ 
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ

"ဗဟုသုတဖြစ်ဖွယ် မြတ်စွာဘုရားအလောင်းတော်၏ ရွှေခွက်မျှောခြင်းအဓိဋ္ဌာန်"

$
0
0
ယနေ့ဘုရားဖြစ်နိုင်ပါမူ ရေညာသို့ဆန်တက်ပါစေ (ဂေါတမမြတ်စွာဘုရားအလောင်းတော်၏ အဓိဋ္ဌာန်)
မြတ်စွာဘုရားလောင်းလျာသည် ဃနာနို့ဆွမ်းကို ခံယူပြီးနောက် ထိုင်နေရာမှထကာ ညောင်ပင်ကို လက်ျားရစ် လှည့်ပြီးနောက် နို့ဃနာရွှေခွက်ကိုယူဆောင်ပြီး နေရဉ္ဇာရာမြစ်ကမ်းသို့ ကြွတော်မူခဲ့သည်။ ဘုရားလောင်းလျာတိုင်း ဘုရားလောင်းလျာတိုင်း ဘုရားဖြစ်မည့်နေ့ဝယ် ရေချိုးတော်မူကြရာ သုပ္ပတိဋ္ဌိတ အမည်ရှိ ရေချိုးဆိပ်သို့ ဆင်းသက်ရေချိုးပြီး အေးမြသော သစ်ပင်ရိပ်၌ အရှေ့ရပ်သို့ မျက်နှာမူထိုင်လျက် ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့သည်။


ဘုဉ်းပေးသော ဆွတ်လုတ်ပေါင်းမှာ ထန်းသီးမှည့်အစေ့ခန့် ပမာဏရှိသော (၄၉)လုတ်တိတိဖြစ်သည်။ ထိုသို့ ဘုဉ်းပေးခဲ့သော(၄၉)လုတ်ရှိ ဃနာနို့ဆွမ်းသည် ဘုရားဖြစ်ပြီးနောက်(၄၉)ရက် ဗောဓိပင်အနီး၌ သီးတင်းသုံးသည့်အခါ (၄၉)ရက်စာ ဖြစ်လာခဲ့သည်။


ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီးနောက် ရွှေခွက်ကိုကိုင်ကာ ငါသည် “ယနေ့ဘုရားဖြစ်ရန်စွမ်းနိုင်ပါမူ ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသား၊ ဘုရားဖြစ်ရန် မစွမ်းနိုင်ပါမူ ရေစုန်သို့မျောပါစေသားဟု” အဓိဋ္ဌာန်ပြု၍ နေရဉ္ဇရာမြစ်ထဲသို့ မျောလိုက်လေသည်။ ထိုက်ရွှေခွက်သည် မြစ်လယ်သို့ တည့်တည်မတ်မတ် သွားပြီး ထိုမှတစ်ဆင့် မြင်းစိုင်းသကဲ့သို့ အတောင်ရှစ်ဆယ်ခန့် ရေညာသို့ ဆန်တက်သွားကာ ဝဲဇလုတ်၌ နစ်မြုတ်သွားခဲ့သည်။ ဝဲဇလုတ်၌ နစ်မြုပ်ပြီးနောက် ကာဠနဂါးမင်း၏ ဘုံဗိမာန်သို့ရောက်ရှိသွား၍ ပွင့်တော်မူပြီးကြသော ကကုသန်၊ ကောဏာဂုံ၊ ကဿပဘုရား(၃)ဆူတို့ ဘုရားဖြစ်မည့်နေ့၌ မျှောခဲ့သော ရွှေခွက်(၃)လုံးတို့ကို ထိခတ်ကာ ကရစ်ကရစ်- ဟူသော အသံများမြည်ပြီး ရွှေခွက်(၃)လုံး၏ အောက်၌ တည်ရှိသွားခဲ့သည်။ကာဠနဂါးမင်းသည် ယမန်နေ့ကပင် ဘုရားတစ်ဆူပွင့်ပြီးသွားခဲ့ပြီ။ ယနေ့တစ်ဖန်ဘုရားတစ်ဆူပွင့်ပြန်ပြီးဟု ပြောဆိုကာ ဂါထာများစွာဖြင့် ချီးမွမ်းစကားရွတ်ဆိုပြီး နေရာမှထလေသည်။ ကဿပဘုရားနှင့် ဂေါတမဘုရားနှစ်ဆူကြားကာလသည် မဟာပထဝီမြေကြီး၌ တစ်ယူဇနာနှင့်သုံးဂါဝုတ်ခန့် မြင့်တက်လာအောင် ရှည်လျားကြာမြင့်ခဲ့သည်။ ထိုအချိန်ကာလသည် ကာဠနဂါးမင်းအဖို့ ယနေ့နေနှင့် ယနေ့ဟူ၍ ပြောယူရလောက်အောင် တိုတောင်းသကဲ့သို့ဖြစ်နေလေသည်။


ဘုရားလောင်းလျာသည် နေရဉ္ဇရာမြစ်ကမ်း အင်ကြင်းတော၌ နေထိုင်ကာ အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်၍ လောကီဈာန်သမာပတ်ရှစ်ပါး အဘိညာဉ်ငါးပါးတို့ကို ဖြစ်စေခဲ့သည်။(ရရှိခဲ့သည်။) ညနေချမ်းအခါ၌ နေရဉ္ဇရာမြစ်သို့ ဆင်းသက်ရေချိုးပြီး မဟာ ဗောဓိပင်သို့ ကြွတော်မူခဲ့သည်။ သောတ္ထိယမည်သော မြက်ထမ်းပုဏ္ဏားသည် ဘုရားလောင်းလျာ၏မြက်ကို အလိုရှိသော အခြင်းအရာကို သိရှိသဘောပေါက်၍ ဘုရားလောင်းလျာအား မြက်ရှစ်ဆုပ်ကို လှူဒါန်းလိုက်လေသည်။
ဘုရားလျောင်းလျာသည် မြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်သို့ ဆက်လက်ကြွတော်မူကာ မဟာဗောဓိပင်ကို လက်ျာရစ်လှည့်လည်ပြီး အရှေ့အရပ်မျက်နှာသို့ ကြွသွားပြီး၍ အနောက်အရပ်သို့ မျက်နှာမူကာ ရပ်တည်တော်မူခဲ့သည်။ မဟာဗောဓိပင်၏ အရှေ့ဘက်၌ အပရာဇိတပလ္လင်ပေါ်ပေါက်မည့် အရပ်ဝယ် မြက်ရှစ်ဆုပ်ကို အဖျားမှကိုင်ကာ ကြဲဖြန့်တော်မူခဲ့သည်။ ထိုမြက်ရှစ်ဆုပ်သည် မြက်အသွင်အပြင် ကွယ်ပျောက်၍ (၁၄-တောင်ပမာဏရှိ ရတနာပလ္လင်ကြီးဖြစ်လာခဲ့သည်။) ထိုပလ္လင်ကြီး၏ ပုံပန်းသဏ္ဍန်ကို ဘယ်ပန်းချီရေးလို့ မမီဆိုသည့်ပမာ မည့်သည့်ပန်းချီဆရာ၊ မည်သည့်ပန်းပုဆရာမှတူအောင် မရေးဆွဲနိုင်။ မထုလုပ်နိုင်ပါလေ။ လွန်စွာဆန်းကြယ်လှသော ပလ္လင်ကြီးဖြစ်ပေသည်။
ယခု လက်ရှိ မဟာဗောဓိပင်ကြီးအောက်တွင် တည်ရှိနေသော ပလ္လင်တော်ကြီးကား မြတ်စွာဘုရားရှင်၏ အပရာဇိတပလ္လင်ကြီး၏ အသိအမှတ်ပြုဖွယ် အောက်မေ့ဖွယ် နှလုံးသွင်းဖွယ် အစိတ်အပိုင်းတစ်ခုသာဖြစ်၏။ တဆက်တည်းအနေနှင့် ဘာကြောင့်နေရဉ္ဇရာမြစ်လို့ခေါ်ရသလဲဆိုရင် နေရဉ္ဇရာမြစ်ဆိုတာ ညွန်၊ မှော်သေး၊ မှော်ညင်းစတဲ့ အပြစ်များမရှိ စင်ကြယ်သော ရေရှိတဲ့ မြစ်လို့ဆိုလိုခြင်းဖြစ်ပါသည်။( နေရဉ္ဇရာ၊ နေလ+ ဇလ၊ နေလ-မှော်ညွန်စသော အပြစ်မရှိ၊ ဇလ-ရေ) တစ်နည်းအားဖြင့် နေရဉ္ဇရာဆိုတာ စိမ်းညိုသော ရေရှိတဲ့ မြစ်လို့ ဆိုလိုခြင်းဖြစ်သည်။(နီလ+ဇလ။ နီလ-စိမ်းညိုသော၊ ဇလ-ရေ) ဒေသခံလူများက နေရဉ္ဇရာမြစ်ကို လိလာဂျန်ဟု ခေါ်ဆိုကြောင်း ၊ မဟာဗောဓိစေတီတော်မှ ကိုက်(၃၀၀)ခန့် ကွာဝေးကြောင်း မှတ်သားရ၏။ ယခုအခါ မြတ်စွာဘုရားရှင် လျောင်းလျာ ရွှေခွက်မျှောခဲ့သော နေရဉ္ဇရာမြစ်ကြီးကား သဲသောင်များဖြစ်ထွန်းကာ နွေဘက်တွင်ရေးလုံးဝ မရှိဘဲ၊ မိုးရာသီအခါမှသာ မိုးရေများ အနည်းသာရှိတော့သည်။
ကျမ်းကိုး။         ။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက- ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့ကျမ်း။
ဓာတ်ပုံကို ဂျစ်တူး(မုံရွာ)ဆိုဒ်မှ ကူးယူသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"စိတ်မကောင်းစရာနှစ်ရက်သာအသက်ရှင်ပြီး လူ့လောကမှ ပြန်လည် ထွက်ခွာသွားသူ ကလေးငယ်"

$
0
0
Baby Only
ကမ္ဘာမြေပြင်ပေါ်သို့ လူ့ဘဝအဖြစ် ရောက်ရှိလာခဲ့ပြီးမည်သည့်နေ့၊ မည်သည့်ရက်၊ မည်သည့် အချိန်၊ မည်သည့်အသက်အရွယ်တွင် ကမာမြေပြင်မှ ပြန်လည်ထွက်ခွါသွားရမည်ကိုမည်သူတစ်ဦးတစ်ယောက်မှ မသိရှိနိုင်ပေ။ အချို့သည် လူ့ဘဝသက်တမ်းအားသက်တမ်းစေ့နေသွားနိုင်ခဲ့သလိုအချို့သောသူတို့သည် ကျန်းမာရေးချို့ယွင်းမှုကြောင့်၎င်း၊ ပြင်ပပယောဂတစ်ခုကြောင့်၎င်း၊ သက်တမ်းစေ့ မနေနိုင်ခဲ့ကြချေ။ သက်တမ်းစေ့ နေနိုင်ခဲ့သော်ငြားလည်းယခုကဲ့သို့ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသောစီးပွားရေးကပ်၊
 နိုင်ငံရေးကပ်၊ ကျန်းမာရေးကပ်၊ သဘာဝဘေးကပ်၊ စစ်ဘေးကပ်အစရှိသည့် ကပ်အမျိုးမျိုးတို့ကြားမှ ဘဝရပ်တည်မှုကို ပြုလုပ်နေကြရသောလူသားများစွာတို့သည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အကုသိုလ်စိတ်အလျဉ်တို့ လွှမ်းခြုံမှုကိုခံနေခဲ့ကြရကာဘဝကူးပြောင်းသေဆုံးမှုများကို ရင်ဆိုင်ကြုံတွေ့နေ ရသည်။ အကုသိုလ်စိတ်တို့ ဖုံးလွှမ်းခြင်းခံနေရသောလူ့လောကကြီးမှ ထွက်ခွါသွားရသူများထဲတွင် ကုသိုလ်အရှိန်အဟုန်အားတည်ဆောက်၍ ထွက်ခွါသွားသောသူတော်ကောင်းအပေါင်းတို့သည်လည်း ရှိနေဆဲပင်ဖြစ်သည်။ ထိုသို့ အကုသိုလ်လုပ်ရပ်များကိုကျင့်သုံးနေကြရသောအတ္တသမားများ၊ ကုသိုလ်အလုပ်ကိုကျင့်သုံးလိုက်နာကြသောပရဟိတသမားများအပြင်ကုသိုလ်ရေးနှင့်အကုသိုလ်ရေး ကိစ္စနှစ်ရပ်စလုံးထဲမှ မည်သည့်လုပ်ရပ်များမှ မလုပ်ဘဲ(မလုပ်ရဘဲ) ကမ္ဘာမြေပြင်မှ ထွက်ခွါသွားသူများလည်းရှိသည်။





 ထိုသို့သောလူသားများသည်ကားမိခင်ဝမ်းတွင်းမှ လူ့လောကသို့ ရောက်ရှိခါစရက်သားအရွယ်၊ လသားအရွယ်၊ ကလေးသူငယ်များပင်ဖြစ်လေသည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ဘဝတစ်ပါးသို့ ပြောင်းလဲသွားကြသောဆရာတော်၊ သံဃာတော်များ၊ လူမျိုးဘာသာဆင်းရဲချမ်းသာ ကြီးငယ်မရွေးတို့၏ ရုပ်အလောင်းများအားနာရေးရှင်တို့၏ အပူမီးကို ငြိမ်းအေးစေလိုသောစိတ်ဆန္ဒဖြင့် အခမဲ့ပို့ဆောင် သင်္ဂြိုလ်ပေးနေသောပရဟိတအဖွဲ့ဖြစ်ပေသည်။ ယခင်ကာလများတွင် ကမာမြေပြင်မှ ထွက်ခွါသွားသူများထဲမှ ရက်သား၊ လသားကလေးသူငယ်များ အားလည်းကျွန်တော်တို့၌ရှိသောနိဗ္ဗာန်ယာဉ်မော်တော်ကားများ၊ အလူမီနီယံမှန်ခေါင်းများစသည်တို့ဖြင့် ပို့ဆောင်သင်္ဂြိုလ်ပေးမှုကိုပြုခဲ့သည်။ထိုစဉ်အခါကရက်သား၊ လသား(၂) နှစ်၊ (၃) နှစ်အရွယ် ကလေးငယ်များ၏ ရုပ်အလောင်းများသည် ကျွန်တော်တို့ သယ်ယူပို့ဆောင်ပေးနေသော နိဗ္ဗာန်ယာဉ်ကြီးများတွင်ရှိသောအလူမီနီယမ်အခေါင်းထဲတွင် (စကောဝိုင်းထဲတွင် လူးလိမ့်နေသော ဇီးဖြူသီးလေးများပမာ)လူးလိမ့်ရွေ့လျားနေရမှုကိုစိတ်မချမ်းမြေ့ဖွယ်ရာတွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် လူ့လောကထဲသို့ ရောက်ရှိလာပြီးမကောင်းမှုအကုသိုလ်အလုပ်များကိုလုံးဝမလုပ်ဆောင်ဘဲနှင့်အသက် ဆုံးရှုံးသွားခဲ့ရရှာသော အပြစ်မဲ့ကလေးငယ်များ၏နာရေးကိစ္စကိုအကောင်းမွန်ဆုံး အသင့်တော်ဆုံးဖြစ်အောင် နာရေးပို့ဆောင် သင်္ဂြိုလ်ပေးမှုအစီအစဉ်အသစ်အားကျွန်တော်တို့ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါတော့သည်။ ၂ဝ၁၃ခုနှစ်၊ ဧပြီလ (၃) ရက်နေ့ နံနက် (၁၁းဝဝ)နာရီအချိန်တွင် အေးမြသာယာလမ်း၊ လေးထောင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မိခင်ဖြစ်သူဒေါ်ကြည်ကြည်လှိုင်၏ ရင်သွေးငယ်လေးဖြစ်သူBaby မောင်ကြည်ကြည်လှိုင် အသက်(၂)ရက်အားရန်ကင်းကလေးဆေးရုံကြီးတွင်ဆုံးပါးသွားကြောင်းဆက်သွယ်အကြောင်းကြား လာခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးကျော်သူနှင့် အသင်းသား/သူများတို့သည် အသင်းမှ ဝယ်ယူတင်သွင်းထားသော Toyota Caldina(စက်ရုပ်ကား)ဖြင့်သွားရောက်၍ သယ်ဆောင်ပေးခဲ့ကာရေဝေးသုဿန်တွင် အေးချမ်းစွာဖြင့် သင်္ဂြိုလ်ပေးခြင်းကုသိုလ်ကောင်းမှုအား လုပ်ဆောင်ပေးခဲ့သည်။မိခင်ဖြစ်သူမှာBaby မောင်ကြည်ကြည်လှိုင်အားခွဲစိပ်မွေးဖွားပြီးသော အချိန်ကာလ(၂) ရက်သာရှိသေးသည့်အတွက် ဆေးရုံမှ ဆင်းခွင့်မရရှိသေးပေ။
 
