Quantcast
Channel: ဝီရဓမ္မ
Viewing all 296 articles
Browse latest View live

"ဝမ်းမြောက်ဖွယ် ကျွဲနွားတို့၏အသက်ကယ်ရန် ဆရာတော်များ ညှိနှိုင်း"

$
0
0
ကျိုက်လတ်မြို “မြတ်စေတနာသံဃာအဖွဲ့မှဦးဆောင်၍ မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များ၊ဘာသာရေး အသင်းအဖွဲ့များ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့သူမြို့သားအပေါင်းတို့သည် ၂၆-၁-၂၀၁၃၊ နေ့လယ် ၁နာရီအချိန်၌ တိလောကမာရဇိန်ဘုရားကြီး၊သာသနာ့ဗိမာန်တော်အတွင်း၊ ဇီဝိတဒါန ကျွဲနွားတို့၏ အသက်ကယ်ရန် လေလံဆွဲရေးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဦးစွာ ဒက္ခိဏာရုံဒွါရစာသင်တိုက်ဆရာတော်က သြ၀ါဒစကား ဟောကြားရာ ““ကျွဲနွားတို့၏ အသားကိုစားခြင်းသည် မိဘ၏အသားကိုစားသည်နှင့် ညီကြောင်း ဒါကြောင့် မိဘကျေးဇူးဆပ်သလို ကျွဲနွားများ၏ အသက်ကိုလည်း ကယ်တင်ကြရန်နှင့် ကိုယ်တိုင်ပြုမှ ပါဏာတိပါတကံ ထိုက်သည်
မဟုတ်၊ တိုက်တွန်းလျှင်လည်း ကံ ထိုက်ကြောင်း””ဟောကြားခဲ့သည်။

၎င်းနောက် ရှမ်းကျောင်း ကျောင်းတိုက်၊ ဆရာတော်မှလည်း ““ဖျာပုံခရိုင် ၄မြိ့နယ်အတွင်း ဓမ္မပါလ (တရားစောင့်တဲ့) ဘုန်းကြီးတို့ ကျိုက်လတ်တစ်မြို့ပဲ ဇီဝိတ ဒါနအနေနဲ့ ကျန်တော့တာပါ။ ကျွဲနွားတို့၏ အသက်ကိုကယ်ပါ”” ဟုတိုက်တွန်းခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျိုက်လတ်မြို့နယ် အုပ်ချုပ်ရေးမှူးက“ဆရာတော်များ၏ ရည်ရွယ်ချက်မှာလည်း ကောင်းမွန်ကြောင်း၊ ၂၀၁၂-၂၀၁၃အတွက် ရုံးဒေါင့်နှင့် လှိုင်းတာကျေးရွာများ အပါအ၀င်လေလံကြေးသိန်း ၂၃၀ ဖြစ်ကြောင်း၊ ဒီအတွက် အဓိကမှာ ငွေကြေးပင်ဖြစ်ပြီး အားလုံးစည်းလုံးကြလျှင် ဆရာတော်များ၏ ဆန္ဒပြည့်ဝမှာဖြစ်ကြောင်းနှင့် ဖျာပုံခရိုင် ၄မြို့နယ်မှာ ကျိုက်လတ်တစ်မြို့တည်း ကျန်နေတာလည်း စိတ်မကောင်းစရာဖြစ်ပါတယ်”” ဟု ဆရာတော်များအား လျှောက်ထားခဲ့ပါသည်။

သားသတ်လိုင်စင်နှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ထပ်မံလျှောက်ထားရာ ““ကြေးနန်းစာအရ နေပြည်တော်ကောင်စီအုပ်ချုပ်ရေးနယ်မြေအတွင်းမှာ သားသတ်လိုင်စင်တွေကို လိုင်စင်အနေနဲ့မပေးဘဲနဲ့ သက်ဆိုင်ရာမြို့ရွာ ဆရာဝန်၊ မြို့နယ် တိ/မွေးကုဆရာ ၀န်တွေရဲ့ ထောက်ခံမှုနဲ့သားသတ်ခွင့်ပေးပါမယ်၊ ပြီးရင်အခွန်ကောက်တဲ့စနစ်၊ လေလံပေးတဲ့စနစ်ဒီ ၂ ခုပေါ်မှာ အားသာချက်၊ အားနည်းချက် ဘယ်လိုလုပ်သင့်တယ်ဆိုတာ တိုင်း၊ ခရိုင်၊ ညွန်ကြားရေးမှူး၊စည်ပင်၊ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုအကြံပြုချက် တောင်းပါတယ် ဘုရား၊ လေလံပစ်တဲ့လုပ်ငန်းကို လုပ်သင့်၊ မလုပ်သင့် သို့တည်းမဟုတ်သတ်မှတ်ချက်ကို နိုင်ငံတော် အခွန်လည်းမလျော့အောင် သတ်မှတ်တဲ့အခွန်အခနဲ့ပဲ လုပ်မလားဆိုတာကတော့ ၀န်ကြီးချုပ်ရုံး တိုင်းဒေသကြီး အစိုးရရဲ့လမ်းညွန်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ဆရာတော်တို့ရဲ့သ ဘောဆန္ဒကိုလည်း လွန်ဆန်နိုင်စရာအကြောင်းမရှိသလို အားလုံးအကြောင်းအပေါင်းသင့်လျှင် တာဝန်ရှိတဲ့ တပည့်တော်တို့ ဘက်ကရော၊ စည်ပင်သာယာဘက်ကရော ရအောင်လုပ်ပေးပါ့မယ်”ဟုတင်ပြခဲ့သည်။
 
၎င်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဖျာပုံအဖွဲ့မှလည်းဒေးဒရဲနှင့် ဘိုကလေးတွင် သိန်း ၃၀၊ ၅၀နှင့်အဆင်ပြေသွားကြောင်း၊ ယခုနှစ်တွင်တော့ ဖျာပုံ ခရိုင် ၄မြို့နယ်ပေါင်း၍လုပ်ဆောင်သွားရန် ဆရာတော်များအား လျှောက်တင်ခဲ့သည်။
အေးချမ်းမွန်မှ Myanmartandawsint Newspaperတွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"ကိုယ်ချင်းစာစိတ်"

$
0
0
လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။
အရှင်ဇနကာဘိဝံသ

သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။ လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။ ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင် အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။

ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊ ကိုယ့်အလိုဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့ သတ်မှတ်ပြီး ခွန်အားတို့၊ လက်နက်တို့နဲ့ အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန်များမှာလည်း ရှိတာပါပဲ။ အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်အားကိုး၊ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုအားကိုနဲ့ ပြဿနာကို ဖြေရှင်းကြတာ
မျိုးပေါ့။ ဒီလိုကာယခွန်အားနဲ့ ပြဿနာကို ဖြေရှင်းကြတာဟာ တစ်ခဏလောက် ကျေနပ်စရာ
ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရေရှည် ဘေရန်ကင်းကြောင်း မဖြစ်ဘူး။ ဒေါသ ကိလေသာတွေ များသည်ထက်များပြီး ရန်ငြိုးအာဃာတတွေ တိုးစေတယ်။ သံသရာခရီး တစ်လျှောက်မှာလည်း ဒုက္ခတွင်းနက်ပြီး သံသရာ ခရီးရှည်စေတယ်။ ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ= အမျက်ဒေါသ ရန်ငြိုး အာဃာတကင်း တဲ့ မေတ္တာစိတ်နဲ့ အမျက်ဒေါသ ရန်ငြိုးအာဃာတကြီးသူကို အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော်မူခဲ့တာပါ။

ဘုရားရှင်ရဲ့ တပည့်သားများ အနေနဲ့ ဘုရားရှင်ဟောညွှန် ဆုံးမတော်မူတဲ့ အတိုင်းပဲ နိုင်ထက်စီးနင်း ပြုမူလိုတဲ့ အကြံအစည်တွေကို သည်းခံခွင့်လွှတ်စိတ်၊ ကိုယ်ချင်းစာစိတ်များနဲ့ အစားထိုး မွေးမြူလိုက်ပါ။

"ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ" ဆိုတဲ့ အရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစကား အတိုင်းပါပဲ။ ကိုယ်ချင်းစာ တယ်ဆိုရာမှာလည်း သူ့နေရာကို ကိုယ်က အစားထိုးပြီး ၀င်ရောက်ခံစားတဲ့ သဘောပါပဲ။ ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုများ ခံစားရပါ့မလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတွေ ရှိအောင် ကြိုးစားကြစေချင်တာပါ။ ကိုယ်ချင်းစာမှ တရားမျှမယ်၊ တရားမျှမှ တရားရှိမယ် ဆိုတာ မမေ့သင့်ပါဘူး။

ကိုယ်ချင်းစာ စိတ်ကောင်းကလေး တကယ်တမ်း မွေးမြူနိုင်လာပြီဆိုရင် လောကမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားရဖူးတဲ့ နားမချမ်းသာစရာ စကားမျိုးတွေ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စရာ အပြုအမူမျိုးတွေနဲ့ ကိုယ်က သူများအပေါ် ဘယ်တော့ မှ မပြောဆို မပြုမူမိတော့မှာ သေချာပါတယ်။ အဲဒီလို ရှောင်ကြဉ်ကျင့်သုံး နေထိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မတရားမှု ကင်းသူ ဖြစ်ပါတယ်။

သဗ္ဗပါပဿ အကရဏံ = မကောင်းမှု (မတရားမှု) ကို လုံးဝမပြုရဆိုတဲ့ ဘုရားရှင်တို့ရဲ့ အခြေခံ နံပါတ်တစ် အဆုံးအမနဲ့အညီ နေထိုင်နိုင်ခြင်းဖြစ်လို့ သိက္ခာသုံးပါးနဲ့ ပြောမယ်ဆိုရင် အခြေခံ သီလသိက္ခာ လုံခြုံ ပြည့်စုံ တယ်လို့ ဆိုရမှာပါ။

လောကမှာ တရားမျှတတယ်ဆိုတာကို ကောင်းစွာ သဘောမပေါက်ကြပေမယ့် မတရားဘူး၊ မမျှတဘူး ဆိုတာကိုတော့ လူတိုင်းလိုလို ကိုယ်တွေ့ကြုံဆုံ ခံစားသိကြဖူးမှာပါ။ တစ်ယောက်ယောက်က မိမိအပေါ် ကျိုးမဲ့ပြစ်ရဖြစ်အောင်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင် ဆဲရေးတိုင်းထွာ ပြောဆိုတာကို ကြားရတဲ့အခါ၊ အလိမ်အညာခံရတဲ့ အခါ၊ ချောပစ်ကုန်းတိုက်စကား ပြောဆိုခံရတဲ့ အခါမျိုးတွေမှာ ဒါဟာ သပ်သပ် မတရားပြောတာပဲ၊ မမျှမတ မမှန်မကန် ပြောတာပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြမှာပါ။ ဒီလို ပြောဆိုခံရတာကို ကိုယ်တိုင်က မတရားဘူးလို့ ခံယူထားတဲ့ အပြောအဆိုမျိုးတွေ၊ ကိုယ်က သူများအပေါ် မပြောမဆိုမိအောင် ရှောင်ကြဉ် ကျင့်သုံးနေထိုင်တာကို မတရားမှုကင်း အောင် နေထိုင်တယ်လို့ ဆိုရတာပါပဲ။

အချင်းချင်းပြောဆိုပြုမူ ဆက်ဆံကြတဲ့အခါ ဒီလို အပြုအမူမျိုးနဲ့ တွေ့ကြုံရတာ ကိုယ်ရောစိတ်ပါ ချမ်းသာလိုက်လေ။ ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ အပြောအဆို အပြုအမူမျိုးပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြပါလိမ့်မယ်။ အဲဒီလို ကိုယ်တိုင်က တရားမျှတတယ်လို့ ခံစားရပြီး ကိုယ်တိုင်လိုလား တောင့်တတဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ သူတစ်ပါးအပေါ် ပြောဆိုပြုမူ မယ် ဆိုတဲ့ စိတ်ကောင်းလေးတွေ မွေးမြူကြပါ။ တောရဆရာတော်ကြီး ကတော့ ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်။ ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။ ကိုယ်ပေးထားတဲ့ အတိုင်း ကိုယ်ပြန်ရလိမ့်မယ် လို့ မိန့်ကြားတော် မူပါတယ်။ ကိုယ်တိုင် မကြိုက် မနှစ်သက်တဲ့ အပြောအဆို အပြုအမူတွေကို သူတပါးကို လုံးဝ မပေးဖို့၊ ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အတိုင်း သူတပါးကိုလည်း ပေးဝေဖို့၊ ကိုယ်ပေးတဲ့ အတိုင်းပဲ ကိုယ်တိုင်ပြန်လည် ခံစားကြရလိမ့်မယ် ဆိုတဲ့ သဘောပါပဲ။

ဗုဒ္ဓမြတ်စွာ အလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြပါတယ်။ ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် (ကံနဲ့ကံ၏ အကျိုး) ဖြစ်ပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။ ဒါဟာ ကမ္မသကတ လမ်းစဉ်မှန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတပါးရဲ့ အပြစ်ကိုသာ မကြည့်ပဲ ကောင်းကွက်လေးတွေရှာပြီး ကိုယ်ချင်းစာစိတ်လေးတွေနဲ့သာ နေထိုင်ကြမယ်ဆိုရင် လောကကြီး လည်း အေးချမ်းရသလို ကိုယ်ရဲ့ သံသရာခရီး အတွက်လည်း ချမ်းသာရမှာပါ။ ဒါ့ထက်ပိုလို့ ဘယ်နေရာ ကြည့်ကြည့် မေတ္တာမျက်ဝန်းလေးတွေနဲ့သာ ကြည့်တတ်ကြပြီး မေတ္တာပုံရိပ်ကို မြင်နိုင်တဲ့ သူတွေ ဖြစ်ကြရင် ကမ္ဘာလောကကြီး ဘယ်လောက်များ သာယာလိုက်မလဲလေ။ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ သူတွေ ဖြစ်ကြပါစေ။
http://buddhismbeams.blogspot.com/2013/02/blog-post_9.html
မှတဆင့်ကူးယူဖော်ပြသည်။ 
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"ဗုဒ္ဓဘာသာဝင်များရဲ့ အဓိက အားနည်းချက်"

$
0
0


ဗုဒ္ဓဘာသာဝင်များရဲ့ အဓိက အားနည်းချက်ဖြစ်နေတာက
တစ်ဖွဲ့နဲ့တစ်ဖွဲ့ /တစ်နေရာနဲ့တစ်နေရာ/တစ်နိုင်ငံနဲ့တစ်နိုင်ငံ Link (အချိတ်အဆက်) မရှိတာပါ။
အောင်မြင်တဲ့ ပရဟိတလုပ်သူ တစ်ယောက်နဲ့တစ်ယောက် / ထင်ရှားတဲ့ ဆရာတော်ကြီးတွေ တစ်ပါးနဲ့ တစ်ပါး ခေါင်းဆောင်တွေ အဖွဲ့တွေ ဆက်သွယ်တိုင်ပင်ချိတ်ဆက်တယ်ဆိုတာ အင်မတန်နည်းတာ တွေ့ရပါတယ်။ တွေ့ဆုံ ဆုံးဖြတ်ဆောင်ရွက်ကြတယ်ဆိုတာ မရှိသလောက်ပါပဲ။ သန်ရာသန်ရာ လုပ်ကြရင်းနဲ့ နောက်လိုက်တပည့်တွေရဲ့လက်ထက်မှာ ဖရိုဖရဲ အကွဲအပြဲဖြစ်ကုန်ပြီး လုပ်ငန်းစဉ်တွေ မှေးမှိန်အားပျော့ ပျောက်ကွယ်သွားကြတာချည်းပါပဲ။ တစ်ဦးတစ်ယောက်ကောင်းကြောင့်ဖြစ်ထွန်းလာတာများပြီး အဖွဲ့အစည်းအားကြောင့်ဆိုတာ မရှိသလောက်ပါပဲ။