 ကလေးငယ်၏ဖခင်ဖြစ်သူမှာလည်းခရီးသယ်ပို့ဆောင်ရေးမော်တော်ယာဉ်အားမောင်းနှင်ပြေးဆွဲပေးနေရ သဖြင့် သားငယ်လေး၏ နောက်ဆုံးခရီးဈာပနအခမ်းအနားအားလိုက်ပါပို့ဆောင်ခွင့် မရရှိခဲ့ပေ။ ဦးလေးဖြစ်သူတစ်ဦးတည်းသာယင်းဈာပနအခမ်းအနားသို့ လိုက်ပါပို့ဆောင်ပေးခဲ့ရလေသည်။ မည်သို့ပင်ဖြစ်စေကာမှု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ Toyota Caldina(စက်ရုပ်ကား) အသစ်အားနောက်ခန်းထိုင်ခုံအားအလောင်းတင်နိုင်ရန် အဆင့်မြှင့်ပြုပြင်မွမ်းမံကာ အပြစ်မဲ့သောကလေးသူငယ်များအတွက်မေတ္တာ၊ ကရုဏာ၊ အကြင်နာတို့ကိုလက်ကိုင်ပြု၍ ကုသိုလ်ယူပေးဆပ်ခွင့် ရရှိခဲ့သည့်အတွက် များစွာပီတိဖြစ်ခဲ့ရပါတော့သည်။ ဘဝတစ်ပါးသို့ ကူးပြောင်းသွားရှာသောBaby မောင်ကြည်ကြည်လှိုင်အား ကျွန်တော်တို့သွားရောက်၍ ရန်ကင်းကလေးဆေးရုံကြီး၏ ရေခဲတိုက်ထဲမှ သယ်ဆောင်ခဲ့စဉ်ကအပြစ်ကင်းစင်သော ကလေးငယ်လေး၏မျက်နှာသည် ကျေနပ်ပီတိဖြစ်ကာ ပြုံးယောင်သန်းနေသည်ကို မထင်မှတ်ဘဲတွေ့မြင်ခဲ့ရလေသည်။ ကွယ်လွန်သွားရှာသောကလေးငယ်လေး၏ မျက်နှာသည်လည်းလုံးဝ . အပြစ်ကင်းစင်လျှက်ရှိသည်။ သဘာဝတရားကြီးသည်လည်း. . . အပြစ်ကင်းစင်လျှက်ရှိသည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း . . . အပြစ်ကင်းစင်လျှက်ရှိသည်။ ကျွန်တော်တို့၏ လက်စွဲတော် နိဗ္ဗာန်ယာဉ်အသစ်ကလေး(Baby Only) သည်လည်း . . . အပြစ်ကင်းစင်လျှက်ရှိသည်။ ကပ်ဘေးအမျိုးမျိုးကြုံတွေ့ရင်ဆိုင်နေကြရသောကမ္ဘာလောကကြီးထဲရှိ လူသားများအပြစ်ကင်းစင်ဖို့ ကျင့်ကြံအားထုတ် နေထိုင်သွားဖို့သာလိုအပ်ပါတော့သည်။( ကျော်သူ )
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ

“စည်းလုံးခြင်းသည်အင်အား (ဗုဒ္ဓဘာသာဝင်အားလုံးအတွက်)”

$
0
0
အမျိုး ဘာသာ သာသနာ မကွယ်ပျောက်အောင် ကာကွယ်နိုင်ဖို့အတွက် အထူးလိုအပ်ချက် တစ်ခုကတော့ 
ဗုဒ္ဓဘာသာဝင်အချင်းချင်း စည်းလုံးညီညွတ်မှုရရှိရေးပဲ ဖြစ်ပါတယ်။ စည်းလုံးခြင်းသည် အင်အားဆိုတဲ့ စကားတစ်ခုရှိပါတယ်။ စည်းလုံးမှုကြောင့် ရရှိလာတဲ့ အင်အားဟာ လောကမှာ အကြီးမားဆုံးအင်အားပဲ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှု ကြီးမားလေ အင်အားကလည်း ကောင်းလေပါပဲ။
နိုင်ငံတစ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ လူမျိုးတစ်မျိုးမှာပဲဖြစ်ဖြစ်၊ ဘာသာတစ်ခုမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုမှာပဲ ဖြစ်ဖြစ် စည်းလုံးညီညွတ်မှု ရှိဖို့ လိုအပ်ပါတယ်။ စည်းလုံးညီညွတ်မှု မရှိရင် အင်အားမရှိတဲ့အတွက် ကြာကြာမခံဘဲ ပျက်စီးတတ်ပါတယ်။ မြန်မာလူမျိုးများအနေနဲ့ မိမိတို့ အမျိုး ဘသာကို မကွယ်မပျောက်အောင် ကာကွယ်ဖို့ဆိုရင် စည်လုံးညီညွတ်မှု အင်အားဟာ မရှိမဖြစ်လိုအပ်ပါတယ်။ တစ်ယောက်တစ်ပေါက် မဖြစ်ဖို့လိုအပ်သလို ၊သစ္စာဖောက်လောက်ကောင် မဖြစ်အောင်လည်း ဂရုစိုက်ရမည်ဖြစ်၏။ “တာဝန်သိသူက တာဝန်ရှိသလို ရှေ့က ဦးဆောင်လုပ်နေရင် ကိုယ်လည်းနောက်ကနေတစ်တပ်တစ်အားပါဝင်ရမည်ဖြစ်၏။ ရှေ့ကလည်းဦးမဆောင် နောက်ကလည်း မလိုက်ဘဲ ဘေးထိုင်၊ ဘိုင်ကျ၊ ဘုစကားပြောခြင်းကို အထူးရှောင်ကြဉ်ရပါမယ်။ တာဝန်မသိတဲ့သူမှာ တာဝန်မရှိတတ်ပါဘူး။ တာဝန်မရှိဘူးလို့ထင်မှတ်ပြီး ဘာမှမလုပ်ဘဲနေချင်ရင်နေနိုင်ပါတယ်။ ဒါပေမယ့် တာဝန်သိသိနဲ့ အမျိုး ဘာသာ သာသနာတည်တံ့ တိုးတက် ခိုင်မြဲအောင် လုပ်ကိုင်နေသူများကို အပြစ်ပြောတာမျိုး ရှုံ့ချ ကဲ့ရဲ့ ပြစ်တင်ဝေဖန်တာမျိုး မလုပ်မိပါစေနဲ့။ တစ်ခါတစ်ရံ စဉ်းစားကြည့် အရှေ့ကိုသဲသဲမဲမဲနဲ့ အားသွန်ခွန်စိုက် တစ်စိုက်မတ်မတ်အားထုတ်လုပ်ကိုင်နေရတဲ့ အထဲ နောက်က သစ္စာဖောက်လောက်ကောင်တွေကို ပြန်ရှင်းပြနေရတာ အလုပ်တစ်ခုဆိုတော့ ရှေ့မရောက်ဘဲ ဖြစ်တတ်လို့ “မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့” အနူးအညွတ်တောင်းပန်ချင်တာပါ။




တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စည်းလုံးညီညွတ်မှုရှိဖို့ဆိုတာ အလွန်ကျယ်ဝန်းလှတဲ့အတွက် မပြောလိုပါဘူး။ ဒါပေမယ့် ကိုယ်နဲ့နီးစပ်ရာမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အချင်းချင်း စည်လုံးညီညွတ်မှုအင်အားရှိအောင် တည်ဆောက်သွားကြဖို့ သွေးစည်းညီညွတ်မှုရှိအောင် ပြုလုပ်သွားကြဖို့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင် ကြိုးစားသွားကြဖို့တော့ အထူးပဲ လိုအပ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အချင်းချင်း သွေးစည်းညီညွတ်မှုရှိဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ (၁)။ စုပေါင်းဘုရားဝတ်ပြုခြင်း၊ (၂)။ ဘာသာတူ လူမျိုးတူများနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊ (၃)။ ဘာသာတူ လူမျိုးတူသူများအချင်းချင်းသာ ပေါင်းသင်းဆက်ဆံခြင်း၊ (၄)။ ဘာသာတူ လူမျိုးတူသူအချင်းချင်းသာ အိမ်ထောင်ပြုခြင်းအချက်တွေဖြစ်ပဲဖြစ်ပါတယ်။ စုပေါင်းဘုရားဝတ်ပြုခြင်းဟာလည်း အလွန်အရေးကြီးပါတယ်။ အခြားဘာသာဝင်တွေမှာလည်း သူတို့ရဲ့ လူမျိုးနဲ့ဘာသာ စည်းလုံးညီညွတ်မှုရှိဖို့အတွက် စုပေါင်းဘုရားဝတ်ပြုတဲ့ အလေ့အကျင့်ကောင်းတွေ ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လည်း အခြားဘာသာဝင်တွေက ဗုဒ္ဓဘာသာဝင်တွေထက် ပိုပြီးစည်းလုံးညီညွတ်မှု ရှိကြတာဖြစ်ပါတယ်။

အခုပြောခဲ့တဲ့ စုပေါင်းဘုရားဝတ်ပြုကြတဲ့ အလေ့အကျင့်ကို ဗုဒ္ဓဘာသာဝင်လူငယ် လူလတ်ပိုင်းမှစပြီး လူကြီးပိုင်းများတိုင်အောင် နေ့ရက်၊ အချိန်ကာလ၊ နေရာသတ်မှတ်ပြီး ပြုလုပ်သင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် မိရိုးဖလာဗုဒ္ဓဘာသာဝင်မှ စစ်မှန်သော ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အချို့ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓနဲ့ပတ်သတ်တဲ့ ဓမ္မရေးရာဆိုင်ရာတွေကို နှိုက်နှိုက်ချွတ်ချွတ် သိဖို့အပထား၊ ဘုရားရှိခိုးရင် မပါမဖြစ်တဲ့ သြကာသကန်တော့ကျိုးတောင်မှ ဖြောင့်ဖြောင့်တန်းတန်း မရကြပါဘူး။ ငါးပါးသီလ၊ ဆွမ်းတော်ကပ်၊ ပန်းတော်ကပ်၊ ပရိတ်ကြီးဆိုတာကတော့ ဝေးလှဝေးပါပဲ၊အချို့ဆိုရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ မင်္ဂလာတရားဆိုတာ ဘာကိုဆိုလိုတာမှန်းတောင် မသိကြပါဘူး။ ဒီလိုအပ်ချက်တွေကို အခုပြောခဲ့တဲ့ စုပေါင်းဘုရားရှိခိုးတက်ခြင်းက အထောက်အကူပေးနိုင်ပါလိမ့်မယ်။ စုပေါင်းဘုရားရှိခိုးတက်ခြင်းကြောင့် ရရှိလာတဲ့ ဒိဋ္ဌလက်ငင်းအကျိုးကျေးဇူးတွေကတော့

၁။ မိမိကိုယ်မိမိ ဗုဒ္ဓဘာသာဝင်အဖြစ်ဟု အသိအမှတ်ပြုခြင်း၊
၂။ မရရှိသေးတဲ့ ဘုရားရှိခိုး အမျိုးမျိုးရရှိခြင်း။
၃။ မိမိတို့ ကိုးကွယ်တဲ့ဘာသာတရားကို တန်ဖိုးထားတတ်လာခြင်း။
၎။ လူမျိုးခြား ဘာသာခြားတွေအပေါ် အထင်ကြီးတဲ့စိတ်မရှိဘဲ မိမိတို့လူမျိုးနှင့် ဘာသာအပေါ် သစ္စာစောင့်သိခြင်း။
၅။ အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်များပြင်းပြထက်သန်ခြင်း။
၆။ ဗုဒ္ဓဘာသာဝင်အချင်းချင်း စည်းလုံးညီညွတ်မှုရှိခြင်း။
၇။ သံသရာကျင်လည်ရာ၌ ကောင်းသောအထောက်အပံ့များကို ရရှိခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

စုပေါင်းဘုရားရှိခိုးမယ်ဆိုရင် ဘုရားရှိခိုးတက်ဖို့ နေရာဌာနသတ်သတ်မှတ်မှတ် ရှိထားဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စုပေါင်းဘုရားရှိခိုးဖို့နေရာဌာန ခက်ခက်ခဲခဲကြီးမရှိလှပါဘူး။ မလုပ်လို့သာ အခက်အခဲရှိတယ်လို့ ထင်နေကြတာပါ။ တကယ်လုပ်ကြည့်မည်ဆိုပါက ခက်ခဲလှတဲ့ အရာမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးကျောင်းတွေ၊ ရပ်ကွက်ဓမ္မာရုံတွေ၊ ဇရပ်တန်ဆောင်တွေ၊ သင်တင့်လျောက်ပတ်တဲ့ အိမ်တွေစတဲ့ နေရာဌာနတွေမှာ ဝတ်ပြုလို့ ရှိခိုးလို့ရပါတယ်။
ဒီစုပေါင်းဘုရားဝတ်ပြုပွဲကို အိမ်ထောင်ရှင်တွေကိုယ်တိုင်ဦးဆောင်ပြီး ကိုယ်နဲ့နီးစပ်ရာဝန်းကျင်ရှိ သားသမီးမြေးမြစ်များကို တစ်ခါတည်းပါအောင် ခေါ်ဆောင်သွားကြဖို့ လိုအပ်ပါတယ်။ အကြောင်းကြောင်းတွေကြောင့် ဘုရားရှိခိုးပွဲကို မသွားနိုင်တဲ့ အိမ်ထောင်ရှင်များအနေနဲ့ ကိုယ့်အိမ်ရှိ ဘုရားစင်ရှေ့မှာ ကိုယ့်မိသားစုနဲ့ သံပြိုင်ရွတ်ဆိုပူဇော်လို့လည်းရနိုင်ပါတယ်။ စုပေါင်းဘုရားရှိခိုးခြင်းကို နေ့စဉ်နေ့တိုင်း မပြုလုပ်နိုင်တောင် ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေထူးနေ့မြတ်သတ်မှတ်ထားတဲ့ ဥပုသ်နေ့တစ်ရက်ကိုတော့ မဖြစ်မနေ တက်ရောက်ပူဇော်သင့်ပါတယ်။

အချို့ဘာသာဝင်များဆိုရင် သူတို့ရဲ့ဝတ်ပြုကျောင်းကို တစ်နေ့ကို ငါးကြိမ်အထိတောင်သွားပြီး ဝတ်ပြုကြတာတွေရှိပါတယ်။ ဗုဒ္ဓဘာသာဝင်များအနေနဲ့ အခြားဘာသာဝင်တွေလို တစ်နေ့ကို ငါးကြိမ်အထိတောင်မဟုတ်ပါဘူး။ တစ်ရက်ကိုတစ်ကြိမ်၊ ဒါမှမဟုတ် တစ်ပတ်ကိုတစ်ကြိမ်လောက်တော့ မဖြစ်မနေတက်ရောက်သင့်ပါတယ်။ ဒီစုပေါင်းဘုရားရှိခိုးခြင်းကို ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များ၊ ရပ်ကွက်ဓမ္မာရုံရှိ ဂေါပကလူကြီးများ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့များမှ ဦးဆောင်ကျင်းပမယ်ဆိုရင် ပိုပြီးသင့်လျှော်ပါတယ်။ စုပေါင်းဘုရားရှိခိုးခြင်းကို ကျင်းပမည့်အချိန်ကို မိမိတို့မြို့ရွာရပ်ကွက်ရဲ့ ကာလ၊ ဒေသအလျှောက်သင့်လျော်တဲ့ အချိန်ကို သတ်မှတ်ကြဖို့ လိုပါတယ်။
ဗုဒ္ဓဘာသာဝင်အိမ်ထောင်ရှင်များနှင့် မိမိတို့ရဲ့ ရင်သွေးငယ်များ ဒီနေ့ဒီရက်ဒီအချိန်မှာ ရတနာသုံးပါးကို တူညီစွာအာရုံပြုပြီး စည်းလုံးညီညွတ်စွာ ဘုရားရှိခိုးကြခြင်း၊ မွန်မြတ်သော ဘာသာရေးလုပ်ငန်းများ အတူတကွပြုလုပ်ကြခြင်းစတဲ့အချက်တွေဟာ ဗုဒ္ဓဘာသာဝင်အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုရှိအောင်အပြန်အလှန်လေးစားချစ်ခင်မှုရှိအောင် ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ နောက်ပြီး ဗုဒ္ဓဘာသာဝင်များအားလုံး လူငယ်ဘဝမှာရော အိမ်ထောင်ရှင်ဘဝမှာပါ ဘာသာရေးနှင့် ထိတွေ့မှုကင်းဝေးမသွားစေဖို့၊ ဗုဒ္ဓဘာသာကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်များလျော့နည်းမသွားစေဖို့၊ အမျိုးဘာသာ၊ သာသနာအတွက် တန်ဘိုးထားတဲ့ အိမ်ထောင်ရှင်များဖြစ်လာဖို့၊ ဘာသာရေး လူမှုရေး စီးပွားရေး ကျန်းမာရေး၊ အမျိုးသားရေး၊ ရပ်ရေးရွာရေး၊ စတဲ့ အရေးကဏ္ဍပေါင်းစုံတွေမှာ အသိပေးသင့်တာကို အလွယ်တကူ အသိပေးခွင့် သင်ကြားခွင့် စည်းလုံးခွင့်ရစေဖို့၊ ကိုယ်ကျင့်သီလများ ကောင်းမွန်လာစေဖို့၊ စိတ်ဓာတ်ရေးရာ အဆင့်အတန်း မြင့်မားလာစေဖို့ အိမ်ထောင်ရှင်များရဲ့ ဘဝမှာ မမှားသင့်သည်များကို မမှားရအောင် အစဉ်အမြဲဘာသာရေးနှင့် ထိန်းကျောင်းပြုပြင်ပေးနိုင်ဖို့စတဲ့ မရေမတွက်နိုင်တဲ့ကောင်းကျိုးများ ရရှိနိုင်ပါတယ်။

အဲဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေရဲ့ အစဉ်အလာအရ တစ်လမှာ လေးသီတင်းဥပုသ်သီလစောင့်ထိန်းတဲ့ ဥပုသ်နေ့တိုင်း ဗုဒ္ဓဘသာဝင်အိမ်ထောင်ရှင်များအားလုံး ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံဇရပ်များမှာ စုပေါင်းပြီး ဘုရားရှိခိုးကြတဲ့ အလေ့အကျင့်ကောင်းတွေကို ကျင့်သုံးကြဖို့ တိုက်တွန်းချင်ပါတယ်။ မသွားရောက်နိုင်သူများအဖို့ မိမိအိမ်ယာမှာ မိသားစုများနှင့်စုပေါင်းပြီး ဘုရားရှိခိုင်းခြင်းအမှုကို ပြုလုပ်စေချင်ပါတယ်။ သားသမီးများအား ငယ်စဉ်တည်းက ဘာသာသွေး အသိများ ရရှိစေရန် ဆုံးမပေးသင့်ပါတယ်။

၂။ ဘာသာတူ လူမျိုးတူများနှင့်ရောင်းဝယ်ကားခြင်းဆိုသည်မှာ စီးပွားရေးအနေထားအရ မိမိရှာဖွေလို့ရတဲ့ ငွေကြေးနဲ့ မိမိလူမျိုး မိမိဘာသာရောင်းချသည့်ဆိုင်များမှာသာ အားပေးသင့်ပါတယ်။ အလှူဒါနပြုလုပ်တဲ့အခါ (ဒန်ပေါက်)လှူမှ အလှူဒါနမြောက်တာမဟုတ်ပါဘူး။ အခြားဆွမ်းထမင်းရိုးရိုးများကုလှူရင်လည်း ဒါနမြောက်ပါတယ်။ ဒါနမြောက်ဖို့သာအဓိကပါ။ ဒန်ပေါက်လှူမှ မဟုတ်ပါဘူး။ အကယ်၍အလုပ်ကိစ္စများ ရှုပ်နေ၍ အလွယ်တကူဒန်ပေါက်လှူချင်ပါက ဗုဒ္ဓဘာသာများရောင်းချသော ဆိုင်များမှာ အားပေးလိုက်ပါ။ ထိုငွေသည် မိမိအတွက်ရော မိမိလူမျိုး ဘာသာ သာသနာအတွက် အဆိပ်မသင့်ပါ။ မိမိအပေါင်း အသင်းမိတ်ဆွေများ အလှူလုပ်ရင်လည်း ထိုသို့အကြံပြုစေချင်ပါတယ်။ ဗုဒ္ဓဘာသာဒန်ပေါက်ဆိုင်လိပ်စာများ ကိုယ်စီကိုယ်ငှ ဆောင်ထားသင့်ပါတယ်။ အနည်းဆုံး ဆိုင်နာမည်နှင့် ဖုန်းနံပါတ်လောက်တော့ မှတ်ထားပေးပါ။ မိမိရဲ့မွန်မြတ်သန့်စင်တဲ့ ငွေကြေးကို မိမိဘာသာ လူမျိုး သာသနာအတွက် အင်အားဖြစ်စေမည့် ဘာသာတူ လူမျိုးတူသူဆိုင်များမှာသာအားပေးလိုက်ပါ။

(၃)။ ဘာသာတူ လူမျိုးတူသူအချင်းချင်းသာ ပေါင်းသင်းဆက်ဆံခြင်းဆိုတာက ဘာသာတူ လူမျိုးတူအချင်းချင်း ပေါင်းသင်းဆက်ဆံမှသာလျှင် မိမိဘာသာ လူမျိုး သာသနာ တည်တံ့ရေး၊ တိုးတက်ရေးကို ဆွေးနွေးလို့ တိုင်ပင်လို့ ညှိနှိုင်းလို့ရမည်ဖြစ်၏။ အခြားသူများနှင့်ပေါင်းသင်းဆက်ဆံမည်ဆိုပါက ထိုသို့ညှိနှိုင်း ဆွေးနွေး တိုင်ပင်လို့မရခြင်းဆိုတဲ့ ဆိုးကျိုးတွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေတက်.တက်လို့ပါ။

(၄)။ အိမ်ထောင်ပြုတဲ့အခါမှာလည်း ဘာသာတူ လူမျိုးတူဖို့သိပ်ကိုအရေးကြီးတယ်။ ဘသာမတူ လူမျိုးမတူသူနဲ့ အိမ်ထောင်ပြုလိုက်ရင် သားစဉ်မြေးဆက် လူမျိုးများပျောက်ကွယ်သွားနိုင်ပြီး ဗုဒ္ဓဘာသာဦးရေလျော့နည်း သွားပါလိမ့်မယ်။ မြတ်စွာဘုရားသာသနာတော်က နယ်နယ်ရရမဟုတ်ဘဲ၊ သံသရာတည်းဟူသော ဝဋ်ဆင်းရဲကပင် လွတ်မြောက်နိုင်တဲ့ နိယျာနိကသာသနာတော်ပါ။ မြတ်စွာဘုရားရှင်ဆိုတာကလည်း နောင်တစ်ဖန်ဇာတိပဋိသန္ဓေကို ဖြစ်စေတဲ့ ကံတွေ ကိလေသာတွေကို အကြွင်းမဲ့ ပယ်သတ်ပြီး မအို မနာ မသေရာဖြစ်တဲ့ အသင်္ခတနိဗ္ဗာန်နန်းကို စံမြန်းတော်မူသွားတဲ့ (နိယျာနိက ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်) ပင်ဖြစ်၏။ ထိုနိယျာနိကလို့ခေါ်တဲ့ သံသရာဝဋ်ဆင်းရဲကနေအပြီးအပိုင် လွတ်မြောက်တော်မူသွားတဲ့ နိယျာနိကပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်က တည်ထောင်တော်မူခဲ့တဲ့ နိယျာနိကသာသနာတော်မြတ်ကြီးကို မိမိရဲ့ အိမ်ထောင်ပြုမှားခြင်းဆိုတဲ့ အမျိုးမစောင့်တဲ့ စည်းကမ်းဖောက်မှုကြောင့် မပျက်စီးပါစေနဲ့။ အရည်အသွေးကောင်းတွေရှိတဲ့ သာသနာတော်ကြီးဆိုတာ ကိုးကွယ်သူအရေအတွက်များများလေလေ အရည်အသွေးကောင်းတွေပေါ်လွင် ထင်ရှားလေလေ၊ ကိုးကွယ်ဆည်းကပ်သူ အရေးအတွက်လျော့ပါးသွားရင် အရည်အသွေးကောင်းတွေ လျော့နည်း တတ်ပြီး နောက်ဆုံးကိုးကွယ်သူမရှိတော့ရင် လုံးဝပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုမမှားဖို့အနူးအညွတ်တောင်းပန် အသိပေး ရေးသားလိုက်ရပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

“တန်ဖိုးရှိသောဥပါသကာနှင့် ယုတ်ညံ့သောဥပါသကာ ကွာခြားပုံ”

$
0
0
သရဏဂုံကို ဆောက်တည်၍ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ဥပါသကာယောက်ျား၊ ဥပါသိကာ မိန်းမများသည် ဥပါသကာတို့၏ သီလဖြစ်သည့် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းပြီး အသက်မွေးဝမ်းကျောင်း စင်ကြယ်မှုရှိလျှင် ဥပါသကာကောင်း၊ ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်တော့၏။ ထို့ပြင် ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည်
၁။ရတနာသုံးပါး၊ ကံ- ကံ၏အကျိုးတရားတို့၌ ယုံကြည်မှု သဒ္ဓါရှိခြင်း။
၂။ ကိုယ်ကျင့်သီလရှိခြင်း။
၃။ ပညာမဲ့သူ လူမိုက်တို့ ကြံဆအပ်သည့် “ချမ်းသာ၊ ဆင်းရဲမှုသည်ကံကြောင့်ဖြစ်သည်မဟုတ်၊ အာရုံငါးပါးကို ဤသို့ မြင်- ကြား- တွေ့-ထိလျှင် ဤမည်သော မင်္ဂလာဖြစ်သည်” ဟူသော ကောတုဟလမင်္ဂလာကို မယုံကြည် မလိုက်စားခြင်း၊ ဟူသော ကောတုဟလမင်္ဂလာကို မယုံကြည် မလိုက်စားခြင်း၊
၎။ ကောတုဟလမင်္ဂလာခေါ် လောကီမင်္ဂလာတို့ကို မယုံကြည်ဘဲ ကံကိုသာယုံခြင်း။
၅။ ကုသိုလ်ကောင်းမှု ပြုလုပ်လျှင် သာသနာပြင်ပတိတ္ထိတို့၌ မြတ်သော အလှူခံပုဂ္ဂိုလ်မရှာဘဲ ဤသာသနာတော်၌သာ ရှေးဦးစွာ ဦးစားပေးပြုလုပ်ပြီးမှ တိတ္ထိတို့၏ ထံ၌ပြုလုပ်ခြင်းဟူသော တရားငါးမျိုးတို့နှင့် ပြည့်စုံလျှင် ထိုဥပါသကာ၊ ဥပါသိကာတို့ကို ပရိတ်သတ်လေးပါးနှင့် နတ်အများတို့ ကြည်ညိုနှစ်သက်ခံရသည့်အတွက် ဥပါသကာရတနာ၊ ရနံ့မွှေးကြိုင်သော ပဒုမ္မာကြာ၊ ပုဏ္ဍရိက်ကြာတို့ကဲ့သို့ ဂုဏ်သတင်းလှိုင်သော ဥပါသကပဒုမ၊ ဥပါသကပုဏ္ဍရိကတို့ဟူ၍ ခေါ်ရသည်။


ယုတ်ညံသောဥပါသကာ
ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမများသည် ဥပါသကာတို့၏ သီလဖြစ်သည့် ငါးပါးသီလကို လုံခြုံအောင်လည်း မစောင့်ထိန်း၊ အသက်မွေးဝမ်းကျောင်းမှု၌လည်း မစင်ကြယ်လျှင် ဥပါသကာပျက်၊ ဗုဒ္ဓဘာသာဝင်ပျက်များ ဖြစ်၏။ ထို့ပြင် ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည်၊
၁။ ရတနာသုံးပါး၊ ကံ- ကံ၏အကျိုးတို့၌ ယုံကြည်မှုသဒ္ဓါတရားမရှိခြင်း။
၂။ ကိုယ်ကျင့်သီလမဲ့ခြင်း။
၃။ “အာရုံငါးပါးကို ဤသို့ မြင်- ကြား- တွေ့- ထိလျှင် ဤမည်သောမင်္ဂလာဖြစ်၏” ဟု ပညာမဲ့သူ လူမိုက်တို့ ကြံဆအပ်သော ကောတုဟလ မင်္ဂလာကို ယုံကြည်လိုက်စားခြင်း၊
၎။ ကောတုဟလခေါ်သော လောကီမင်္ဂလာတို့ကိုသာ ယုံကြည်၍ ကံကိုမယုံကြည်ခြင်း။
၅။ သာသနာပြင်ပရှိ တိတ္ထိတို့ထံ၌သာ မြတ်သောအလှူခံပုဂ္ဂိုလ်ကိုရှာ၍ ကုသိုလ်ကောင်းမှု ပြုလုပ်လျှင် ထိုတိတ္ထိတို့အား ဦးစားပေးကာ ရှေးဦးစွာ လှူဒါန်းမှု စသည်ကို ပြုလုပ်ပြီး နောက်မှ ဘုရားသာသနာ၌ ပြုလုပ်ခြင်း။
ဟူသော တရားငါးမျိုးနှင့်ပြည့်စုံလျှင် ဥပါသကာပျက်များဖြစ်၍ ထိုဥပါသကာ ဥပါသိကာတို့ကို ဒွန်းစဏ္ဍားကဲ့သို့ ယုတ်ညံ့၍ ဥပါသကာ စဏ္ဍာလ၊ အညစ်အကြေးများရှိ၍ ဥပါသကမလ၊ ရွံရှာစက်ဆုပ်ဖွယ်ဖြစ်၍ ဥပါသက ပတိကုဋ္ဌဟူ၍ခေါ်သည်ဟု (ပဉ္စကအင်္ဂုတ္တရပါဠိတော်) စဏ္ဍာလသုတ်၌ မြတ်စွာဘုရားဟောကြားထား၏။
ဤ””ဥပါသကာပျက်” ဟုဆိုရာ၌ ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် ငါးပါးသီလည်း မလုံခြုံ၊ အသက်မွေးမှုလည်းမစင်ကြယ်လျှင် “ဥပါသကာပျက်” သာဖြစ်၏။ သရဏဂုံကား မပျက်၊ ဆက်လက်တည်မြဲလျက်ပင်ရှိ၏။ သို့သော် သဒ္ဓါတရားမရှိခြင်း၊ စသောဖော်ပြပါတရားငါးမျိုးတို့နှင့်ပြည့်စုံခဲ့လျှင် “ရတနာသုံးပါး ကံ- ကံ၏အကျိုးတို့ကို မယုံကြည်မှု၊ ရတနာသုံးပါးထက် သာသနာပြင်ပတိတ္ထိတို့ကို အမြတ်ထား၍ မြတ်သောအလှူခံပုဂ္ဂိုလ်(အဂ္ဂဒက္ခိဏေယျ) အဖြစ် လှူဒါန်းမှု”စသည်တို့ကြောင့် ဥပါသကာပျက်ဖြစ်သည့်အပြင် သရဏဂုံလည်းပျက်တော့၏။ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ရပ်စဲသွားပါတော့သည်။
ထို့ကြောင့် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ဥပါသကာကောင်း ဥပါသိကာကောင်း ဗုဒ္ဓဘာသာဝင်ကောင်းများဖြစ်အောင် ဥပါသကာ၏ သီလ၊ ဥပါသကာ၏ အသက်မွေးမှု၊ဥပါသကာတို့ပြည့်စုံရမည့် တရားငါးမျိုးတို့နှင့် ပြည့်စုံအောင် အစဉ်သတိထားလျက် နေထိုင်ကျင့်သုံးသင့်လှပေးကြောင်း အသိပေးအပ်ပါသည်။
ကျမ်းကိုး။       ။ ပဉ္စက အင်္ဂုတ္တရပါဠိတော်။ ဗုဒ္ဓဘသာဂုဏ်ရည်(ဓမ္မာစရိယ ဦးအေးနိုင်)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

“သတိထားဖွယ် ရေသောက်မြစ်ပမာ မျိုးမြန်မာကို ဖျက်စီးနေသည့်ပိုးမွှား အန္တရာယ်”

$
0
0
မြန်မာလူမျိုးတိုင်း အမျိုးသားရေးနဲ့ ပတ်သက်လာရင် နေရာတိုင်းမှာ စိတ်ကောင်းစေတနာကောင်းတွေ
ထားမနေသင့်ဘူး။ ဒီလိုပြောလိုက်လို့ သူတို့ကို အကြောင်းမဲ့ သတ်ပစ်ရမယ်လို့ဆိုလိုတာမျိုးမဟုတ်ပါဘူး။ ဘာဖြစ်လို့ စိတ်ကောင်းစေတနာကောင်းတွေထားမနေသင့်ဘူးလို့ပြောရတာလည်းဆိုရင် လူမျိုးခြား ဘာသာခြားတွေဟာ မြန်မာလူမျိုးတွေရဲ့ စိတ်ကောင်း စေတနာကောင်းတွေ၊ ဖော်ရွေမှုတွေ၊ ဧည့်ဝတ်ကျေပြွန်မှု တွေကို အခွင့်ကောင်းယူပြီး အိမ်ရှင်တွေကို ပြန်လည်စော်ကား အသုံးချနေကြတာကို သတိထားသင့်ပါတယ်။ ဒါကြောင့် ဘာသာခြားများနဲ့ပတ်သတ်လာရင် ဒီလိုစိတ်ကောင်း စေတနာကောင်းတွေမထားသင့်ဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ စိတ်ကောင်း စေတနာကောင်းထားလို့ မထိုက်တဲ့သူကို စိတ်ကောင်းစေတနာကောင်း တွေထားလိုက်မယ်ဆိုရင် “သူခိုး ဓားရိုးကန်း၊ အဆင်းဘီးတပ်၊ မြင်းကို ဂျိုတပ်ပေးသလိုဖြစ်ပြီး”အချိန်တန်ရင်အိမ်ရှင်ကိုပင် ပြန်လည်စော်ကား ကျေးဇူးကန်းသောကြောင့်ပင်ဖြစ်၏။