လုပ်ငန်းစဉ်တွေ ထာဝရစဉ်တည်တံ့ တိုးတက်နေရစ်အောင် လုပ်ကြမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တွေ့ဆုံစည်းဝေးဆုံးဖြတ်ခြင်း(Meeting) နဲ့ ချိတ်ဆက်ဆောင်ရွက်မှု(Link) တွေလုပ်ကြဖို့ အမြဲတမ်းလိုအပ်ပါတယ်။

Meeting နဲ့ Link တွေမရှိရင် အမြင်မတူတာတွေဖြစ် ဟာကွက်တွေများလာပြီး စည်းလုံးမှုအားကောင်းတဲ့ ဘာသာ အဖွဲ့အစည်းရဲ့ထိုးနှက်ချက်ကို အလူးအလဲ ခံရတော့တာပါပဲ ။ အဲဒါကြောင့် Meeting နဲ့ Link အမြဲတမ်းလုပ်ကြဖို့ တိုက်တွန်းပါတယ်။

အမြို့မြို့ အနယ်နယ် နေရာအနှံ့အပြားမှာအခြေခံအကြောင်းအရာတွေ မပြည့်စုံပဲ ဘာသာလူမျိုးတည်တံ့ဖို့ မလွယ်ပါဘူး။စီးပွားရေး လူမှုရေး အခြေခိုင် တောင့်တင်းအောင် နည်းပေးလမ်းပြ အုတ်မြစ်ချပေးသင့်ပါတယ်။ ကယ်တင်ရှင်ကိုချည်း မျှော်လင့်တောင့်တ မနေစေပဲ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေကိုယ်ရပ်နိုင်အောင် အသိပညာပေး နည်းလမ်းပြခဲ့သင့်ပါတယ်။ လူဆင်းရဲတွေများနေတဲ့ ဘာသာဟာ ကောင်းပေမယ့် ကြာရှည်ခံဖို့ မလွယ်ပါဘူး။

ချမ်းသာသူများ ကိုးကွယ်တဲ့ ဘာသာအဖွဲ့အစည်းရဲ့ စည်းရုံးသိမ်းသွင်းတဲ့နောက်ကို အများစုက ပါသွားကြတာပါပဲ။ စီးပွား လူမှု လုပ်တဲ့အထဲမှာ ဘာသာရေးလေးနှမ်းဖြူးပြီး လုပ်ဆောင်နေကြရင် ပိုအဆင်ပြေမှာပါ။

အစုအဝေးနဲ့ ဆောင်ရွက်ကြတဲ့နေရာမှာစားဝတ်နေရေး အခြေခံအကြောင်းအရာတွေကို ပစ်ချထားခဲ့ပြီး ဘာသာရေးသက်သက်ပဲ တိုင်ပင်ပြောဆိုစုဖွဲ့လုပ်ဆောင်ခဲ့ကြလို့ တစ်ဖြည်းဖြည်း back ဆုတ် အားပျော့ လာခဲ့ရတဲ့ ဗုဒ္ဓဘာသာပါ။


တစ်လိုင်းထန်တဲ့သူတွေ မဖြစ်ဖို့လိုပါတယ်။ စီးပွားရေးလုပ်ရင် ဘာသာရေးမပါတာများပါတယ်။
သုံးစွဲသူ ဖောက်သည်များအပေါ်မှာ စေတနာ မေတ္တာတွေမထားကြတော့ လိမ်ရောင်းတာတို့ အဆမတန်ဈေးတင်တာတို့ဖြစ်လာပါတယ် ။ ဒီလိုပါပဲ ကောင်းမှုတွေ လုပ်ပြန်တော့လဲ နာမည်ရဖို့ လူအထင်ကြီးခံရရေးအတွက်ကို အဓိကထားမိတဲ့အတွက် အကျိုးရှိတဲ့နေရာ/အကျိုးရှိမယ့်အရာတွေကို ရွေးချယ် မလှူဖြစ်ကြတော့ပါဘူး။

ဘာသာရေးလူမှုရေးကိစ္စမှာပဲ ဆောင်ရွက်နေကြသူများမှာလည်း စီးပွားရေးဘက်မှာ လစ်ဟာသွားပါတယ်။ တစ်ယောက်ထဲသမားတွေမှာ ပြဿနာ မရှိပေမယ့် အိမ်ထောင်သားသမီး ရှိတဲ့သူတွေကျတော့ တစ်ဖြည်းဖြည်း စီးပွားဥစ္စာဆုတ်ယုတ်လာပါတယ်။ အိမ်မှာရှိတဲ့ ယောက်ျား ဇနီး သားသမီးတွေက အမြင်မကြည်တာကို ခံရတော့တာပါပဲ ။မေတ္တာရှင်ဆရာတော်တရားများမှ ထုတ်နုတ်ဖြည့်စွက်ထားပါသည် ။
အဆင်ပြေမယ်ဆိုရင် Share စေ ပြန့်ပွားစေချင်ပါတယ်။(ရဲရင့်ဇာနည်)


စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။ 
အရှင်ဝိမလဝံသ(နာလန္ဒတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"ထိုင်း အလုပ်ရှင်က ကရင်မိန်းကလေးကို ရေနွေးပူ နဲ့ လောင်း"

$
0
0
ထိုင်း အလုပ်ရှင်က ကရင်မိန်းကလေးကို ရေနွေးပူ နဲ့ လောင်း ၊ ထိုင်းသံရုံးကို တယ်လီဖုန်းခေါ် ရှုံ့ ချကန့် ကွက်ကြပါ။

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

နန်းမြနဒီ DVB ၂၀၁၃ ဖေဖော်ဝါရီလ ၁၂ ရက် (အင်္ဂါနေ့)

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင် လင်မယားက ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှုကယ်ဆယ်ရေး ဌာနက ပြောပါတယ်။

ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် (အဲန်း) လို့ ခေါ်တဲ့ မိန်းကလေးကို ကူညီသူတွေက သူတို့ရဲ့ လူမှုကယ်ဆယ်ရေးဌာနကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့တာလို့ ကမ်ဖိုင်ဖစ်မြို့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

အလုပ်ရှင် အမျိုးသမီးဖြစ်သူက ဒီမိန်းကလေးကို ခွေးလှောင်အိမ်ထဲထည့်ပြီး ယောက်ျားဖြစ်သူ က ရေနွေးပူနဲ့ လောင်းကာ နှိပ်စက်ခဲ့ပြီး ဆေးရုံကို မပို့ဘဲ အနာကို ဆားရည်နဲ့ ဆေးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီ မိန်းကလေးဟာ အသက် ၇ နှစ်လောက်က မိဘဖြစ်သူတွေက ဆိုင်းငမ်းရွာက ကြံခင်းထဲမှာ အလုပ်လုပ်နေစဉ် ထိုင်းလင်မယား ၂ ဦးက ကားနဲ့ ဖြားယောင်းခေါ်ဆောင်သွားပြီး အိမ်ကနေ ဘယ်မှပေးမသွားဘဲ ခိုင်းစေနေခဲ့တာပါ။ အလုပ်ရှင်အိမ်မှာ အမြဲတမ်း နှိပ်စက်ခံရတဲ့အတွက် ၅ နှစ် လောက်အကြာမှာ ထွက်ပြေးလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိန်းကလေးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က နှိမ်စက်ခံရတဲ့အတွက် အလုပ်ရှင် အိမ်ကနေ တခါ ထွက်ပြေးခဲ့ဖူးပြီး ထိုင်းရဲက ဒီအိမ်ကို ပြန်ပို့ခဲ့ပါတယ်။ ထိုစဉ်က ထွက်ပြေးတာကို ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနဲ့ နံရံကို ဆောင့်ပြီး နားရွက်ကို ကတ်ကြေးနဲ့ အဖြတ်ခံရဖူးပါတယ်။