မိမိတို့ရဲ့ မြန်မာနိုင်ငံကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မသိမ်းပိုက်ကာ ကျွန်ပြုအုပ်ချုပ်ခဲ့တဲ့ နယ်ချဲ့မျက်နှာဖြူကို မိမိတို့ရဲ့ အဘိုးအဘွားတွေဟာ စိတ်ကောင်းစေတနာကောင်းတွေထားပြီး သည်းခံခွင့်လွှတ် မေတ္တာပို့ပေးနေခဲ့မယ်ဆိုရင် မိမိတို့ယခုအချိန်ထိ ကျွန်ဘဝမှ လွတ်မြောက်သေးမှာ မဟုတ်ပါဘူး။ မိမိတို့ ယခုတွေ့ကြုံနေကြရတဲ့ လူမျိုးခြား၊ ဘာသာခြားတွေရဲ့ အန္တရာယ်ဟာ ဗြိတိသျှကိုလိုနီ နယ်ချဲ့တွေရဲ့အန္တရာယ်ထက်ပိုပြီး ကြောက်ဖို့ကောင်းပါတယ်။ ဗြိတိသျှကိုလိုနီနယ်ချဲ့တွေဟာ မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့ပြီး မိမိတို့ ဘိုးဘွားတွေကို သူ့ကျွန်ဘဝရောက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးများကို ပျောက်အောင် မျိုးတုံးသွားအောင် မလုပ်နိုင်ခဲ့သလို ဗုဒ္ဓဘာသာကိုလည်း ပျောက်ကွယ်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။
လူမျိုးနဲ့ဘာသာ ပျောက်အောင်မလုပ်နိုင်ခဲ့တဲ့အတွက် နယ်ချဲ့ကိုတော်လှန်ဖို့ အာဇာနည်သူရဲကောင်းတွေ ဗိုလ်ချုပ်အောင်ဆန်းတို့ကဲ့သို့ သူရဲကောင်းများပေါ်လာပြီး တော်လှန်ဆင်နွှဲနိုင်ခဲ့ပါတယ်။ အဲဒီနောက် ကိုယ်မင်းကိုယ့်ချင်းနဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်နိုင်ခဲ့ကြပါတယ်။ ဒီလိုလွတ်လပ်ရေး ပြန်ရအောင် လုပ်နိုင်ခဲ့အတွက် ဗြိတိသျှတွေရဲ့ လက်ချက်ကြောင့် မြန်မာနိုင်ငံဆုံးရှုံးမှု ဖြစ်ခဲ့ရပေမယ့် ယာယီဆုံးရှုံးမှုသာ ဖြစ်ခဲ့ရပါတယ်။ ထာဝရဆုံးရှုံးမှု မဖြစ်ခဲ့ရပါဘူး။

လူမျိုးခြား ဘာသာခြားတွေကတော့ ဗြိတိသျှနယ်ချဲ့တွေလို နိုင်ငံကို လက်နက်တွေနဲ့ သိမ်းပိုက်နေမျိုးမဟုတ်ဘဲ လူကနေ လူကိုမျိုပြီး လူမျိုးကိုရော ဘာသာကိုပါ ပျောက်ကွယ်သွားအောင် သိမ်းပိုက်နေပါတယ်။ လူမျိုးခြား ဘာသာခြားတွေရဲ့ လက်ချက်ကြောင့် လူမျိုးနဲ့ ဘာသာပျောက်သွားပြီးဆိုရင် နိုင်ငံလည်း အလိုလိုပျောက်ကွယ်သွားနိုင်ပါတယ်။ အရင်က ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ အာဖဂန်နစ္စတန်စတဲ့ နိုင်ငံတွေက သက်သေပါပဲ။
ထင်ရှားစေတဲ့ ဥပမာလေးတစ်ခုချပြပါဦးမည်။ မြန်မာနိုင်ငံဆိုတာ မြေပေါ်မှာ ထင်ထင်ရှားရှား ပေါက်နေတဲ့ သစ်ပင်ကြီးနဲ့တူပါတယ်။ မြန်မာလူမျိုးတွေကတော့ အဲဒီသစ်ပင်ကြီး ရှင်သန်နေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မြေအောက်က ရောက်သောက်မြစ်တွေနဲ့ တူပါတယ်။ လူမျိုးခြား ဘာသာခြားတွေကတော့ ရေသောက်မြစ်တွေကို ကိုက်ဖြတ်စားသောက်နေတဲ့ ပိုးမွှားတွေနဲ့တူပါတယ်။ ဗြိတိသျှတွေက မြန်မာနိုင်ငံဆိုတဲ့ သစ်ပင်ကြီးကို ခုတ်လှဲဖျက်ဆီးနိုင်ခဲ့ပေမယ့် မြန်မာလူမျိုးဆိုတဲ့ ရေသောက်မြစ်များကို ပျက်အောင် မဖျက်ဆီး နိုင်ခဲ့ပါဘူး။ ဒီလိုရေသောက်မြစ်ဆိုတဲ့ မြန်မာလူမျိုးကို မျိုးတုန်းမဖျက်ဆီးနိုင်ခဲ့လို့လည်း အဲဒီရေသောက်မြစ်နဲ့တူတဲ့ မြန်မာလူမျိုးတွေကနေ မြန်မာနိုင်ငံဆိုတဲ့ သစ်ပင်ကြီးပြန်လည် ရှင်သန် ပေါက်ဖွားပေးနိုင်ခဲ့တာပါ။

လူမျိုးခြား ဘာသာခြားတွေကတော့ ဗြိတိသျှတွေလို ထင်ထင်ရှားရှား တွေ့မြင်နေရတဲ့ မြန်မာနိုင်ငံဆိုတဲ့ သစ်ပင်ကြီးကို ခုတ်လှဲဖျက်ဆီးနေတာမဟုတ်ဘဲ၊ ဒီသစ်ပင်ကြီးကို ရှင်သန်ကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မြေအောက်က မြန်မာလူမျိုးနဲ့တူတဲ့ ရေသောက်မြစ်ကို လူမသိ သူမသိအောင်တစ်မျိုး၊ လူသိ သူသိအောင်တစ်မျိုး၊ ခြောက်တလှည့်၊ ချောတခါ၊ အကြမ်းမဖက်ဘဲ စည်းစိမ်ဥစ္စာဖြင့် ဖျားယောင်း၍တနည်း၊ အကြမ်းဖက်၍တစ်ဖုံ နည်းမျိုးစုံသုံးကာ ကိုက်ဖြတ် ဖျက်ဆီးစားသောက်နေတဲ့ပိုးတွေနဲ့ တူနေပါတယ်။

ဒီပိုးကောင်တွေရဲ့ ကိုက်ဖြတ်စားသောက်မှုကို မကာကွယ်နိုင်ဘူးဆိုရင် မြန်မာလူမျိုးဆိုတဲ့ အမြစ်တွေ ပျက်စီးလျော့နည်းကုန်ခန်းသွားပြီး နောက်ဆုံး သစ်ပင်ကြီးပါ ဘုံးဘုံးလဲပြီး မရှုမလှ ပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခါပြိုလဲပျက်စီးပျက်စီးသွားရင်တော့ အမြစ်ရင်းပါမကျန် ဖျက်စီးခံလိုက်ရတဲ့အတွက် နောင်ဘယ်သောအခါမှ ပြန်လည်ရှင်သန်နိုင်စွမ်းရှိတော့မှာ မဟုတ်ပါဘူး။ တစ်ခဏ ပြိုလဲပျက်စီးခြင်း မဟုတ်ဘဲ ရေသောက်မြစ်ကိုဖျက်ဆီးပစ်လိုက်တာကြောင့် ထာဝရပြိုလဲ ပျက်စီးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူမျိုးခြား ဘာသာခြားတွေရဲ့ အန္တရာယ်ဟာ ဗြိတိသျှ နယ်ချဲ့တွေရဲ့ အန္တရာယ်ထက်ပိုပြီး ကြောက်ဖို့ကောင်းတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ မြန်မာနိုင်ငံဆိုတဲ့ သစ်ပင်ကြီးကို အပြင်ပန်းကနေကြည့်မယ်ဆိုရင်တော့ အကောင်းပကတိ အတိုင်း စိမ်းလန်းဝေဆာနေတယ်လို့ မြင်ကြမှာပဲ။ ဒီလိုမြင်နေတဲ့အတွက် ဒို့အပင်ကြီးတော့ ဘာအန္တရာယ်မှ မရှိပါဘူး ဆိုပြီး အန္တရာယ်ကို အထင်သေး အမြင်သေးတဲ့ အတွေးစိတ်တွေ ဝင်နေရင်တော့ အမှားကြီးမှားကြပါ လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီအပင်ကြီးအတွက် မရှိမဖြစ်လိုအပ်တဲ့ မြေအောက်က  ရေသောက်မြစ်တွေကို ပိုးကောင်တွေက အရှိန်ပြင်းပြင်း၊ ဝီရိယကောင်းကောင်း၊ ဇွဲသန်သန်၊ အင်အားအသုံးပြုပြီး ကိုက်ဖြတ်ဖျက်စီး နေကြတယ်ဆိုတာ အားလုံးအသိပင်ဖြစ်ပါတယ်။ ရေသောက်မြစ်ကိုလည်း ကိုက်ဖြတ်ဖျက်စီးနေသလို အကိုင်းအခက်များကိုလည်း ရသလောက် ဖျက်စီးနေကြတယ်ဆိုတာ လက်တွေ့ပါပဲ။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်းဟာ အင်္ဂလိပ်နယ်ချဲ့ထပ်ပိုပြီး အန္တရာယ်ကြီးမားတဲ့ ဒီပိုကောင်တွေကို အမြဲတမ်းသတိထား ကာကွယ်သွားကြဖို့လိုအပ်ပါတယ်။ ကျားဆိုတဲ့ သတ္တဝါဟာ သားကောင်ကို ဘယ်တော့မှ သနားမှမဟုတ်ပါဘူး။ အချိန်ရှိတိုင်းသားကောင်ကို ဖမ်းအုပ်ဖို့ ချောင်းမြောင်းနေတယ်ဆိုတာသတိထားစေ ချင်ပါတယ်။ ချောင်းမြောင်းနေတဲ့ သားကောင်ဟာ မြန်မာမိန်းကလေးတွေဆိုတဲ့ ယုန်သူငယ်မတွေပဲဖြစ် ပါတယ်။ ယုန်သူမငယ်တွေဟာ သူတို့အတွက် မဟာစည်းစိမ်ကြီးဖြစ်သလို သူတို့လူမျိုး သူတို့ဘာသာ ကြီးပွားတိုးတက်ဖို့အတွက်လည်း မဟာလက်နက်ကြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ ယုန်သူမငယ်တွေကိုပဲ ကျားတွေက အဓိကအဖြစ်ဖမ်းယူကြပါတယ်။

ယုန်သူမငယ်တွေအနေနဲ့ ဒီကျားတွေကို ကိုယ်ကပဲ သတိထားပြီး လွတ်ကင်းအောင် ရှောင်ကြဉ်ရပါမယ်။ လွတ်ကင်းအောင် ရှောင်ကြဉ်နိုင်ဖို့လည်း အရေးကြီးပါတယ်။ လွတ်အောင်မရှောင်နိုင်ခဲ့ရင်တော့ မျိုးတုန်းပျောက်ကွယ်သွားပါလိမ့်မယ်။ အမျိုးသားကလေးတွေ အနေနဲ့လည်း ကိုယ့် ဘာသာဝင် မိန်းကလေးများကို မိမိရဲ့ ဆွေမျိုး အရင်းအချာကဲ့သို့သဘောထားပြီး စောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။  ကျားအန္တရာယ်ကကင်းရှင်းအောင် စောင့်ရှောက်ပေးရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီမိစ္ဆာကျားများ အန္တရာယ်က ကင်းဝေးအောင် ရွှေမြန်မာ မိန်းကလေးရော ယောက်ျားလေးများပါမကျန် ရှောင်ကြဉ်ရကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ သူတို့နဲ့
(၁)။ စီးပွားရေးမပတ်သတ်ပါနဲ့။ မိမိဘာသာ မိမိလူမျိုး ရောင်းသည့်ဆိုင်များတွင်သာ ဝယ်ယူကြရန်။
(၂)။ လူမှုရေး မပတ်သတ်ရန်။
(၃)။ အိမ်ထောင်ရေးကို (လုံးဝ) လုံးဝ မပတ်သတ်ရန်။ မိမိနဲ့ ဘာသာတူ အချင်းချင်းသာ အိမ်ထောင်ပြုရန်။
(၄)။ မိမိရဲ့ သားသမီးများအား ငယ်စဉ်ကတည်းက ဘာသာသွေးရှိဖို့ ယဉ်ကျေးမှု သင်တန်းများ သင်ကြားစေပြီး၊ ယခုချိန်ကစလို့ ဘာသာရေးအသိ အမျိုးသားရေးအသိများရရှိလာအောင် သွန်သင် ဆုံးမမှုများ ပေးထားရန်။
(၅)။ မိမိသားသမီးများသာမက နီးစပ်ရာဆွေမျိုး အပေါင်းအသင်းမိတ်ဆွေများ၏ သားသမီးငယ်များအားလည်း
ဘာသာရေးအသိ၊ အမျိုးသားရေးအသိများရရှိလာအောင် သွန်သင် ဆုံးမ ပြောပြနားချပေးရန်။
(၅)။ မိမိရက်ကွက်၊ ကျေးရွာ၊ မြို့နယ်များတွင် မျက်နှာစိမ်းဘာသာခြားသူများ ဝင်ထွက်သွားလာမှု များရှိလာပါက မိမိတို့ အချင်းချင်း တိုင်ပင်စည်းရုံးကာ အကောင်းဆုံးနည်းလမ်းကိုရှာဖွေကြရန်။
(၆)။ ဘာသာတူအချင်းချင်း စည်းစည်းလုံးလုံးနေထိုင်ကြရန် ဖြစ်၏။
ဤအချက်များကို လိုက်နာကျင့်ကြံမည်ဆိုပါက ရေသောက်မြစ်လည်း အဖျက်ပိုးမွှားအန္တရာယ်မှကင်းပြီး သစ်ပင်ကြီးနဲ့တူတဲ့ မြန်မာနိုင်ငံတော်ကြီးလည်း စည်ပင်ထွန်းကား စိမ်းလန်းဝေဆာနေမည်သာ ဖြစ်ပေတော့သည်။
ဖိုးပညော(သပိတ်ကျင်း)၏ ရေသောက်မြစ်ပမာ မျိုးမြန်မာဆောင်းပါးကို ဖြည့်စွက်ရေးသားထားပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ

"ဂုဏ်ယူဖွယ်ရာစိတ်ထားနှင့် တမလွန်ဘဝမှ အလင်းပေးသူ"

$
0
0
တမလွန်ဘဝသို့ ရောက်ရှိသွားသောသူသည် မွန်မြတ်သော အလှူဒါနတစ်ခုကို အောင်မြင်စွာ လုပ်ဆောင် သွားသည့်ကိစ္စရပ်အား (၄.၃.၂ဝ၁၃) ရက်နေ့တွင် တွေ့ကြုံခဲ့ရပါသည်။ ၄.၃.၂ဝ၁၃ ရက်နေ့တွင် အမှတ် ၉၂၂၊ ပင်းယလမ်း၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ဖုန်းမေ အသက် (၆၈) နှစ်သည် ကွယ်လွန်သွားခဲ့ သည်။ နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားနှင့် ယာဉ်မောင်း/နောက်လိုက်တို့ ရောက်ရှိချိန် ၌ နာရေးရှင်မိသားစုတို့မှ ခေတ္တခဏ စောင့်ဆိုင်းပေးပါရန် တောင်းဆိုခဲ့သဖြင့် (၁ဝ) မိနစ်ခန့်စောင့်ခဲ့သည်။ နာရေးရှင်၏ပြောပြချက်အရ ကွယ်လွန်သူ ဒေါ်ဖုန်းမေသည် မိမိ၏ မျက်ကြည်လွှာအား အမျိုးသားမျက်စိဘဏ်တွင် လှူဒါန်းထားပြီးဖြစ်သည်။ အမျိုးသားမျက်စိဘဏ်မှ မျက်ကြည်လွှာအား သူနာပြု (Nurse) ရောက်ရှိသောအခါ မျက်ကြည်လွှာအလှူရှင် ဒေါ်ဖုန်းမေ၏ မျက်ကြည်လွှာ (၁) စုံအား မိနစ် (၃ဝ) ခန့် ထုတ်ယူခဲ့ပြီးနောက် နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။ မျက်စိဝေဒနာရှင်တစ်ဦး မျက်ကြည်လွှာမကောင်းလျှင် ကွယ်လွန်သွားသူတို့မှ လှူဒါန်းထားသော မျက် ကြည်လွှာဖြင့်သာ အစားထိုးကုသရပေသည်။


မျက်ကြည်လွှာအလှူသည် အလှူရှင်ကွယ်လွန်မှသာ ရသည်ဖြစ်၍ လွန်စွာရှားပါးသော အလှူဒါနဖြစ်သည်။ မျက်စိမမြင်သူနှစ်ဦး၏ ဘဝအား အမြင်အာရုံပြန်လည်ရရှိစေပြီး လူ့ လောကထဲတွင် စိတ်ချမ်းသာစွာနှင့် နေထိုင်သွားနိုင်မည်ဖြစ်သည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်ပင် လေးအသေင်္ချနှင့် ကမ္ဘာတစ်သိန်း စွန့်ခြင်းငါးပါး ဖြစ်သော လက်၊ ခြေ၊ မျက်လုံး၊ အသက်တို့အပြင် ဇနီး၊ သားသမီး တို့အား ဝေနေယျများစွာ သတ္တဝါတို့အတွက် လောကအကျိုးစီးပွားအလို့ငှာ ကြိမ်ဖန်များစွာ စွန့်လွှတ်အနစ်နာခံကာ လှူဒါန်းခဲ့သည်။

အလွန့်အလွန် မွန်မြတ် သော အလှူဒါနပါရမီ ဖြစ်ပါသည်။ ထို့ကြောင့် တမလွန်မှ အလင်းပေးသွားသော မျက်ကြည်လွှာအလှူရှင် ဒေါ်ဖုန်းမေအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ လိုက်လံပို့ဆောင် သင်္ဂြိုလ်လိုက်ရသည့်အတွက် အလှူရှင်များနှင့်တကွ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အသင်းသား/သူများ၊ ဝန်ထမ်းများတို့မှ ကုသိုလ်အကျိုးထူးများရရှိသဖြင့် မျက်ကြည်လွှာ အလှူရှင် ဒေါ်ဖုန်းမေ အား သာဓု .. သာဓု .. သာဓု ခေါ်ဆိုလိုက်ရပါတော့သည်။ မျက်စိလှူကြ၊ မျက်ကြည်ရ၊ မြတ်သည့်လှူဒါန တစ်ခုဖြစ်သည်။ (ကျော်သူ)

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ 

"လောကမှာငွေ(သို့) အမျိုး ဘာသာ သာသနာကာကွယ်ချင်သူများအတွက်"

$
0
0
ငွေဆိုတဲ့ အရာကို လူတွေအားလုံးက ဒုတိယဘုရားသခင်လို့ သတ်မှတ်ထားကြပါတယ်။ ငွေရှိရင်
ဘာမဆိုဖြစ်နိုင်တယ်။ လုပ်သမျှတင့်တယ်တယ်။ ငွေနဲ့ပြီးမြောက်လို့ရတဲ့ အရာတွေ လောကကြီးမှာ အများကြီးရှိပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ငွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါကြောင့်မို့ လူမျိုးခြား ဘာသာခြားတွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဖြစ်တဲ့ ငွေကိုမရ-ရအောင် ရှာဖွေစုဆောင်းကြပါတယ်။ ငွေကြေးဥစ္စာပြည့်စုံလာတဲ့ အခါမှာလည်း ရှာဖွေစုဆောင်းမှု ဝီရိယက ရပ်တန့်မနေဘဲ ဆထက်ကြီးပွားတိုးတက်အောင် ကြိုးစားကြပါတယ်။

ဒါဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း အားကျအတုယူသင့်တဲ့နည်းလမ်းပဲဖြစ်ပါ တယ်။ ငွေကြေးချမ်းသာကြွယ်ဝအောင် လုပ်ဖို့ကိစ္စဟာ ကိုယ့်ဘဝကြီးပွား တိုးတက်ရေးအတွက် သာမက မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာ မကွယ်ပျောက်အောင် ကာကွယ်တဲ့ နေရာမှာလည်း အထူးအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာကိုလည်း သဘောပေါက်ထားဖို့ လိုပါတယ်။ လူမျိုးခြား ဘာသာခြားတွေဟာ ငွေကြေးကိုရအောင်ကြိုးစားရှာပြီး အဲဒီငွေကြေးနဲ့ပဲ မြန်မာမိန်းကလေးတွေကို မက်လုံးပေးအရယူကြပါတယ်။ ငွေကြေးဟာ လူတွေရဲ့ သည်းချေကြိုက်ဖြစ်တဲ့အတွက် အချို့မြန်မာမိန်းကလေးတွေဟာ ငွေကြေးရဲ့ လှည့်စားမှုအောက်မှာ အလူးအလိမ့်ခံရပြီး လူမျိုးခြားဘာသာခြားတွေရဲ့ မယားဘဝရောက်သွားကြပါတယ်။ အဲဒီငွေကို ဘယ်သူကပေးတာလဲဆိုရင် မြန်မာကပဲပေးတာပါ။ ဘာလို့လဲဆိုတော့ ဘာသာခြား လူမျိုးခြားဆိုင်တွေကို ရှောင်ကြဉ်ကောင်းမှန်းမသိ၊ သိအောင်လည်းမလေ့လာ။ မလေ့လာတော့မသိ၊ မသိတော့ ဘာသာခြားဆိုင်မှန်းသိသိကြီးနဲ့ အမျိုးမစစ် ဘာသာမချစ်သူတွေက အားပေးလိုက်ရော။ အားပေးလိုက်တော့ သူတို့မှာ အမြတ်စွန်းတွေရကြ။ ရကြတော့အဲဒီငွေနဲ့ပဲ မြန်မာနဲ့ မြန်မာဗုဒ္ဓ ဘာသာဝင်တွေပြန်ပြီး ဒုက္ခပေးကြတာဖြစ်ပါတယ်။ ပြုပြင်စရာ ပြင်ဆင်စရာများပင်ဖြစ်၏။
ဒီနေရာလေးမှာ အဓိကထားပြီး ပြောချင်တာက မြန်မာမျိုးဆက်သစ်လူငယ်တွေကိုပါပဲ။

ယနေ့လူငယ် ဖြစ်နေကြပေမယ့် နောင်ဝယ်လူကြီးတွေဖြစ်လာကြမှာ မလွဲမသွေဖြစ်ပါတယ်။ အခုခေတ် ဗုဒ္ဓဘာသာ မြန်မာလူငယ်တွေဟာ များသောအားဖြင့် အမျိုးသားရေး၊ ဘာသာရေး၊ စီးပွားရေးထက် အပျော်အပါး အသောက်အစား၊ အလောင်းကစားဘက်ကို ပိုပြီးခုံမင်နေကြတာကို တွေ့ရပါတယ်။ အမျိုးသားရေးဆို တာလည်း ဘာမှမသိ၊ ဘာသာရေးဆိုတာလည်းဗလာနတ္ထိ၊ စီးပွားရေးဆိုတာလည်း ဦးနှောက်ထဲမှာ မရှိဆိုတဲ့ လူသားပါပဲ၊ လူမျိုးခြား ဘာသာခြားလူငယ်တွေမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ အမျိုးသားရေးစိတ်ဓာတ်ကလည်း ထက်သန်၊ ဘာသာရေးစိတ်ဓာတ်ကလည်းပြည့်ဝ၊ စီးပွားရေးဦးနှောက်ကလည်း ရှိနေကြတာတွေ့ရပါတယ်။ ဒီလိုလူငယ် လူရွယ်ကတည်းက အစစအရာရာ ကွာခြားနေကြမယ်ဆိုရင် အသက်အရွယ်ရလာတဲ့အခါတွေမှာလည်း အဘက်ဘက်က ကွာခြားသွားမှာ သေချာပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာမြန်မာလူငယ်တိုင်း အမျိုးသားရေးသတိ၊ ဘာသာရေးသတိ၊ စီးပွားရေးမျက်စိ တွေအားလုံးဖွင့်ထားကြဖို့ လိုအပ်လာပါပြီ။ အပျော်အပါး၊ အသောက်အစား၊ လောင်းကစားမှုတွေဟာ အမျိုးသားရေးဘက်ကပဲ ကြည့်ကြည့်၊ ဘာသာရေးဘက်ကပဲကြည့်ကြည့်၊ စီးပွားရေးဘက်ကပဲကြည့်ကြည့် ဘယ်နေရာမှ အနစ်မရှိပါဘူး။ လူမျိုးခြား ဘာသာခြား လူငယ်လူရွယ်တွေက သူတို့အမျိုးသားရေး၊ ဘာသာရေး၊ စီးပွားရေးတွေကို တက်တက်ကြွကြွ လုံ့လဝီရိယရှိရှိနဲ့ ကြိုးစားနေကြတဲ့အချိန်မှာ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေက အီးယောင်ဝါးလုပ်နေကြမယ်ဆိုရင် နောင်တစ်ချိန်မှာ အဘက်ဘက်က နောက်ကျကျန်နေခဲ့နိုင်ပါတယ်။ တစ်ချို့ရှိပါသေးတယ်။ ခါးထောင်းတစ်ခြား၊ ဖင်တစ်ခါးသူတွေ၊ ကိုယ့်အမျိုးသားရေး ၊ ဘာသာရေး၊ စီးပွားရေးကို တက်တက်ကြွကြွ လုပ်ဆောင်ခြင်း၊ ထိုအမျိုးသားရေး ဘာသာရေး၊ စီးပွားရေးကို လေးလေးနက်နက်မတွေးခေါ်ဘဲ သူများဘာသာရေး၊ လူမျိုးရေး စီးပွားရေးအတွက် တွေးခေါ်ပေးတဲ့ပုံစံများ၊ (ဥပမာ) ဗုဒ္ဓဘာသာဝင်ဆိုင်တွေမှာဈေးဝယ်ပါ၊ ဗုဒ္ဓဘာသာအချင်းချင်း စည်းလုံးညီညွတ်စွာပေါင်းသင်းပါ၊ ဗုဒ္ဓဘာသာအချင်းချင်း အိမ်ထောင်ပြုကြပါလို့ တိုက်တွန်းနေသူများကိုပင် အမြင်ကျဉ်းတယ်။ လူမျိုးရေး ဘာသာရေးခွဲခြားတယ်ဆိုပြီး အသားထဲကထွက်တဲ့ လောက်ကောင်လို သူတစ်ပါး ဘာသာ၊ လူမျိုး စီးပွားရေးကိုထည့်တွက်ပေးသလိုလို လုပ်နေ၊ ပြောနေတာတွေက ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး၊ ကိုယ့်စီးပွားရေးကိုထည့်မစဉ်းစားဘဲ သူတစ်ပါးအကျိုးဖြစ်ထွန်းဖို့၊ (တစ်နည်းပြောရရင်) ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး၊ ကိုယ့်စီးပွားရေးပျက်အောင် လုပ်ဆောင်နေခြင်းမျိုးသာဖြစ်ပါတယ်။ ဒီလောက်ထိ ဦးနှောက်အဆန်ချောင်ခြင်းမျိုး၊ တွေးခေါ်မှုဆိုင်ရာ ဥာဏ်ဖျင်းမှုမျိုးမဖြစ်သင့်တာအမှန်ပင်ဖြစ်၏။
တစ်ချိန်တုန်းက မြန်မာနိုင်ငံရဲ့အမျိုးသားရေး၊ ဘာသာရေးဟာ တစ်ကောင်တည်းပြေးနေ တဲ့ မြင်းလို မောင်ရင်ရပ်နား၊ ရေငတ်ရင်သောက်၊ နေပူရင်အရိပ်မှာ အေးအေးဆေးဆေး နားနေလို့ရပါတယ်။ အခုချိန်မှာတော့ အဲသည်လို မဟုတ်တော့ပါဘူး။ ကိုယ်ကရှေးကနေ ဦးဆောင်ပြီး ပြေးနေရတယ်ဆိုပေမယ့် ကိုယ့်ကိုကျော်တက်ပြီး ပန်းဝင်ဖို့ကြိုးစားနေတဲ့ ပြိုင်မြင်းတွေက လည်း ရှိနေကြပြီးဖြစ်တဲ့အတွက် သူပြိုင် ကိုယ်ပြိုင် အနိုင်ကြဲနိုင်မှ တော်ရာကျပါတယ်။ ဒါကြောင့်မို့ မြန်မာလူမျိုးတိုင်း အရာရာကို မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ လျှစ်လျှူရှုမနေသင့်ပါဘူး။ လုပ်သင့်လုပ်ထိုက်တာတွေကို သွက်သွက်လက်လက် ထက်ထက်မြက်မြက်နဲ့ လုပ်ကိုင်ပြီး မျက်စိကိုဖွင့် နားကိုစွင့်ထားကြဖို့ပါပဲ။

အပျော်အပါး
အမျိုးသားရေး ဘာသာရေးကို ကာကွယ်တဲ့နေရာမှာ ငွေဟာ အရေးကြီးသလို အချိန်ဆိုတာလည်း အရေးကြီးပါတယ်။ ပျောက်သွားတဲ့ ပတ္ထမြားကိုပြန်ရှာလို့ ရနိုင်ပေမယ့် ကုန်လွန်သွားတဲ့ တစ်စက္ကန့်ကိုတော့ ဘယ်လိုနည်းမှ ပြန်ရှာလို့မရနိုင်ပါဘူး။ အချိန်ဟာ ကိုယ်အသုံးချတတ်ရင် အသုံးချတတ်သလောက် တန်ဖိုးရှိပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့အချိန်တွေကို အပျော်အပါးတွေနဲ့ အချိန်မကုန်မိကြဖို့ လိုအပ်ပါတယ်။ အပျော်အပါးကို လိုက်စားနေတဲ့အချိန်ဟာ မိမိစီးပွားဥစ္စာကို ဖျက်ဆီးနေတဲ့ အချိန်ပဲဖြစ်ပါတယ်။ အပျော်ရဲ့နောက်မှာ အပါးဆိုတာပါ-ပါတယ်။ အပါးဆိုတာ အချိန်ကို ကုန်ပါးခြင်း၊ ကုန်ပါးသွားခြင်းကို ဆိုလိုပါတယ်။ အပျော်အပျက်ဆိုတာလည်း ဒီအတိုင်းပါပဲ။ အပျော်ရဲ့နောက်မှာ အပျက်ဆိုတာ တစ်ခါတည်း ကပ်ပါနေပါတယ်။ လူတစ်ယောက်မှာ အပျော်ဘက်ကို ခုံမင်လာပြီဆိုရင် ပစ္စည်းဥစ္စာမှန်သမျှ ဖျက်စီးဖို့ အကြောင်းဖန်လာပြီလို့သာ မှတ်ရပါမယ်။ အလွန်ပျော်ရာမှ အပျော်လွန်ပြီး ပစ္စည်းဥစ္စာပျက်စီးကြရပါတယ်။
မြန်မာလူမျိုးတွေဟာ အလွန်ပျင်းတတ်ကြတဲ့အတွက် အပျော်ကိုရအောင် ရှာကြပါတယ်။ အပျော်လွန်ကြတဲ့အခါ ပျက်စီးခြင်းကို ရောက်ရပါတယ်။ အပျော်ဆိုတာ အချိန်ကုန်အလုပ်ပျက်ခြင်းရဲ့ အကြောင်းခံဖြစ်ပါတယ်။ အချိန်ပျက်လို့ အလုပ်မဆက်မိတဲ့အခါ ဝင်ငွေမတက် စီးပွားရေးပျက်ကြပါတယ်။ ယခုအချိန်မှာ ဧည့်သည်တခြားလူမျိုးတွေက အိမ်ရှင်တွေဖြစ်ပြီး အိမ်ရှင်မြန်မာတွေက ကျွန်ဖြစ်နေရတဲ့ အခြေနေမျိုးကြုံနေရတာဟာ အချိန်ကုန် အလုပ်ပျက် အပျော်ဖက်ခြင်းကြောင့်သာ ဖြစ်ပါတယ်။ ဒီလိုသာ စီးပွားရေးချွတ်ခြုံကျပြီး တစ်စတစ်စ နိမ့်ကျလာမယ်ဆိုရင် လူမှုရေးတွေမှာလည်း မျက်နှာငယ်ရမယ်။ လူမှုရေးတွေမှာ မျက်နှာငယ်ရမယ်ဆိုရင် ဘာသာရေးဘက်မှာလည်း မှေးမှိန်လာမယ်။ အဲဒီအခါ သမီးကိုပေါင်နှံ၊ သားကိုကျွန်ခံစေပြီး တစ်ပြုံကြီး ဒေဝါလီခံရမယ့်ကိန်း ဆိုက်ပါတော့မယ်။ ဒီလိုပြောလိုက်လို့ ဘာသာခြားတွေကို အထင်ကြီးစေတာမျိုးမဟုတ်ဘဲ သီတဂူဆရာတော်ဘုရားကြီးပြောသလို ဧည့်သည်က အိမ်ရှင်ကို ရိုက်ပြီး အိမ်လုမယ့်အနေအထားမျိုးကြိုးပမ်းနေတဲ့ ဘာသာခြားတို့ရဲ့ ခြေလှမ်းများကို ဥပမာဆောင်ပြီး ပြောပြခြင်းသာဖြစ်ပါတယ်။