ကလေးရဲ့ မိဘတွေကတော့ ကလေးခေါ်သွားတာ သိနေပေမယ့် အလုပ်ရှင်ရဲ့သြဇာကြီးမားမှု ကို ကြောက်ပြီး သမီးဖြစ်သူကို တွေ့ဖို့ မတောင်းဆိုရဲဘဲ အခုလို ကယ်ဆယ်ရေးဂေဟာရောက်မှ ကလေးကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လာတွေ့ပြီး မိဘဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကလေးရဲ့ဖခင်ဖြစ်သူက နိုင်းအောင်၊ မိခင်က နန်းဒိုင်း လို့ ခေါ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနကို ပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးဌာနက ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တာဝန်ကျ ရဲအဖွဲ့က ကမ်ဖိုင်ဖစ်မြို့ မဟာချိုင်ရပ်ကွက် အမှတ် ၁၉၃ မှာ နေထိုင်သူ နန်းရတ်နာ့ကန် အသက် ၃၃ နှစ်နဲ့ ခင်ပွန်းဖြစ်သူ နိုင်းယွန်းထိဒိုင်းအွန် အသက် ၃၅ ကို ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းလင်မယား ၂ ဦးကတော့ စွပ်စွဲမှုအားလုံးကို ငြင်းပယ်ခဲ့ပြီး တရားရုံးကျမှ အမှုရင်ဆိုင်ဖို့ရှိပြီး ခုလောလောဆယ် အာမခံငွေ ဘတ် ၇ သိန်းနဲ့ လွှတ်ပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ်ဖိုင်ဖစ်ရဲစခန်းက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က အဆိုပါ လင်မယား ၂ ဦးကို အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ်ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့အချက်တွေနဲ့ ပြစ်မှု ၇ မှု စွဲချက်တင်ထားပါတယ်။ ဒါဟာ သူတို့ရဲစခန်းမှာ အကြီးမားဆုံး ပြစ်မှုတခုဖြစ်တယ်လို့ ထိုင်းသတင်းဌာနကို ပြောကြား သွားပါတယ်။ ဒီမှာ ခေါ်ပါ။
Royal Thai Embassy,
1024 Wisconsin Ave., N.W.
Washington D.C. 20007
Tel. (202) 944-3600
Fax. (202) 944-3611
(MANAYEYAR_ မန်းဧရာ) ဆိုဒ်မှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝ ကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"မြန်မာတွေ အသက်ဘာလို့တို"

$
0
0
ဒီလို သက်တမ်းတွေ ကျဆင်းလာရတာဟာ အကြောင်းတရားများစွာ ရှိတဲ့အနက် ဘ၀ရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ စား၊၀တ်၊နေရေး၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အပိုင်းတွေမှာ အားနည်းချက်တွေ လိုအပ်ချက်တွေ ရှိနေလို့ဆိုတာကတော့ ငြင်းမရနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်မှာပါ။
 “မြန်မာတို့ရဲ့ သက်တမ်း”
ပြီးခဲ့တဲ့ အပါတ်က ထုတ်ဝေတဲ့ ပြည်သူ့ခေတ်ဂျာနယ်ထဲမှာ ဘဘ-ဆိုတဲ့ စာရေးသူ ဒကာကြီးက သူ့ရဲ့ ဆောင်းပါးထဲမှာ ASEAN တိုင်းပြည်များအတွင်း ဖွံဖြိုးမှု တိုင်းတာနည်း အမျိုးမျိုးကို နှိုင်းယှဉ်တဲ့ ဇယား (Comparison of Socio-Economic Data among ASEAN Countries) ဆိုတာကို တင်ပြထားပါတယ်။ ဒီထဲမှာ ထုံးစံအတိုင်း အောက်ဆုံးမှာ ရှိနေတဲ့ ကိုယ်တို့ မြန်မာတွေရဲ့ ပျမ်းမျှသက်တမ်း (Life Expectancy) ကို ကြည့်လိုက်တော့ 62.0 လို့ တွေ့ရပါတယ်။

ဒီလောက်ဆိုရင်တော့ မဆိုးသေးဘူးလို့ ကိုယ်စိတ်ထဲမှာ တွေးမိပါတယ်။ ဒီလိုတွေးမိတာက ကိုယ်ကောက်တာတဲ့ သက်တမ်းနဲ့ စာရင် ၁၂-နှစ်လောက်ကို မြင့်တက်နေလို့ပါ။ ကိုယ် စာရင်းကောက်ယူပုံကိုလဲ ပြောပြပါဦးမယ်။

ကိုယ်တို့နေတဲ့ ရပ်ကွက်ထဲမှာ နာရေးကိစ္စပေါ်ပေါက်လာရင် အလှူငွေထောက်ပံ့ပေးနိုင်ဖို့ ကိုယ်နဲ့ စိတ်ဆန္ဒတူညီတဲ့ ဒကာ ဒကာမ သုံးဆယ်လောက်က လစဉ်အလှူငွေ စုဆောင်းပြီး နာရေးကိစ္စပေါ်ပေါက်တဲ့ အခါ ထိုက်သလောက် အထောက်အပံ့ ဖြစ်နိုင်အောင် အလှူငွေ လှူကြပါတယ်။ အဲဒီ အလုပ် တစ်နှစ်ပြည့်သွားတော့ ကိုယ့်ဆီကို ဒကာများက ကွယ်လွန်သွားသူတွေစာရင်းနဲ့ ထောက်ပံ လှူဒါန်းငွေစာရင်းကို လာကပ်ကြပါတယ်။ ကွယ်လွန်သူတွေရဲ့ စာရင်းထဲမှာ အမည်တို့ အသက်တို့ ပါနေတော့ ဆရာအော်ပီကျယ် ပြောထားတာလေးကို သွားသတိရပြီး၊ အသက်တွေ အကုန်လုံးကို ပေါင်း၊ ကွယ်လွန်သူအရေအတွက်နဲ့ စား ဆိုတာ လုပ်ကြည့်ပါတယ်။ ထွက်လာတဲ့ သက်တမ်းကတော့- ၅၀-နှစ် ကျော်ရုံလေးပဲ ရှိတာ တွေ့ရပါတယ်။

တကယ်တော့ ကိုယ့်လက်ထဲရောက်လာတဲ့ အချက်အလက်ဆိုတာဟာ တစ်နိုင်ငံလုံး မပြောနဲ့၊ တစ်ရပ်ကွက်လုံးကိုတောင် ခြုံမိတာ မဟုတ်တော့ ကိုယ်တွက်တာ မမှန်နိုင်ပါဘူး။ အလှူငွေအထောက်အပံ့ ပေးလှူရတယ် ဆိုကတည်းက ချို့တဲ့ နွမ်းပါးသူတွေ ဖြစ်နေလို့ ပေးလှူနေရတာပါ။ ဒီလိုမျိုး ချို့တဲ့ နွမ်းပါးသူတွေရဲ့ ပျမ်းမျှသက်တမ်းကို ပြောမယ်ဆိုရင်တော့ နီးစပ်ကောင်း နီးစပ်မယ် ထင်ပါတယ်။

ဒီလို သက်တမ်းတွေ ကျဆင်းလာရတာဟာ အကြောင်းတရားများစွာ ရှိတဲ့အနက် ဘ၀ရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ စား၊၀တ်၊နေရေး၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အပိုင်းတွေမှာ အားနည်းချက်တွေ လိုအပ်ချက်တွေ ရှိနေလို့ဆိုတာကတော့ ငြင်းမရနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်မှာပါ။ သူတို့တွေ နေ့စဉ် ဘယ်လို ၀ယ်ခြမ်း ချက်ပြုတ်ပြီး စားကြ သောက်ကြတယ် ဆိုတာကိုတော့ ကိုယ် မသိနိုင်ပါဘူး။ ကိုယ်သိနိုင်တာကတော့ သူတို့တွေရဲ့ နေရေး ထိုင်ရေးပါ။ ဒါကတော့ သွားရင်းလာရင်း မြင်တွေ့နေရတာကိုး။