ထင်ရှားအောင်ပြောရရင် တစ်ချိန်က မြန်မာနိုင်ငံမှာ စီးပွားရေးချွတ်ခြုံကျခဲ့ဖူးလို့ ချစ်တီးကုလားတွေထံမှာ ချစ်သမီးတွေပေါင်နှံ သိမ်းပိုက်ခံရတာတွေကို အမှတ်ရစေချင်ပါတယ်။ စီးပွားရေးပျက်စီးမှုကြောင့် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရမည့်အရေးကို မေ့လျော့ပြီး ဒီအတိုင်းသာ အပျော်အပါးတွေ များနေကြဦးမယ်ဆိုရင် မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာတွေဟာ အနှေးနဲ့အမြန်တခြားဘာသာ လူမျိုးတွေ လက်ထဲကို ပျော်ဝင်သွားမှာကို စိုးရွံ့မိပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူဦးရေ တဖြည်းဖြည်း ပါး၍ပါး၍သွားပြီး မျိုးတုံးပျောက်ကွယ်သွားခဲ့မယ်ဆိုရင် နောင်လာမယ့် မျိုးဆက်သစ်ရင်သွေးငယ်တို့၏ အနာဂတ်ဟာ ရင်လေးစရာအမှန်ပင်ဖြစ်ပါတယ်။ ဘာသာ သာသနာ လူမျိုးကို ချစ်တယ်၊ ကာကွယ်ချင်တယ်ဆိုရင် အပျော်အပါးနဲ့ အချိန်ကုန်နေခြင်းကို အထူးရှောင်ကြဉ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အသောက်အစား
အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အပျော်အပါးမမက်ဖို့တင်မဟုတ်ဘူး။ အသောက်အစား မဖက်ဖို့လည်း အရေးကြီးပါတယ်။ အသောက်အစားကြောင့် စီးပွားရေးပျက်ရုံတင်မကပါဘူး။ ဘဝပါ ပျက်တတ်ပါတယ်။ လက်ရှိဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ရပ်လုံးကို အထိရောက်ဆုံး ပျက်စီးစေတဲ့ အရာတွေထဲမှာ အသောက်အစားဖြစ်တဲ့ အရက်အမျိုးမျိုးဟာလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။ အရက်ကြောင့် ဗုဒ္ဓဘာသာဝင်အချင်းချင်း အပြန်အလှန်လေးစားချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုကို များစွာထိခိုက်ပျက်စီး စေနိုင်ပါတယ်။ ကျန်းမာရေးဘက်ကကြည့်မယ်ဆိုရင်လည်း အရက်ကြောင့် အသည်းတွေကျွမ်း၊ ဝမ်းတွင်းကလီစာတွေကျွမ်း၊ အသဲကင်ဆာဖြစ်ပြီး သေဆုံးသွားကြတာတွေ၊ နောက်ပြီး အရက်မူးပြီး အေးတဲ့နေရာတွေမှာ အိပ်မိလို့ အအေးပတ်၊ လေဖြတ်ပြီးသေဆုံးသွားကြတဲ့သူတွေ အများကြီးပါပဲ။
အရက်ဟာ ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် အဆိပ်ရည်နဲ့ နှိုင်းယှဉ်ပြီး ဟောတော်မူခဲ့ပါတယ်။ နောက်ပြီး ပစ္စုပ္ပန်တမလွန်နှစ်တန်သော ဆိုးကျိုးတွေကို အမျိုးမျိုးပြပြီး အရေးတကြီးတားမြစ်ထားတဲ့ သုရာမေရယကံကို ကျူးလွန်ခြင်းဖြစ်တဲ့အတွက် ဘာသာရေးဘက်မှာလည်း အနိမ့်ဆုံးအဆင့်ကိုရောက်သွားတာဖြစ်ပါတယ်။ စီးပွားရေးဘက်ကကြည့်ရင်လည်းနေ့စဉ်အရက်ဖိုးကုန်ရတာက တစ်မျိုး၊ စီးပွားရေးစိတ်မဝင်စားတော့ဘဲ မူးရူးနေလို့ ဝင်ငွေမရှိတာက တစ်မျိုး၊ ကျန်းမာရေးချွတ်ယွင်းလို့ ဆေးဖိုးကုန်ရတာက တစ်မျိုးနဲ့ ရေရှည်မှာ စီးပွားရေးကို များစွာထိခိုက်ပျက်စီးနိုင်ပါတယ်။ တစ်နိုင်ငံလုံး တစ်နှစ်တစ်နှစ်ကို အရက်ရဲ့ ပယောဂကြောင့် သေချင်းဆိုးနည်းအမျိုးမျိုးနဲ့ သေရတဲ့ ဗုဒ္ဓဘာသာဝင်တွေကို တိတိကျကျ စာရင်းကောက်ပြီး ဖော်ပြမယ်ဆိုရင် ကြောက်ခမန်းလိလိနှုန်းကို တွေ့ရပါလိမ့်မယ်။
လူမျိုးခြား ဘာသာခြားကို ကာကွယ်တဲ့နေရာမှာ ဗုဒ္ဓဘာသာဝင်တွေဟာ မူးရူးနေလို့ လုံးဝမဖြစ်ပါဘူး။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း၊ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ချင်တယ်ဆိုရင် ဒီအရက်အမျိုးမျိုးကို ကိုယ်တိုင်လည်းမသောက်သင့်သလို ရောင်းလည်းမရောင်းချသင့်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က ဗုဒ္ဓဘာသာဝင်တွေကိုလည်း အရက်ကိုလုံးဝ မသောက်သုံးကြဖို့ အရက်ရဲ့ဆိုးကျိုးတွေကို နားလည်သဘောပေါက်အောင် ရှင်းပြပြီး တားမြစ်ပိတ်ပင်ပေးကြဖို့ လိုအပ်ပါတယ်။ အားလုံးသိတဲ့အတိုင်း မြန်မာရာဇဝင်၌ တောင်ငူဘုရင်တပင်ရွှေထီးသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၏။ ဘုန်းတန်ခိုးတေဇော် အာနုဘော်ရှိ၍ အုပ်ချုပ်ရေးစွမ်းရည်တို့နှင့် လည်း ပြည့်စုံ၏။ ဤသို့အရည်အချင်းများစွာ ရှိပါသော်လည်း ထန်းရည်ကို အလွန်ကြိုက်နှစ်သက် သူဖြစ်သည်။ နောင်အခါ မိစ္ဆာဒိဋ္ဌိအယူရှိသူ ဗရင်ဂျီကုလား တစ်ယောက် နှင့်ပေါင်းမိ၍ ထန်းရည်ထက် သာလွန်ယစ်မူးစေသော စပျစ်ဝိုင်ခေါ် စပျစ်နှင့်ပျားရည်ရောစပ်ပြုလုပ်ထား သည့်အရက်ကို သောက်မိပြီး လျှင် အလွန်စွဲလမ်း သွားလေသည်။ မသောက်ရမနေနိုင် ဖြစ်လာသည်။နေ့စဉ်စပျစ်စိမ်ရည်ကိုသာ သောက်သုံးမှီဝဲ လျက် နေလေတော့သည်။
တပင်ရွှေထီးသည် သေရည်ကိုသာ စွဲစွဲမြဲမြဲသောက်သုံး၍ တိုင်းပြည်အုပ်ချုပ်မှုအဝဝကို လျစ်လျှူရှုထား သည်။ထိုတာဝန်ကို ဘုရင့်နောင်က ယူထားရ၏။ညီတော်သီဟသူ၊စောလကွန်းအိမ်နှင့် သမိန်စောထွက် တို့က တပင်ရွှေထီး၏ သက်တော်စောင့်ရာထူးကို ယူကာ တာဝန်ယူ စောင့်ရှောက်နေကြသည်။ ဘုရင့်နောင် ညီတော်သီဟသူနှင့် စောလကွန်းအိမ်တို့ တိုက်ပွဲသွားစဉ် စစ်တောင်းစား သမိန်စောထွတ်သည် လက်ဝဲ၊ လင်္ကျာ ဓားမှူးတို့နှင့် ပူးပေါင်း ကြံစည်၍ တပင်ရွှေထီးမင်းတရား စက်တော်ခေါ်စဉ် လက်ဝဲဓားမှူးက လုပ်ကြံသတ်ဖြတ်သဖြင့် သက်တော်(၃၅)နှစ်အရွယ်တွင် နတ်ရွာစံ ကံတော်ကုန်လေသည်။
ဤသို့လုပ်ကြံခံရခြင်းမှာ သေရည်သေရက်သောက်ခြင်းကြောင့်ဟု ဆိုမည်ဖြစ်သော်လည်း “အရင်းစစ် အမြစ်မြေက” ဆိုသကဲ့သို့ တပင်ရွှေထီးသည် မူလဓာတ်ခံကပင် ရက်စက်တတ်သော ဒုစရိုက် ဥာဉ်ရှိသူ ဖြစ်သည်။သို့အတွက် မိစ္ဆာဒိဋ္ဌိစရိုက်ရှိသော ဗရင်ဂျီကုလားနှင့်လွယ်ကူစွာ ပေါင်းဖော်မိ၍ လူမိုက်လက်သုံး သေရည်ကို အဖော်အဖြစ် စွဲစွဲလမ်းလမ်း သောက်သုံးပေါင်းဖော်မိခြင်းဖြစ်၏။ တပင်ရွှေထီးသာ အရက်ကို အဖော်မပြုပါက ယင်းသို့ ဘုန်းလက်ရုံးသတ္တိနှင့် ပြည့်စုံသူကို လုပ်ကြံရန်မဆိုထားဘိ စိတ်ကူးဖြင့်ပင် ကြံစည်ဝံ့မည်မဟုတ်ပေ။ယခုမူ လုမိုက်နှင့်လူမိုက်အဖော်ဖြစ်သော အရက်ကိုပေါင်းသင်းမိသဖြင့် ငယ်ငယ် ရွယ်ရွယ်နှင့်ပျက်စီးရလေသည်။
အိမ်ထောင်ရေးဘက်ကကြည့်မယ်ဆိုရင်လည်း လင်လုပ်သူက အရက်သောက် မူးရူးနေပြီး ဇနီးနဲ့သားသမီးတွေ ရဲ့ စားဝတ်နေရေးကို စိတ်ဝင်စားခြင်းမရှိဘဲ မူးလာရင် ဇနီးနဲ့သားသမီးတွေကို ရိုက်နှက်ညှဉ်းဆဲတဲ့အတွက် မိသားစုအားလုံး သောကပူလုံး ကြိမ်မီးအုံသလို ဖြစ်ကြပါတယ်။ တစ်ချို့တွေဆိုရင် အရက်ကြောင့် အိမ်ထောင်ရေး အဆင်မပြေမှုတွေဖြစ်ပြီး လင်မယားကွဲကြတဲ့အထိ ဖြစ်ကြရပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း အမျိုးဘာသာ သာသနာကိုအမှန်တကယ်ချစ်တယ်။ ကာကွယ်ချင်တယ်ဆိုရင် အဖက်ဖက်က ဆိုးကျိုးတွေကိုဖြစ်စေ
တတ်တဲ့ အရက်သေစာများကို မသောက်သုံးကြပါနဲ့လို့ အနူးအညွတ်တောင်းပန်ချင်ပါတယ်။

အလောင်းအစား
အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့အတွက် အသောက်အစား မဖက်ရုံတင်မကသေးပါဘူး။ အလောင်းအစားမျိုးစုံကိုလည်း မဖက်ကြဖို့ အရေးကြီးပြန်ပါတယ်။ အလောင်းအစားမျိုးစုံဆိုတာ ယခုခေတ် လုပ်စားနေကြတဲ့ ချဲထိုးခြင်း၊ ချဲဒိုင်ခံခြင်း၊ နှစ်လုံးထီထိုး၊ နှစ်လုံးဒိုင်ခံခြင်း၊ ဖဲရိုက်ခြင်း၊ ဖဲဒိုင်ခံခြင်း၊ ဘောလုံးပွဲဒိုင်ခံခြင်းစတဲ့ အလောင်းကစားမျိုးစုံကို ဆိုလိုခြင်းဖြစ်ပါတယ်။အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့အတွက်နဲ့ လောင်းကစားမျိုးစုံနဲ့ ဘာဆိုင်သလဲလို့ စောဒကတက်စရာ ပါပဲ။ လောင်းကစားမျိုးစုံဟာ မိသားစုစီးပွားရေးတိုးတက်ဖို့ထက် ပျက်စီးဖို့ကပိုပြီး များပါတယ်။ လောင်းကစားကြောင့် ဆင်းရဲမွဲတေသွားတာ ဘဝပျက်သွားတာပဲရှိပါတယ်။ ချမ်းသာသွားတဲ့ သူတွေကတော့ အတော့်ကိုရှားပါတယ်။
နောက်ပြီး လောင်းကစားမျိုးစုံဟာ ကိုယ့်ဗုဒ္ဓဘာသာတွေအချင်းချင်း တစ်ယောက်အိတ်ထဲကငွေကို တစ်ယောက်က အချောင်နှိုက်ယူဖို့ အပြန်အလှန်ကြိုးစားနေကြခြင်း၊ တစ်ယောက်ပိုင်တဲ့ငွေကို တစ်ယောက်က အလဟသတ်ဖြစ်အောင် အပြန်အလှန်လုပ်နေကြခြင်းဖြစ်ပါတယ်။ လောင်းကစားနဲ့ ပတ်သတ်ပြီး ကြံဆ၊ တွက်ကြ၊ ထိုးကြတဲ့အချိန်ဟာ တိုင်းပြည်အတွက်၊လူမျိုးအတွက်၊ ဘာသာအတွက် ကိုယ့်စီးပွားရေးအတွက် ဘာတစ်ခုမှ အကျိုးဖြစ်ထွန်းမလာပါဘူး။ တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ အမျိုးဘာသာ သာသနာအတွက် ဖြစ်ပေါ်လာမယ့် အကြံကောင်း၊ ဥာဏ်ကောင်းတွေတောင် ဆုတ်ယုတ်ပျက်စီးစေပါတယ်။ ကိုယ့်ဗုဒ္ဓဘသာသာအချင်းချင်း၊ တစ်ယောက်အိတ်ကပ်ထဲက ငွေကို တစ်ယောက်က အချောင်ရအောင် ဘယ်လိုနှိုက်ရကောင်းမလဲဆိုတဲ့ အကြံအစည်ဟာလည်း မကောင်းတဲ့ အကြံအစည်တွေဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်သတ္တိတွေကို ဆုတ်ယုတ်လျော့ပါးပျက်စီးစေပါတယ်။
ဒီထက်ပိုပြီးရှင်းအောင်ပြောရရင် ဒီလိုလောင်းကစားမှုမျိုးတွေ ကျူးလွန်နေကြတာဟာ ကိုယ့်ဗုဒ္ဓဘာသာ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မွဲပြာကျအောင် အပြန်အလှန် လုပ်နေကြခြင်း ဖြစ်ပါတယ်။ နှစ်လုံးတိုက် သုံးလုံးတိုက် ဝယ်ရောင်းလုပ်နေကြတဲ့ သူတွေဟာလည်း နှစ်ဦးနှစ်ဖက် အပြန်အလှန် မွဲပြာကျအောင်လုပ်ဖို့ သဘောတူစာချုပ်များ ချုပ်နေကြခြင်းနှင့်တူပါတယ်။ ဒီလောင်းကစားမှုမျိုးစုံရဲ့ လက်ချက်ကြောင့် လောင်းကစားလုပ်သူတွေရဲ့ လက်တွေ့ဘဝကိုကြည့်မယ်ဆိုရင်လည်း အလုပ်အကိုင်ပျက်၊ ဆွဲကြိုးပြုတ်၊ လက်စွပ်ပြုတ်၊ အိမ်ပေါင်ခြံပေါင်၊နောက်ဆုံးလမ်းဘေးရောက် ဘဝပျက်တဲ့အထိဆိုတော့ အမျိုး ဘာသာ သာသနာကိုကာကွယ်ဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုတောင် အနိုင်နိုင်ရုန်းကန်ရမည့် အနေအထားဆိုတော့ ဗုဒ္ဓဘာသာအတွက် အင်အားလျော့နည်းစေပါတယ်။
နောက်ပြီး လောင်းကစာလုပ်ရာက ရန်ပွဲတွေဖြစ်ပြီး လူသတ်မှုဖြစ်တာတွေ၊ ဖမ်းဆီးအရေးယူ ခံရပြီး ထောင်ကျခံရတာတွေ၊ စီးပွားရေးအဆင်မပြေဖြစ်ပြီး အိမ်ထောင်ရေး ပြိုကွဲသွားကြတာတွေ၊ ဘုရားပွဲ ကထိန်ပွဲစတဲ့ ဘာသာရေးပွဲကို အကြောင်းပြုပြီး လောင်းကစားမျိုးစုံလုပ်ခြင်းအားဖြင့် ဘာသာရေးပွဲရဲ့ အနှစ်သာရကို ဖျက်ဆီးခံရတာတွေဟာ ဒီလောင်းကစားကြောင့်ပင်ဖြစ်၏။ နောက်ပြီး ဗုဒ္ဓဘာသာဝင်အချင်းချင်း လေးစားချစ်ခင်မှု၊ စည်းလုံးညီညွတ်မှု၊ စီးပွားရေးအဆင်မပြေမှု၊ ဘာသာရေးပျက်စီးယိုယွင်းမှုစတဲ့ မကောင်းတဲ့ လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှု ကွဲပြားပြီဆိုလျှင် “နွားကွဲရင် ကျားဆွဲတယ်” ဆိုသလို ဆွဲမည့်ကျားက မြန်မာနိုင်ငံထဲကိုရောက်နေပြီဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေနဲ့ ကိုယ့်ဗုဒ္ဓဘာသာ မြန်မာလူမျိုးအချင်းချင်း တစ်ယောက်ကိုတစ်ယောက် မွဲတေပြာကျအောင် လုပ်နေကြတဲ့ ဒီလောင်းကစားမျိုးစုံသာ ဆက်လက်ရှင်သန်နေဦးမယ်ဆိုရင် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ အထူးလိုအပ်ချက်တစ်ရပ်ဖြစ်တဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဘက်စုံဖွင့်ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက်ဖြစ်စေတတ်တဲ့ အပျော်အပါး၊ အသောက်အစား၊ အလောင်းကစားများကို မကျူးလွန်မိဖို့ အထူးသတိထားက အမျိုး ဘာသာ သာသနာအဓွန့်ရှည် တည်တံ့အောင် မျက်စိကိုဖွင့် နားကိုစွင့်ကာ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး၊ အားသွန်ခွန်စိုက်နဲ့ နယ်ချဲ့လက်ပါး အမျိုးယုတ်များ၏ရန်ကို တွန်းလှန်ကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။
ဖိုးပညော(သပိတ်ကျင်း)၏ လောကမှငွေဆိုတဲ့ ပိုစ့်လေးကို ဖြည့်စွက်ရေးသားထားသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