မြေကွက်ပိုင်ရှင်တွေ အိမ်လာမဆောက်ကြသေးတဲ့ မြေကွက်လွတ်ကလေးတွေမှာ တဲကလေးတွေ ထိုးပြီး ဖြစ်သလို နေနေကြရတဲ့ မိသားစုလေးတွေကလဲ ကိုယ်တို့ဆီမှာ မနည်းမနောပါ။ ဖြစ်သလိုမှ တကယ်ကို ဖြစ်သလို နေကြရတာပါ။ လေးဘက်လေးတန်ရော အပေါ်ရော အောက်ရော ဘယ်ဘက်ကို ကြည့်ကြည့်၊ လုံခြုံမှုဆိုတာကတော့ နတ္ထိပါဘဲ။

ဒီထဲကမှ စိတ်မကောင်းစရာအဖြစ်နဲ့ မှတ်မှတ်ရရ ဖြစ်စေခဲ့တာကလေး တစ်ခုကို ပြောပြချင်ပါတယ်။ တစ်ခါက အသုဘချခါနီး သရဏဂုံတင်ဖို့ ဆိုပြီး လာပင့်ပါတယ်။ ခါတိုင်းတော့ ဦးဇင်းတွေ ကြွနေကြပါ။ အဲဒီနေ့ကတော့ ဦးဇင်းတွေ ဆွမ်းခံကြွနေချိန်ဖြစ်တော့ ကိုယ်ကိုယ်တိုင်ပဲ လိုက်သွားရပါတယ်။

တဲကလေးပေါ် ခေါင်းငုံ့ဝင်လိုက်ပြီး အသုဘရုပ်ကလာပ်ဘေးမှာ ထိုင်ဖို့ နေရာ ကြည့်ပါတယ်။ ထိုင်လောက်တဲ့နေရာ မတွေ့ပါဘူး။ ဘယ်လို ထိုင်ရ ကောင်းမလဲလို့ လျှပ်တစ်ပြက် စဉ်းစားကြည့်တယ်။ ဘယ်လိုမှ စဉ်းစားလို့ မရတာနဲ့ နောက်ဆုံးတော့ အသုဘဘေးမှာပဲ ကပ်ကပ်သတ်သတ် ထိုင်လိုက်ရပါတယ်။ ပေါင်တစ်ဘက်က ကြမ်းပြင်မှာ ပေါင်တစ်ဘက်ကတော့ အသုဘရုပ်ကလာပ်ပေါ်မှာပါ။ ကိုယ့်အဖြစ်ကို ကိုယ်ပြန်စဉ်းစားပြီး တစ်ချိန်တုန်းက ဆရာတော်တစ်ပါး ပြောသွားတာကို သတိရတဲ့အတွက် စိတ်ထဲမှာ ပြုံးချင်သလို ဖြစ်မိပါတယ်။

ကျောင်းတိုက်တစ်တိုက်မှာ ကိုယ်တော်ငယ်ကလေးတွေက အသုဘလာပင့်ရင် ဆွမ်းစားရင်းတန်းလန်းနဲ့ ထလိုက်သွားကြရတာဆိုတော့ မလိုက်ချင်ကြပါဘူး။ ဒါကို ဆရာတော်က သိတော့ “အေးကွာ၊ သူတို့ခမျာ နာရေးဖြစ်လို့ အားကိုးရာ အားထားရာအဖြစ်နဲ့ လာပင့်ကြတာ၊ ငါကတော့ မသာပေါ်ပဲ ခွထိုင်ရ ထိုင်ရ လိုက်မှာပဲ” လို့ အမိန့်ရှိပါတယ်တဲ့။
အဲဒီဆရာတော်ကို ကိုယ်ပြန်လျှောက်ချင်တာက “အရှင်ဘုရား၊ အခု တပည့်တော်ကြုံနေရတာက အသုဘ ခွထိုင်ရတဲ့ အဆင့်တော့ မရောက်သေးပါဘူးဘုရား။ ကိုယ်တစ်ခြမ်းတော့ အသုဘပေါ် ရောက်နေပါပြီ။ နောင်တစ်ချိန် ဆရာတော်အမိန့်ရှိသလို မဖြစ်ပါစေနဲ့ လို့သာ ဆုတောင်းနေရပါတယ်ဘုရား” လို့ပဲ လျှောက်လိုက်ချင်ပါတယ်။

အခုတော့ ကိုယ်တို့ဆီမှာ အဲဒီလိုမျိုး ဖြစ်သလို တဲထိုးပြီး နေနေကြရတဲ့ မိသားစုလေးတွေ မရှိကြတော့ပါဘူး။ မြေဈေးတွေက မြင့်တက်လာတော့ မြေကွက်ပိုင်ရှင်တွေက ရောင်းကြတယ်။ နေစရာ ဘုံပျောက်သွားကြတဲ့ မိသားစုလေးတွေဟာ ဝေးရာသို့ သွားကြရပါပြီ။ သူတို့လေးတွေ အိုးပိုင် အိမ်ပိုင်နဲ့ လုံလုံခြုံခြုံ နေနိုင်ကြပါစေလို့ ဆုတောင်းလဲ ဆုတောင်းရုံပဲ ရှိမှာပါ။ လက်ရှိအခြေအနေအရ ဘယ်လိုမှ မျှော်မှန်းလို့ မဖြစ်နိုင်သေးပါဘူး။

မြေကွက်လွတ်တွေကို ငွေကြေးတတ်နိုင်သူတွေက ၀ယ်တယ်၊ အိမ်ဆောက်တယ်၊ တန်းဖိုးမြှင့်ပြီး ပြန်ရောင်းကြတယ်။ ဒီလိုနဲ့ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်လာတဲ့ အခြေအနေတွေကို သူတို့တွေ ဘယ်တော့များ အလှမ်းမီနိုင်ကြပါ့မလဲ။ ဘယ်တော့များ လုံလုံခြုံခြုံနဲ့ လူလိုသူလို နေနိုင်ကြပါ့မလဲ။

“အကြောင်းကြောင့် အကျိုးဖြစ်တယ်၊ အကြောင်းကောင်းရင် အကျိုးကောင်းတယ်၊ အကြောင်ဆိုးရင် အကျိုးလဲ ဆိုးမယ်” ဆိုတဲ့ တရားတော်အတိုင်း ဘ၀ရဲ့ မပြည့်စုံမှု လူလိုသူလို နေနိုင်တဲ့ ဘ၀မျိုး မဖြစ်မှု ဆိုတာတွေဟာ အကြောင်းဆိုးလို့ အကြောင်းမကောင်းလို့ ဖြစ်ကြရတာပါ။ ၀င်ငွေရဖို့ အလုပ်အကိုင်အခွင့်အလမ်း ပုံမှန် မရှိတာလဲ ဖြစ်နိုင်သလို အလုပ်အကိုင် ရှိပါလျက် အလုပ်လုပ်ချင်စိတ် မရှိတာတို့၊ ပုံမှန်ဝင်ငွေ ရှိပါလျက် ချွေတာစုဆောင်းရကောင်းမှန်း မသိဘဲ အသောက်အစား အလောင်းအစားတွေနဲ့ ဖြုန်းတီးပစ်တာတို့ စတဲ့ စတဲ့ အကြောင်းတွေလဲ ဖြစ်နိုင်ပါတယ်။

ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ရ ဖြစ်ရ၊ အကြောင်းကောင်းသွားအောင် ဆိုးဝါးနေတဲ့ အကြောင်းတွေကို ဖယ်ရှားပစ်နိုင်အောင် စွမ်းနိုင်သမျှ လုပ်ဆောင်ပေးဖို့ လုပ်ငန်းစဉ်ဟာ ကရုဏာဓာတ်ကိန်းဝပ်သူတို့ အတွက် မြင့်မြတ်သောလုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ (
Maha Thumana) ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"ကုသိုလ်ဖြစ်အောင် တွေးမယ်"

$
0
0
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ မဟာဂါမလို့ အမည်ရတဲ့ ရွာကြီးတစ်ရွာကိုစားရတဲ့ တိဿအမတ်ဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီအမတ်ကို ဘုရင်ကိုယ်တိုင်ကလဲ ကြည်ညိုမြတ်နိုးတော်မူတယ်လို့ဆိုပါတယ်။
တစ်နေ့တော့ အဲဒီတိဿအမတ်ကို သူကိုးကွယ် ဆည်းကပ်နေကျ ဆရာဘုန်းကြီးက "ဒက္ခိဏဝိဘင်္ဂသုတ်" ကို ဟောလိုက်ပါတယ်။