"လမ်းဆိုးလမ်းညစ်(မိစ္ဆာမဂ္ဂင်) နှင့် လမ်းကောင်း လမ်းမြတ်(အရိယာမဂ္ဂင်)"

$
0
0
မြတ်စွာဘုရားရှင်သည် ဘေးရန်ကင်း၍ ကောင်းကျိုးချမ်းသာဖြစ်စေတတ်သော
လမ်းကောင်း(အရိယာမဂ်)ကို ဖွင့်ပေးတော်မူခဲ့ပြီး၊ ဘေးရန်ထူပြော၍ ပင်ပန်းဆင်းရဲခြင်း ကြီးစွာဖြစ်စေတတ်သော လမ်းဆိုး(မိစ္ဆာမဂ်)ကိုလည်း ပိတ်ပင်တော်မူခဲ့သည်။ ဘေးရန်ကင်းသော လမ်းကောင်းဆိုသည်မှာ အရိယာမဂ္ဂင်ရှစ်ပါး၏အမည်တည်း။ ဘေးအန္တရာယ်ရှိသော လမ်းဆိုးဟူသည်မှာ မိစ္ဆာမဂ္ဂင်ရှစ်ပါးတို့၏ အမည်တည်း။
မိစ္ဆာမဂ္ဂင်ရှစ်ပါးဟူသည်မှာ
၁။ မှားသောအမြင်။ (မိစ္ဆာဒိဋ္ဌိ)
၂။ မှားသာအကြံအစည်( မိစ္ဆာသင်္ကပ္ပ)
၃။ မှားသော စကား (မိစ္ဆာဝါစာ)
၎။ မှားသော ပြုလုပ်မှု (မိစ္ဆာကမ္မန္တ)
၅။ မှားသော အသက်မွေးမှု (မိစ္ဆာအာဇီဝ)
၆။ မှားသော အားထုတ်ခြင်းလုံ့လ (မိစ္ဆာဝါယာမ)
၇။ မှားသော အောက်မေ့မှု (မိစ္ဆာသတိ)
၈။ မှားသောတည်ကြည်ခြင်း (မိစ္ဆာသမာဓိ) တို့ဖြစ်၏။


အရိယာမဂ္ဂင်ရှစ်ပါးဟူသည်မှာ
၁။ မှန်ကန်သောဥာဏ်အမြင် (သမ္မာဒိဋ္ဌိ)
၂။ မှန်ကန်သော အကြံအစည် (သမ္မာသင်္ကပ္ပ)
၃။ မှန်ကန်သော ပြောဆိုမှု (သမ္မာဝါစာ)
၎။ မှန်ကန်သော ပြုလုပ်မှု (သမ္မာကမ္မန္တ)
၅။ မှန်ကန်သော အသက်မွေးမှု (သမ္မာအာဇီဝ)
၆။ မှန်ကန်သော အားထုတ်ခြင်းလုံ့လ (သမ္မာဝါယာမ)
၇။ မှန်ကန်သော အောက်မေ့ခြင်း (သမ္မာသတိ)
၈။ မှန်ကန်သောတည်ကြည်ခြင်း (သမ္မာသမာဓိ) တို့ဖြစ်၏။

မိစ္ဆာမဂ္ဂင်ကားပယ်ရမည့်တရားဖြစ်၍ အရိယာမဂ္ဂင်ကား တွယ်ရမည့် ကျင့်ရမည့်တရားဖြစ်၏။ မိစ္ဆာမဂ္ဂင်ကို လက်ကိုင်ထား ကျင့်ကြံပါက လမ်းဆိုးပေါ်လျောက်လှမ်းခြင်းဖြစ်၍ အပါယ်လေးပါးနှင့် အိုခြင်း နာခြင်း သေခြင်းရှိရာအရာသို့ရောက်ကြောင်းဖြစ်ပြီး အရိယာမဂ္ဂင်ကိုလက်ကိုင်ထား ကျင့်ကြံပါက လမ်းကောင်း လမ်းမြတ်ပေါ်လျောက်လှမ်းခြင်းဖြစ်၍ အိုခြင်း နာခြင်း သေခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်၏။ လမ်းဆိုး လမ်းမှားဖြစ်သော မိစ္ဆာမဂ္ဂင်ကို ပယ်ကာ လမ်းကောင်း လမ်းမြတ်ဖြစ်သော  အရိယာမဂ္ဂင်ကို လက်ကိုင်ထားကျင့်ကြံ၍ မအို မနာ မသေရာဖြစ်သော နိဗ္ဗာန်သို့ရောက်နိုင်ကြပါစေသတည်း။

ကျမ်းကိုး။         ။ ဝိတက္ကသဏ္ဌာနသုတ် 
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

"မြန်မာနှစ်သစ်ကူး ဆုတောင်း"

$
0
0
အားလုံးပဲ မင်္ဂလာပါ။ နှစ်သစ်မင်္ဂလာ နေ့ရက်အခါ၌ မိခင်၊ဖခင်ကျေးဇူးရှင်၊ ဆရာသမား၊ ဆွေးမျိုးညီအစ်ကိုမောင်နှမများ၊ အပေါင်းအသင်း သူငယ်ချင်းမိတ်ဆွေများ၊ သာသနာတော်ကို ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းကြကုန်သော ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများ၊ နိုင်ငံအသီးသီးမှာရောက်ရှိနေထိုင်ကြကုန်သောဗုဒ္ဓဘာသာဝင်သူတော်စင်များ၊ အမိမြန်မာနိုင်ငံတော်မှ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်စင်များ၊ ဦးဇင်းဘလော့သို့လာရောက်အားပေးဖတ်ရှုကြကုန်သော ဓမ္မမိတ်ဆွေများနှင့် အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာမှာ ရှိကြကုန်သော ပုဂ္ဂိုလ် သတ္တဝါအားလုံးတို့၏ အိမ်တွင်း အိမ်ပနှစ်ဌာန၊ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့၌ ကျရောက်တတ်သော ဘေးအမျိုးမျိုး၊ ဒဏ်အမျိုးမျိုး၊ ရန်အမျိုးမျိုး၊ အန္တရာယ်အမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ကပ်အမျိုးမျိုးဟုဆိုအပ်သော မကောင်းအနိဋ္ဌဟူသမျှကင်းစင်လွင့်ပျောက်၍..

 ကောင်းမြတ်အလိုရှိသော အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း၊ မရသေးသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟုဆိုအပ်သော လောကုတ္တရာကောင်းကျိုးချမ်းသာအဖြာဖြာ သမ္ပတ္တိတို့သည် ဖြစ်ပေါ်ရရှိလာအောင်ကျင့်ကြံနိုင်ခြင်း၊ ရရှိပြီးသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ဟုဆိုအပ်သော လောကုတ္တရာကောင်းကျိုးချမ်းသာ အဖြာဖြာသမ္ပတ္တိတို့သည် အကျိတ်အခဲအမြဲတည်၍ ကြီးပွားတိုးတက်အောင်ဆောင်ရွတ်နိုင်ခြင်း၊ မရရှိသေးသော ရာထူး၊ ဂုဏ်သိမ်၊ စည်းစိမ်ဥစ္စာရတနာတည်းဟူသော လောကီကောင်းကျိုးချမ်းသာ အဖြာဖြာသမ္ပတ္တိတို့ကိုရရှိခြင်း၊ ရရှိပြီးသော ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာရတနာအပေါင်းတို့သည် အကြိမ်အခဲအမြဲတည်ခြင်း၊ ကြီးပွားတိုးတက်ခြင်းစသော ကောင်းကျိုးချမ်းသာ မင်္ဂလာတရားတို့နှင့်ပြည့်စုံ၍..

မိမိသဏ္ဌာန်တွင် ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားများကို ပယ်စွန့်နိုင်ခြင်းဆိုတဲ့ သမ္မပ္ပဓာန်လုံ့လ၊ မဖြစ်ပေါ်သေးသော အကုသိုလ်တရားများကို ဖြစ်ပေါ်ခွင့်မရအောင် ကျင့်ကြံနိုင်အားထုတ်နိုင်ခြင်းလို့ခေါ်တဲ့သမ္ပပ္ပဓာန်လုံ့လ၊ မိမိတို့သဏ္ဌာန်ဝယ် မဖြစ်ပေါ်သေးသော ကုသိုလ်တရားများကို ဖြစ်ပေါ်ရရှိအောင် ကျင့်ကြံနိုင်တဲ့ သမ္မပ္ပဓာန်လုံ့လ၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားများ ကြီးပွားတိုးတက်အောင် ကျင့်ကြံနိုင်ခြင်းလို့ခေါ်တဲ့ သမ္မပ္ပဓာန်လုံ့လ၊ ဆိုခဲ့ပြီးသော သမ္မပ္ပဓာန်တရားလေးပါးတို့ကို အညီအမျှလက်ကိုင်ထားကာဖြင့် ဆင်းရဲခြင်းအမှန်တရားဖြစ်တဲ့ ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်ခြင်း( ပရိညာတဗ္ဗကိစ္စ)၊ ထိုဒုက္ခသစ္စာဖြစ်ကြောင်း တဏှာ(လောဘ)တည်းဟူသော သမုဒယသစ္စာကို ပယ်ခွာခြင်း(ပဟာတဗ္ဗကိစ္စ)၊ ထိုဒုက္ခသစ္စာ(ဆင်းရဲခြင်းအမှန်တရား)၊ သမုဒယသစ္စာ(ဆင်းရဲကြောင်းအမှန်တရား) တို့၏ ချုပ်ငြိမ်းရုပ်သိမ်းရာ နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း(သစ္ဆိကာတဗ္ဗကိစ္စ)၊ ထိုဒုက္ခသစ္စာ(ဆင်းရဲခြင်းအမှန်တရား)၊ သမုဒယသစ္စာ(ဆင်းရဲကြောင်းအမှန်တရား) တို့၏ချုပ်ငြိမ်းရာနိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို မျက်မှောက်ပြုရန် အကျင့်ကောင်းအကျင့်မှန်ဖြစ်သောမဂ္ဂသစ္စာကိုပွားများခြင်း(ဘာဝေတဗ္ဗကိစ္စ) တည်းဟူသော မဂ်ကိစ္စလေးချက် တပြိုင်နက်ဖြစ်ကြကုန်လျက်  ဒုက္ခခပ်သိမ်းချုပ်ငြိမ်း ကိလေသာခပ်သိမ်းငြိမ်းအေးရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကို အရဟတ္တဖိုလ်ပေါက် ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေဟူ၍ ဆုတောင်းလိုက်ရပါသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

“ထိတ်လန့်သံဝေဂယူဖွယ်ရာ ဝဋ်မှာအမြဲ”

$
0
0
(န အန္တလိက္ခေ)အစရှိသော ဒေသနာတော်ကိုသာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌သုံးဦးသောသူတို့ကို အကြောင်းပြု၍ ဟောကြားတော်မူ၏။ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ၏။ ရဟန်းတို့သည် ဆွမ်းအလို့ငှာ ရွာသို့ကြွဝင်တော်မူကြ၏။

မီးကွင်းလည်ဆွဲ ကျီးမိုက်မဲ
ရွာသူတို့သည် ရဟန်းတို့အား ဆွမ်းဘောဇဉ်တို့ကို ဆက်ကပ်၏။ ထိုစဉ်အခိုက် အိမ်တစ်အိမ်မှ မိန်းမတစ်ယောက်သည် ဟင်းလျာချက်ပြုတ်နေစဉ် မီးတောက်သည် သက်ငယ်အမိုးကို လောင်၏။ သက်ငယ်အခွေတစ်ခွေသည် ကောင်းကင်သို့ မီးတောက်နှင့်တကွ လွှင့်တက်သွား၏။ ကျီးတစ်ကောင်သည် ပျံသန်းလာရင်း ထိုမီးကွင်းထဲသို့ တိုးဝင်မိ၍ တစ်ကိုယ်လုံးလောင်ကျွမ်းပြီး ကောင်းကင်မှကျ၍ သေလေ၏။ ရဟန်းတော်များက ထိုကျီးမိုက်၏ ဝဋ်ကြွေးကို မြတ်စွာဘုရားရှင်သာလျှင် သိတော်မူ၏။ ကျောင်းသို့ရောက်လျှင် လျှောက်ထားအံ့ဟု ကြံ၏။


အိုးထုပ်လည်ဆွဲ ရေနက်ထဲသို့
အခြားရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် အလာ လှေကြုံစီး၍ လာကြ၏။ သမုဒ္ဒရာ အလယ်သို့ ရောက်လျှင် လှေသည် မတုန်မလှုပ် ရပ်၍နေ၏။ လှေသူကြီးသည် ဤလှေပေါ်၌ ယုတ်မာသူ ပါရှိလိမ့်မည်ဟု ပြောဆို၍ စာရေးတံမဲ နှိုက်ကြစေ၏။ ငယ်ရွယ်သေးသော လှေသူကြီး၏ မယားသည် မဲကျ၏။ သုံးကြိမ်သုံးခါတိုင်တိုင် ထိုအမျိုးသမီးငယ်၌ မဲကျသော် လှေသူကြီးက တစ်ယောက်အတွက် အများဒုက္ခမခံနိုင်၊ ရေလယ်သို့ ပစ်ချကြကုန်လော့ဟု အမိန့်ပေး၏။ထိုသူမငယ် ရေထဲမှတဖန် ပေါ်လာသည်ကို ငါမမြင်လို၊ သဲအိုးကို လည်ပင်း၌ဆွဲပြီး တစ်ခါတည်း မြုပ်သွားအောင် ပစ်ချကြဟု အမိန့်ပေး၏။ ထိုသို့ အမိန့်တိုင်းပြုလုပ်ကြသော် ငါးလိပ်တို့သည် လုယက်၍စားကုန်ကြ၏။ ရဟန်းတို့သည် ဤအချင်းအရာကို ကြည့်၍ အဘယ်သို့ဖြစ်လေသနည်း၊ မြတ်စွာဘုရားရှင်သည်သာ သိပေမည်။ မေးမြန်းလျှောက်ထားကုန်အံ့ဟု စိတ်ကူးထားကြ၏။

ဂူတွင်ပိတ်မိနေသော ရဟန်းခုနစ်ပါး
အခြားတစ်နေရာ၌လည်း ရဟန်းခုနစ်ပါးတို့သည် မြတ်စွာဘုရားထံဖူးမြင်ရန် လာကြ၏။ ညနေချမ်း လမ်းခရီး၌ ကျောင်းတစ်ခုသို့ ဝင်၍တည်းခိုကြ၏။ ကျောင်းရှိရဟန်းတို့က ဂူလိုဏ်တွင် အင်ပျဉ်ခုတင် ခုနစ်လုံးရှိသည်ဖြစ်၍ ဂူလိုဏ်အတွင်း နေရာခင်းကျင်းပြီး အာဂန္တုက ရဟန်းတို့အား ပေး၏။ ညဉ့်အချိန်ရောက်လျှင် တောင်စောင်းမှ ကြီးစွာသော ကျောက်တုံးကြီးလိမ့်ကျလာပြီး ဂူဝ၌ပိတ်ဆို့၏။ ကျောင်းနေရာ ရဟန်းတို့သည် ရွာသူရွာသားများကို သွားရောက်ခေါ်ယူပြီး ဖယ်ရှားကြ၏။ ကျောက်တုံးသည်ရွေ့သည်မျှပင်မရှိပေ။ အတွင်းမှ ရဟန်းခုနစ်ပါးတို့သည် ရှိသမျှအားနှင့်တွန်းကြ၏။ ရွေ့သည်မှမရှိ၊  ခုနစ်ရက်တိုင်တိုင်ပင် ဖယ်ရှားသော်လည်းမရ၊ လိုဏ်ဂူအတွင်းရှိ ရဟန်းခုနစ်ပါးတို့သည် ခုနစ်ရက်တိုင်တိုင် အစာရေစာငတ်ပြတ်၍ ကြီးစွာသော ဆင်းရဲဒုက္ခရောက်ကြရ၏။ ခုနစ်ရက်မြောက်မှ ကျောက်တုံးကြီးသည် အလိုလိုသာလျှင် လိမ့်၍ သွားတော့၏။ ဤသို့မကောင်းကျိုးသည် အဘယ့်ကြောင့် ဖြစ်ရသနည်းဟု အာဂန္တုကရဟန်းတို့သည် မြတ်စွာဘုရားထံရောက်မှ လျှောက်ထားကြကုန်အံ့ဟု ကြံစည်၍ သွား၏။