"ဒက္ခိဏဝိဘင်္ဂသုတ်"ဆိုတာ အလှူခံ တစ်ကျိပ်လေးယောက် အကြောင်းကို အကျယ်အဝေဘန်ပြထားတဲ့ သုတ်ပါ။တိဿအမတ်ဟာ အဲဒီသုတ်ကိုနာကြားပြီးတဲ့နေ့ကစပြီး  သူရဲ့စားဦးကို မလှူဘဲ ထမင်းမစားတော့ပါဘူး။

ပြီးတော့စားဦးကိုလှူပြီးမှထမင်းစားမယ်ဆိုပြီးသန္နာဋ္ဌာန် ချခဲ့ပါတယ်။ ချခဲ့တဲ့အတိုင်လဲ စားဦးကိုလှူပြီးမှ ထမင်းစား လေ့ရှိပါတယ်။ဒီလိုနဲ့တစ်နေ့မှာ ဇနပုဒ်ကရောက်လာတဲ့ဧည့်သည်တွေနဲ့ တိုင်းရေးပြည်ရေးကိစ္စတွေ တိုင်ပင်ဆွေးနွေးရင်းမွန်းတည့်လွန်မှ ထမင်းစားဖို့အခွင့်ရပါတယ်။

မွန်းတည့် လွန်သွားပြီဆိုတော့ စားဦးကို ရဟန်းသံဃာတွေ လှူဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ စားဦးကို ဘယ်သူ့များလှူရမလဲလို့ စဉ်းစားပါတယ်။ အနားမှာရှိတဲ့ တပည့် တစ်ယောက်က သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ကိုလှူဖို့ အကြံပေးပါတယ်။ တိဿအမတ်ကလဲ သဘောတူစွာနဲ့ပဲ သူ့ရဲ့တပည့်တွေကို သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ဆီကို စားဦးလှူဖို့ လွှတ်လိုက်ပါတယ်။
 
တကယ်တော့ ပရိဗိုဇ်ဟာ အဝတ်ဖြူဝတ်ထားပေမယ့် အကျင့်သီလလဲ ထူးထူးခြားခြားမရှိလှပါဘူး။
ထူးခြားတာဆိုလို့ အဝတ်ဖြူဝတ်ထားတာ တစ်ခုပဲရှိပါတယ်။တိဿအမတ်ရဲ့တပည့်တွေ ပရိဗိုဇ်ဆီသွားတဲ့ အချိန်မှာပရိဗိုဇ်က ဘာလုပ်နေသလဲဆိုတော့ရေကန်ဘောင်ပေါ်မှာငါးမျှားနေပါသတဲ့။

ပရိဗိုဇ်က ခပ်လှမ်းလှမ်းက လူတွေလာနေပြီဆိုတာသိလိုက်တာနဲ့ တစ်ပြိုင်နက် ငါးမျှားတံကို ရေထဲပစ်ချ၊ ခြေထောက်နဲ့အသာနင်းထားပြီး သူမဟုတ်သလိုလို တရားကျင့်နေသလိုလိုနဲ့ ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ်လေး နေနေလိုက်ပါတယ်။ဒါပေမဲ့ တိဿအမတ်ရဲ့တပည့်တွေက ပရိဗိုဇ်ရဲ့ အပြုအမူကိုမြင်ဖြစ် အောင်မြင်သွားပါတယ်။ ဒါကြောင့် ဒီလောက်ယုတ်မာတဲ့ပရိဗိုဇ် စားဦးနဲ့မတန်ဘူး
ဆိုပြီး တိဿအမတ်ဆီစားဦးကို ပြန်ယူခဲ့ကြပါတယ်။ တိဿအမတ်ဆီရောက်တော့ တပည့်တွေက
တိဿအမတ်ကို အကြောင်းစုံ ပြောပြပါတယ်။ဒီတော့ တိဿအမတ်က ဘာပြန်ပြောသလဲ ဆိုတော့-

"အမောင်တို့၊ ပရိဗိုဇ်ဟာယုတ်မာတဲ့အကျင့် ရှိတယ်လို့ဆိုပေမယ့် သင်တို့ကိုမြင်တော့ မကောင်းမှုကို လူမြင်မှာရှက်တတ်တဲ့စိတ်ကလေးနဲ့ ငါးမျှားတံကို ရေထဲမှာနှစ်ပြီးဝှက်ထားရှာတယ်၊ အဲဒီမကောင်းမှုကို
လူမြင်မှာရှက်တတ်တဲ့ စိတ်ကလေးသည်ပင် ပရိဗိုဇ်အတွက်စားဦးကို အလှူခံထိုက်ပါတယ်၊
ငါ့အနေနဲ့လည်း အဲဒီမကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲစိတ်ကလေးကိုပဲ ကြည်ညိုလို့ရပါပြီ၊
ကဲ-ပြန်လှူလိုက်ကြပါ"လို့ပြောပြီး ပရဗိုဇ်ကို ပြန်လှူခိုင်းလိုက်ပါတယ်၊ စာမှာတော့ ဒုတိယနေ့မှာလဲ ဆက်ပြီး လှူခိုင်းတယ်လို့ ဆိုပါတယ်။

ဒီဝတ္ထုလေးဖတ်ပြီးတော့ 'တိဿအမတ်နေရာမှာ ငါသာဆိုရင်' ဆိုတဲ့အတွေးက မသိမသာဝင်လာပါတယ်၊
'အေးကွာ-မင်းတို့ပြောတာမှန်တယ်၊ ဒီလောက် ယုတ်မာတဲ့ ပရိဗိုဇ် စားဦးနဲ့မတန်ဘူး၊အဆိပ်ပင် ရေလောင်း တာနဲ့ အတူတူပဲ၊ ငါတို့စားတာမှ ဗိုက်ဝဦးမယ်' အဲဒီလိုများ ခပ်ညံ့ညံ့စိတ်ဓာတ်နဲ့ တွေးဖြစ်မလား မသိပါဘူး။ဘာပဲပြောပြော တိဿအမတ်ကတော့ "ဒါနကုသိုလ်"ဖြစ်သွားတာပါပဲ၊ ဆရာကြီးဦးရွှေအောင် စကားနဲ့ ပြောရရင် ဒါနကို ပါရမီမြောက်အောင် ပြုကျင့်လိုက်တာပါ။

"အဋ္ဌသာလိနီအဋ္ဌကထာ" မှာ ကုသိုလ်ဖြစ်ရခြင်းနဲ့ အကုသိုလ်ဖြစ်ရခြင်းအကြောင်းတွေကို ဒီလိုပြထားပါတယ်။
"ကုသလံယောနိသောမနသိကာရ ပဒဋ္ဌာနံ၊
အကုသလံ အယောနိသောမနသိကာရပဒဋ္ဌာနံ၊"

အဓိပ္ပါယ်ကတော့-
ကုသိုလ်ဖြစ်ရခြင်းရဲ့အကြောင်းကယောနိသောမနသိကာရ ရှိလို့ပါတဲ့၊အကုသိုလ် ဖြစ်ရခြင်း အကြောင်းကတော့ အယောနိသောမနသိကာရ ရှိလို့ပါပဲတဲ့၊ ဆိုလိုချက်ကတော့ ယောနိသော မနသိကာရ ရှိရင် ကုသိုလ်ဖြစ်မယ်၊ အယောနိသောမနသိကာရ ရှိရင် အကုသိုလ်ဖြစ်မယ် ဒါပါပဲ။
ဆရာတော် ရဝေနွယ်(အင်းမ) Honeylay-Facebook မှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"Mind Cancer-စိတ်-ကင်ဆာ ရောဂါနှင့် မြန်မာနိုင်ငံ"

$
0
0
ကင်ဆာ- လို့ ဆိုလိုက်တာနဲ့ ကြားရသူတိုင်း အနည်းနှင့် အများ ထိတ်လန့်ကြောက်ရွံ့ သွားတတ်ကြပါတယ်။ အမှန်တကယ် လည်းပဲ ကြောက်စရာကောင်းလှပါတယ်။