မြတ်စွာဘုရားဖြေကြားတော်မူပုံ
ရဟန်းသုံးဖွဲ့တို့သည် မြတ်စွာဘုရားအထံတော်၌ ဆုံမိကြ၏။ မိမိတို့တွေ့ကြုံသိမြင်ရသမျှကို လျှောက်ထားမေးမြန်းကြ၏။ မြတ်စွာဘုရားရှင်က အတိတ်ဇာတ်များကို အကြောင်းပြုကာ ဟောကြားတော်မူ၏။
ကျီးမိုက်သည် မိမိပြုခဲ့သောကံကို ခံစားရခြင်းဖြစ်၏။ အတိတ်ဘဝတုန်းက ဗာရာဏသီပြည်မှာ လယ်သမားတစ်ယောက်သည် နွားကတ်တစ်ကောင်ရှိ၏။ နွားသည် အလုပ်ရှိ၍ခိုင်းလျှင် အနည်းငယ်သာသွား၍ လှဲအိပ်၏။ ကြိမ်ဖြင့်ရိုက်သော် အနည်းငယ်သွား၍ တစ်ဖန်အိပ်ပြန်၏။ လယ်သမားသည် ဒေါသထွက်၍ တစ်သက်လုံးအိပ်ပေတော့ဟု နွား၏လည်ကို ကောက်ရိုးတို့ဖြင့်ပတ်ပြီး မီးတိုက်သတ်၏။ ထိုအကုသိုလ်ကံ မကောင်းမှုတို့ကြောင့် ထိုကျီးသည် ငရဲ၌ရှည်လျားစွာခံရပြီး ကံကြွင်းကြောင့် ခုနစ်ကြိမ်တိုင်တိုင် ဤသို့ မီးလောင်၍ သေရဖူးပြီးဟု မိန့်တော်မူ၏။

တစ်ဖန်လှေသူကြီး၏ မိန်းမသည်လည်း အတိတ်ဘဝက ခွေးတစ်ကောင်၏လည်ပင်းတွင် သဲအိုးချည်၍ ရေတွင်ပစ်ချခဲ့သော အကုသိုလ်ကံကြောင့် ယခုဘဝတွင် ရေထဲသို့ပစ်ချပြီးအသတ်ခံရကြောင်း မိန့်ကြားတော်မူပြီး ရဟန်းခုနစ်ပါးသည်လည်း အတိတ် နွားကျောင်းသားငယ်ဘဝတုန်းက အပေါက်ခုနစ်ခုရှိသော တောင်ပို့ကြီးထဲ၌ ဖွတ်ကြီးတစ်ကောင်ကို တစ်ယောက်တစ်ပေါက်စီ ပိတ်ကြပြီး ခုနစ်ရက်ကြာမှ သတိရ၍ အပေါက်ထိုကို ဖွင့်ကြသည်ရှိသော် ပိန်လှီ၍ အရိုးအရေမျှသာရှိသော ဖွတ်သည် တုန်လှုပ်စွာထွက်လာ၏။ သူငယ်တို့သလည်း ဖွတ်ကို သနားကြ၍ မသတ်တော့ဘဲ လွှတ်လိုက်၏။ ထိုဖွတ်ကို မသတ်သောကြောင့် ငရဲသို့မကျခဲ့ပေ။ သို့သော် ထိုကံ၏ အကျိုးဆက်ကြောင့် တစ်ဆယ့်လေးဘဝတိုင်တိုင် ခုနစ်ရက်ပတ်လုံး အစာအဟာရပြတ်သောအဖြစ်ကို ခံခဲ့ကြရကုန်၏ မိန့်တော်မူပါသည်။ ဒီဇာတ်တော်ကို လေ့လာခြင်းဖြင့် ဝဋ်ကြွေးဟူသည် အကုသိုလ်ကံ မကုန်မချင်း ပေးရဆပ်ရမည်သာဖြစ်ကြောင်းနှင့် ထိုဝဋ်သင့်မည့် အကုသိုလ်အလုပ်ကို မလုပ်သင့်ဘဲ ရှောင်သင့်ကြဉ်သင့်လှကြောင်းထင်ရှားပေမည်။ မသေမရှင်ထားပြီး အစာရေစာများဖြတ်တောက်ထားတဲ့အကုသိုလ်ကံကို ကျူးလွန်းမိလျှင်လည်း ထိုအကုသိုလ်ကံကြောင့် မိမိသည်လည်း တစ်ဖန် အစာ ရေစာဖြတ်တောက်ခြင်းကိုခံရမည်ဖြစ်ပြီး၊ ခြေဖြတ်ခြင်း လက်ဖြတ်ခြင်း၊ မျက်လုံးဖောက်ထုတ်ပစ်ခြင်း ခေါင်းဖြတ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း စတဲ့အကုသိုလ်ကံ များကို ပြုလုပ်လျှင်လည်း ထိုကံနဲ့တူညီတဲ့ဝဋ်ကြွေးကိုပြန်လည်ပေးရဆပ် ရမည်ဖြစ်ကြောင်း အသိပေး ရေးသားလိုက်ရပါသည်။

ဝဋ်ကြွေးဟူသည် ကောင်းကင်၌နေသော်လည်း မကောင်းမှုကံမှ မလွတ်နိုင်ရာ၊ သမုဒ္ဒရာအလယ်၌နေ သော်လည်း မကောင်းမှုကံမှ မလွတ်မြောက်နိုင်ရာ၊ တောင်လိုဏ်ခေါင်းသို့ ဝင်၍နေသော်လည်း မကောင်းမှုကံမှ မလွတ်မြောက်နိုင်ရာ၊မည်သည့် အရပ်၌နေနေ မကောင်းမှုတို့မှ လွတ်မြောက်ခြင်းမရှိ။ မကောင်းမှုကံတို့မှ လွတ်မြောက်သည့်အရပ်ဟူသည် မရှိဟု သင်ခန်းစာများရရှိပေသည်။

ကိုးကား။           ။ (ဓမ္မပဒ ၊ပါပဝဂ် ၊တယောဇနဝတ္ထု)
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ

“သတိထားဖွယ် ရှောင်ကြဉ်ရမည့် အလှူများ”

$
0
0
ပေးကမ်းလှူဒါန်းမှုပြုသော်လည်း ဒါနဟု မခေါ်ရ။ အဒါနဟုသာ ခေါ်ရသည့် ပေးကမ်းမှု(၁၀)မျိုးကို မိလိန္ဒပဥှာပါဠိတော် (ဝေဿန္တရပဥှာ) ၌ ဟောကြားတော်မူသည့်အတိုင်း ဖော်ပြပါမည်။ ထိုမပေးလှူကောင်းသော အလှူ(၁၀)မျိုးမှာ
၁။ မူးယစ်စေတတ်သော သေရည်သေရက် စသောအရာများကို ပေးလှူခြင်း= မဇ္ဇဒါန။
၂။ ပွဲလမ်းသဘင် စသည်တို့ကို ပေးလှူခြင်း= သမဇ္ဇဒါန။
၃။ မေထုန်မှီဝဲမှုပြုရန် အမ-သတ္တဝါများကိုပေးလှူခြင်း= ဣတ္ထိဒါန
၎။ မေထုန်မှီဝဲစေရန် နွားလားဥသဘ စသည်ကို ပေးလှူခြင်း= ဥသဘဒါန။
၅။ ကာမဂုဏ်စိတ်ကို ထကြွပွားများစေတတ်သော ပန်းချီကား အရုပ်စသည်ကို ပေးလှူခြင်း= စိတ္တကမ္မဒါန။
၆။ တုတ် ဓား သေနတ်စသော လက်နက်များကို ပေးလှူခြင်း= သတ္တဒါန။
၇။ အဆိပ်ကို ပေးလှူခြင်း= ဝိသဒါန။
၈။ လက်ထိပ်၊ သံခြေကျဉ်း စသည်ကို ပေးလှူခြင်း= သင်္ခလိကဒါန။
၉။ သတ်ဖြတ်စားသောက်ရန် ကြက် ဝက် စသသည်ကို ပေးလှူခြင်း= ကုက္ကုဋသူကရဒါန။
၁၀။ မမှန်ကန်သော ချိန်ခွင်-အလေး တင်းတောင်းကြိုး စသည်ကိုပေးလှူခြင်း= တုလာကူဋဒါနတို့ ဖြစ်ပါသည်။


ထိုအလှူ(၁၀)မျိုးတို့တွင် တစ်မျိုးမျိုးကို ပေးလှူလျှင် ဒါနကုသိုလ် မဖြစ်သည့်အပြင်  အကုသိုလ်တရားဖြစ်ပွား၍ အပါယ်သို့ပင် ကျရောက်နိုင်ကြောင်း မိလိန္ဒပဥှာပါဠိတော်၌ ဟောကြားတော်မူထား၏။ ဝိနည်းငါးကျမ်းတွင် တစ်ကျမ်းအဖြစ်ပါဝင်သော ပရိဝါပါဠိတော်၌လည်း “လူ့လောကတွင် မကောင်းမှုအကုသိုလ်သာ ဖြစ်ပါလျက် လူမိုက်များက ကုသိုလ်ဟု ခေါ်ဝေါ်နေကြသည့် အလှူတို့မှာ ငါးမျိုးရှိ၏။ ထိုငါးမျိုးမှာ (၁)။ သေရည် သေရက် အလှူဟူသော မဇ္ဇဒါန၊ (၂)။ သဘင်အလှူဟူသော သမဇ္ဇဒါန၊ (၃)၊ မိန်းမအလှူဟူသော ဣတ္ထိဒါန၊ (၄)။ နွားလားဥသဘအလှူဟူသော ဥသဘဒါန၊ (၅)။ ကိလေသာပွားကြောင်း ပန်းချီဆေးရေးရုပ် အလှူဟူသော စိတ္တကမ္မဒါနတို့ ဖြစ်၏” ဟု ဟော်ကြားထား၏။

“သူတစ်ပါးတို့ သောက်စားရန် လှူသော ယစ်မျိုးအလှူ၊ သူတစ်ပါးတို့ ကြည့်ရှုပျော်ပါးစေရန်လှူသော ပွဲသဘင်အလှူ၊ အမျိုးသားများ မေထုန်မှီဝဲရန် လှူသော မိန်းမအလှူ၊ နွားမကို သန္ဓေရအောင် လှူသော နွားလားဥသဘအလှူ၊ ကိလေသာပွားရန် ရေးဆွဲထုလုပ်ထားသော ပန်းချီဆေးရေးရုပ်ဟူသော အလှူငါးမျိုးတို့မှာ တဏှာရာဂ ပွားကြောင်း အစစ်ဧကန်ဖြစ်သောကြောင့် ကုသိုလ်မဖြစ်၊ အကုသိုလ်ဖြစ်သော အလှူတို့သာဖြစ်၏။” ဟု ပရိဝါအဋ္ဌကထာ၌ မိန့်ဆိုထား၏။
သို့ရာတွင် ဝိနည်းမဟာဝါပါဠိတော်၌ ရဟန်းတော်တို့အား အရက်ကို လိမ်းကျံရသော နယ်ဆီအဖြစ် အသုံးပြုခွင့်ပေးထားသောကြောင့် အရက်သောက်သုံးရန် မဟုတ်ဘဲ လိမ်းဆေးအဖြစ် အသုံးပြုရန် လှူကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။ အမျိုးသမီးတို့အား အရာမ်စောင့်အဖြစ် အလှူခံခွင့်ပြုထားသော ကြောင့် အမျိုးသမီးများကို အရာမ်စောင့်အတွက် လှူကောင်း၏။ လှူလျှင် ကုသိုလ်ဖြစ်၏။ နွားလား ဥဿဘကို သေနာသနအလို့ငှာ ကျောင်းအား လှူဒါန်းကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။ ပရိဝါအဌကထာ၌ “ဇရပ် တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြဿဒ်၊ မဏ္ဍပ် စသည်တို့၌ ငရဲခန်း၊ ဘုံခန်း၊ တောထွက်ခန်း၊ ပန်းချီ၊ ပန်းပု၊ ရေးထုခြင်းကို ပြုခြင်းငှာအပ်၏” ဟု မိန့်ဆိုထားသောကြောင့် ကိလေသာစိတ်များ မဖြစ်ပွားစေတတ်သည့် ပန်းချီကား၊ ပန်းပုရုပ်တို့ကို ပေးလှူကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။

သမဇ္ဇဒါနအရာ၌ ယခုကာလကဲ့သို့ ပွဲသဘင်များ ငှား၍ ပူဇော်ခြင်းမျိုးကို မည်သည့်နည်းနှင့်မျှ မပြုကောင်း၊ ပထမရွှေကျင်ဆရာတော်ဘုရားကြီးက “အလှူပေးရာ၊ ပွဲထည့်ပါ၊ တိုက်တွန်းလာ၊ သူမိုက်တစ်ယောက် လူမိုက်စကား၊ နားယောင်မှား၊ ပွဲငှားအလှူရှင် သူမိုက်တစ်ယောက်၊” စသည့် ပွဲသဘင်အလှူနှင့်စပ်၍ လူမိုက်ဟူသော အသုံးအနှုန်းဖြင့် မိန့်ဆိုထား၏။ သို့ရာတွင် “အပျက်အချော်၊ အသရော်၊ အလော်မာ၊ ဒုစရိုက်မပါဘဲ၊ ပလလဲတော၌ ပျားလှူသော မျောက်ကဲ့သို့ဖြစ်စေ၊ ဝရုဏနတ်မင်းကဲ့သို့ဖြစ်စေ မိမိ၏ အလှူတွင် ဝမ်းမြောက်ကြည်ရုံ သဒ္ဓါဟုန်ဖြင့် ကိုယ်တိုင်ကခုန်၍ ရတနာသုံးပါးအား ပူဇော်ကောင်း၏။ ပူဇော်လျှင် ကုသိုလ်ဖြစ်၏” ဟု ဆုံးဖြတ်ထားပေသည်။

ထို့ပြင် အဆင်းလှပသော မိန်းမယောက်ျားတို့သည် ရူပဒါနဖြစ်စေရန် အကြည့်ရှုခံ၍ အဆင်းကိုလှူအံ့၊ သဒ္ဒဒါနဖြစ်စေရန် သီချင်းသီဆို၍ အသံကို လှူအံ့၊ ဂန္ဓဒါနဖြစ်စေရန် အနမ်းအရှုခံ၍ အနံ့ကို လှူအံ့။ ဖောဋ္ဌဗ္ဗဒါနဖြစ်စေရန် အမွေ့အပိုက်ကိုခံ၍ အတွေ့ကိုလှူအံ့။ ဤအလုံးစုံသည် ကုသိုလ်မဖြစ်၊ အကုသိုလ်သာဖြစ်သည်။ ကုသိုလ်ဇောမစော၊ အမိုက်ဇော၊ အမှားဇောတွေသာ စောသည်။ အမိုက်ဇော ဆိုသည်မှာ မောဟဇော၊ အမှားဇောဆိုသည်မှာ ဒိဋ္ဌိဇောကို ဆိုသည်။ “ဖလေပါဋိကင်္ခိတွာ” ဟု ဒက္ခိဏဝိဘင်္ဂသုတ် အဋ္ဌကထာဆိုသောကြောင့် ကုသိုလ်လို၍ ပေးမှ ဒါနဆိုရသည်။ “ချစ်ပေး၊ ကြိုက်ပေး၊ ကြောက်ပေး(လာဘ်မျှော်ပေး) စသည်တို့ကို ဒါနမဆိုရ၊”ဟု တတိယရွှေကျင်သာသနာပိုင် ဒီပဲယင်းဆရာတော်ဘုရားကြီးက ပရမတ္ထစက္ခု ကျမ်း၌ မိန့်ဆိုထား၏။

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးကလည်း “ကြည်လင်စင်ကြယ်သော သဒ္ဓါတရားဖြင့်ပေးခြင်း မဟုတ်ဘဲ ချစ်ကြိုက်၍ ပေးခြင်း၊ စိတ်ဆိုး၍ပေးခြင်း၊ ကြောက်ရွံ့၍ပေးခြင်း၊၊ မိုက်မဲတွေဝေ၍ပေးခြင်းမှ စ၍ပေးခြင်း ဟူသမျှကို လောက၌ ပြုကျင့်ကြမြဲ ဝတ္ထရားအတိုင်း ပေးခြင်းမျိုးဖြစ်၍ ဒါနပါရမီနှင့် မသက်ဆိုင်” ဟု ဒါနမမည်သော ပေးခြင်းမျိုးကို မိန့်ဆိုထားပေသည်။ သို့ဖြစ်၍ အထက်ပါ ဒါနမမည်သော အလှူဒါနများအား မပြုလုပ်မိ၊ မလှူမိစေရန် သတိထားသင့်ပါကြောင်း အသိပေးလိုက်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Viewing all 296 articles
Browse latest View live