ကင်ဆာရောဂါဆိုတာ ခန္ဓာကိုယ်ထဲရှိနေတဲ့ (cells)ခေါ်အခြေခံ ဓာတ်ခန်းကလေးများ မူလသဘာဝမှ ဖောက်ပြန် ပြောင်းလွဲပြီး ပုံမှန်မဟုတ် ဘဲ ပြန့်ပွား သွားတာပါ။ ပွားတဲ့အခါမှာလည်း ခန္ဓာကိုယ်အပြင်ကို ပွားတာမဟုတ်ဘဲ အတွင်းဘက်ကို ပြန့်ပွားသွားတဲ့အတွက် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပြန်တိုက် ခိုက်တာလို့ ဆေးပညာရှင်တွေရဲ့ ဟောပြောပွဲမှာ မှတ်သားခဲ့ရ ပါတယ်။

ကင်ဆာဆဲလ်ရဲ့ပြန့်ပွားနှုန်းကလည်း အင်မတန်လျှင်မြန်ပါတယ်။ (၃)ရက်ကို (၈)ဆနှုန်းနဲ့ပွားနိုင်ပါတယ်။ လူ့ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေက မွေးကတည်းက နေရာအနှံ့အပြားမှာ ပါရှိနေပါတယ်။ ကင်ဆာ မဖြစ်နိုင်တဲ့ နေရာ ၃-ခုပဲရှိပါတယ်။ ဆံပင်၊ သွား နဲ့ ခြေသည်း လက်သည်းတွေပဲဖြစ်ပါတယ်။

ကိုယ်တိုင်မြင်ဖူးတဲ့သူတွေဆိုရင် ကြောက်စရာကောင်းပုံကို လက်တွေ့ သိနိုင်ကြပါတယ်။ ကျမအဖေရဲ့ ဦးလေးဆိုရင် သွားဖုံး ကင်ဆာဖြစ်ပြီး ဓာတ် ကင်၊ ဆေးသွင်းနဲ့ နောက်ဆုံးပါးစောင် မေးရိုး တစ်ခြမ်းလုံး ဖြုတ်ပြစ်ခဲ့ရပါတယ်။ ဒါလည်းမရပါဘူး မစားနိုင် မသောက်နိုင်နဲ့ ဆုံးပါးသွားခဲ့ရပါတယ်။          ကင်ဆာကြောင့် အသက်ဆုံးရှုံးရရင်လည်း တခြားရောဂါတွေနဲ့မတူပါဘူး။ မချိမဆန့် အော်ဟစ်ညည်းတွားပြီး ဆုံးရတဲ့အတွက် ဗုဒ္ဓဘာသာ အမြင် အရ သေခါနီးအချိန်မှာ သတိပဋ္ဌာန်တရားနှင့် မသေနိုင် တော့ ဘဝကူးလည်း မကောင်းနိုင်ပါဘူး။
 ဒါနဲ့ပတ်သက်ပြီး ကျမတို့ ဆက်တွေးမိပါတယ်။ စိတ်-ဆိုတာ အရာရာကို ဦးဆောင်ပါတယ် ကျမတို့ ဗုဒ္ဓဘာသာမှာ “စိတ်သာရှင်စောဘုရားဟော” လို့ဆိုခဲ့ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဆံပင်၊ သွားနှင့် ခြေသည်း၊ လက်သည်းက လွဲရင် ကင်ဆာဖြစ်နိုင်တယ်ဆိုတော့ စိတ်မှာကင်ဆာဖြစ်နိုင် တာပေါ့။ လူတိုင်းရဲ့စိတ်ထဲမှာလည်း သိုလ်-၂-သိုလ်နဲ့ပဲ အချိန်ကုန်နေပါ တယ်။ လူမျိုး၊ ဘာသာ၊ အသားရောင်၊ အဆင့်အတန်းမရွေး၊ ကုသိုလ်စိတ်ဖြစ် ရင်ဖြစ်၊ မဖြစ်ရင်အကုသိုလ်စိတ်ပဲ ဖြစ်နေ ကြရတာပါပဲ။ ပုထုဇဉ်သဘာဝ အကုသိုလ် နဲ့ ကျင်လည်နေကျဆိုတော့ အကုသိုလ်စိတ်ဖြစ်ဖို့ သိပ်လွယ် ပါတယ်။ ကုသိုလ်စိတ် ဖြစ်ဖို့ကျတော့ လေ့ကျင့်ပြုစုပျိုးထောင်မှ ရပါတယ်။

စိတ်ဆိုတာလဲ အင်မတန်ဆန်းကြယ်ပါတယ်။ လက်တစ်ဖျစ်တီးမှာ စိတ်ဟာ ကဋေပေါင်းတစ်သိန်းဖြစ်ပျက် ချုပ်ဆုံး သွားနိုင်ပါတယ်။ ကုသိုလ်စိတ်နဲ့နေနိုင် ဖို့က မလွယ်တဲ့အခါ အကုသိုလ်စိတ်ပဲ ဖြစ်လွယ်သွားကြတာပါပဲ။ အကုသိုလ်စိတ်ဟာ ကျမတို့စိတ်နဲ့ ရင်းနှီးကျင်လည်နေကျဆိုတော့ ဖြစ်လွယ် ပွားလွယ်နဲ့ ပွားသွားလိုက်တာ ကင်ဆာရောဂါလိုပါပဲ။ ကိုယ်ရဲ့ အကုသိုလ် စိတ်ကပဲ ကိုယ်ခန္ဓာကိုယ်နဲ့ စိတ်ကို ပြန်တိုက်ခိုက်တာ ခံရတော့တာပါပဲ။ အသိ-သတိတရားနဲ့ မထိန်းချုပ်လို့ကတော့ ကင်ဆာဆဲလ်လိုပဲ လျှင်မြန်တဲ့ အဟုန်နဲ့ စိတ်ရောရုပ်ရော အလဲထိုးအနိုင်ယူသွားမှာပါ။

 နောက်ထက်တစ်ဆက်တည်း တွေးမိတာကတော့ ကျမတို့လူမျိုးနဲ့တိုင်းပြည် အတွက်ပါ။ လူဖြစ်လာခိုက် လူဖြစ်ကျိုး နပ်ဖို့ ကိုယ့်ဘာသာ ကိုယ့်လူမျိုး အကျိုးကို စွမ်းနိုင်သလောက်လုပ်ချင်ကြပါတယ်။ ကိုယ်ကျင်လည်ရာ ဝန်းကျင်အလိုက် စုပေါင်း ပြီး အသင်းအဖွဲ့တွေလည်း ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေ ကြပါတယ်။ အဲဒီမှာပဲ-ကျမ-ဆရာတစ်ယောက်ပြောခဲ့သလိုပဲ “လူတွေဟာ- လာဘ၊ သပက္ကာရ၊သိလောကဆိုတဲ့ ဒီသုံးခုနဲ့ပဲ ခုက္ခရောက်နေကြတာ” တဲ့။ လာဘ၊လက်လာဘလိုချင်တယ်။ သက္ကာရ၊ချီးကျူးခံ၊ ဂုဏ်ပြု ခံချင်တယ်။   သိလောက၊ ကိုယ့်ကိုတလောကလုံးက အသိအမှတ်ပြုတာခံချင်တယ်။ သူများက ရရင် မရစေချင်ဘူး။ဆရာတော်သီတဂူကြယ်တစ်ပွင့်ရဲ့ “တာမွေ ကြီးပွားရေးရပ်ကွက်မှာဆိုတော့- မကြီးပွားခြင်း အကြောင်းတရားကို လိုချင် လား” ဆိုပြီး ဟောခဲ့တဲ့တရားပွဲမှာလည်း နာခဲ့မှတ်သားခဲ့ရဖူးပါတယ်။
 ကြီးပွားတိုးတက်ချင်ရင် ကိုယ့်ရဲ့သဏ္ဍာန်မှာ ဣဿာနဲ့ မစ္ဆရိယကိုသာ ပယ်သတ် တဲ့။ တို့တိုင်းပြည် မကြီးပွားရတဲ့အကြောင်းက ဒီဣဿာနဲ့ မစ္ဆရိယကြောင့်ပဲတဲ့၊ တကယ်ဆိုရင် လောကီ လောကုတ္တရာနှစ်ဖြာ လုံး ကောင်းကျိုးချမ်းသာ ရနိုင်တဲ့နည်းလမ်းတွေ၊ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော် တိုင် လက်တွေ့ကျင့်ကြံ ပြခဲ့ရုံမက ထွန်းကားပြန့်ပွား ဆုံးနိုင်ငံ ဟာလည်း ကျမတို့မြန်မာနိုင်ငံပါပဲ။ ဒီလိုကောင်းမြတ်တဲ့အကျင့်တွေ နည်းလမ်းတွေရှိရက်နဲ့ ဘာကြောင့်မကြီးပွားမတိုးတက်တာလည်း ဆိုတဲ့ အဖြေကို ထောက်ပြဆုံးမ ပေးနေတဲ့ ဆရာတော်တွေ အများအပြားရှိပါတယ်။

 ကျမရဲ့ညီမလေး စင်္ကာပူသွားတဲ့အခါ မြန်မာလူမျိုးအချင်းချင်း (ရွှေမြန်မာ၊ ရွှေမြန်မာ) ဆိုပြီးခေါ်ကြတယ် တဲ့။ ရွှေဆိုတာ တန်ဖိုးရှိပြီး လူတိုင်းကြိုက်နှစ်သက်ကြတယ်၊ ဂုဏ်ရှိတယ်။ မြန်မာနိုင်ငံကိုလည်း Golden Land လို့တောင် တင်စားခေါ် ဝေါ်ကြတယ်ပေါ့။ အလုပ်ရှင်တော်တော်များက လည်း ကျမတို့ရွှေမြန်မာတွေကို အလုပ်ခန့်ဖို့ လိုလားကြပါတယ်။ ဘာကြောင့် လည်းဆိုတော့ လုပ်အားခပေးရတာ တန်လို့။ နည်းနည်းပဲ ပေးရလို့၊ ခိုင်းရင် လည်း ရိုးသားကြိုးစားကြတယ်။ ဖြတ်ထိုးဉာဏ် လည်းရှိလို့၊ တခြားနိုင်ငံသားတွေဆိုရင် လုပ်အားခပေးရတာ ဈေးကကြီး၊ လူရည်လည်ပြီး ချေးကများ၊ အလုပ်က ရွေးနဲ့ဆိုတော့ မခန့်ကြဘူး တဲ့။ သူများမလုပ်ချင်တဲ့အလုပ်လည်း လုပ်တာပဲ၊ ချေးလည်းမများရဲဘူး၊ ရရာအလုပ်လည်းလုပ်ရတဲ့ ရွှေမြန်မာ တွေပဲကိုက်တယ်။ ဒါပေမယ့် များများမခန့်ရဲကြတော့ဘူး တဲ့။ ကျမတို့ရွှေမြန်မာတွေ ကုမ္ပဏီတစ်ခုတည်းမှာ၊ တစ်နေရာ တည်းမှာများ စုမိရင် တော်ရင်တော်သလို ချီးမြင့်မြောက်စား၊ ရာထူးတိုးလုပ်တာနဲ့၊ တိုင်စာ၊ ပစ်စာ၊ ပစ်ခံ ရတဲ့ပြဿနာ တွေ့မယ်။အရင်းအမြစ်ရှာဖြေရှင်းလိုက်ရင်ပစ်တဲ့တရားခံက ရွှေမြန်မာအချင်းချင်းပဲတဲ့လေ။

ကိုင်း…..ကောင်းကြသေးရဲ့လား။ ကိုယ့်လူမျိုးအချင်းချင်း ပြန်ဆွဲချ၊ ပြန်တိုက်ခိုက်တာ၊ ကင်ဆာရောဂါနဲ့ ဘာထူးသေးလဲ၊ ပွားသွားတာလည်းကြောက်ခမန်းလိလိပါပဲ။ တစ်ဦးချင်းတစ်ယောက်ချင်း သတ္တိမရှိတော့ အင်အားစုရတယ်။ လောကမှာ ကောင်းတဲ့သူနဲ့မကောင်းတဲ့သူ မကောင်းတဲ့သူက ခပ်များများဆိုတော့ စုဆောင်းပွားများရတာမခက်ပါဘူး။ အများနဲ့တစ်ယောက် ပုံစံမျိုး ဖြစ်အောင်ဖန်တီးစည်းရုံးကြပြီး ဝိုင်းဝန်းတိုက်ခိုက်ဖယ်ထုတ်လိုက်ကြတာ ကင်ဆာရောဂါထက်တောင် ကြောက်စရာ ကောင်းလှပါတယ်။

ကိုယ့်နာမည်ကောင်းရဖို့၊ ချီးကျူးမြောက်စားခံရဖို့၊ အသိအမှတ်ပြုခံရဖို့အတွက် မှားမှန်းသိနေတာတောင် ကိုယ့်အမှားကို ပြင်ဖို့ မစဉ်းစားနိုင်ကြပါဘူး။ ကိုယ့်အပြစ်ကို ဖုံးဖိဖို့ သူများရဲ့အားနည်းချက်၊ ပျော့ကွက်ကို အပြင်းအထန်ရှာဖွေရတယ်။ ဆွဲထုတ်ပြီး (Cover)ကာဗာယူရတယ်။ နည်းမျိုးစုံပေါ့လေ။ နောက်ဆုံးအနှစ်ချုပ်လိုက်ရင် ဘယ်သူသိသိ မသိသိ ကိုယ့်ဘာသာ ကိုယ်တော့ အသိဆုံးပါပဲ။ မကောင်းမှုဟာလည်း စိတ်ကွယ်ရာမရှိပါဘူး။ အဆုံးမှာ အမှန်တရားဟာ ဗူးပေါ်သလို ပေါ်လာစမြဲပါပဲ။

ကျမရဲ့အတွေ့အကြုံနဲ့ သိသလောက်ပြောရရင် ငယ်ငယ်ကတည်းက မလိမ်တတ်ဘူး၊ အမှားလုပ်မိရင်လည်း သိတာနဲ့ ချက်ချင်းဝန်ချတောင်းပန်တတ်တဲ့အကျင့်ရှိခဲ့ပါတယ်။ ဒါဟာလည်း ကျေးဇူးရှင်ဖခင်ရဲ့ သွန်သင်ဆုံးမမှု ရခဲ့တာကြောင့်ပါပဲ။ ပြောရရင် အဲဒီလို အမှားဝန်ခံတတ်တဲ့အကျင့် တစ်ခါကျင့်ပြီးတိုင်း တစ်ခါသိသိတာတာ စိတ်ရောကိုယ်ပါ လွတ်လပ်ပေါ့ပါးမှု တစ်မျိုး ရခဲ့တာချည်းပါပဲ။ တော်တော်ကို နေလို့ကောင်းတဲ့အရသာပါ၊ ဒါလုပ်ဖူးတဲ့သူတိုင်းသိကြမှာပါ။ ကျမတို့လည်း ပုထုဇဉ်လူသား တစ်ဦးအနေနဲ့ ဘဝမှာ မသိလို့ပဲဖြစ်ဖြစ် သိသိချည်းနဲ့ပဲဖြစ်ဖြစ်၊ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ အကြောင်း အမျိုးမျိုးနဲ့ အမှားတွေ ကျူးလွန်ခဲ့ဖူးပါတယ်။

ဗုဒ္ဓရဲ့ဝိပဿနာတရားထူးတရားမြတ်နဲ့ တွေ့ကြုံကြိုးစားခွင့် ရခဲ့တဲ့အခါမှာ ကိုယ့်ရဲ့အသိတရားတွေ တိုးတိုးလာသလို ကိုယ့်အမှားတွေလည်း တိုးတိုးမြင်လာခဲ့ပါတယ်။ ကိုယ့်လိုသိမြင်ခွင့်တွေလည်း ကိုယ်နဲ့ထိစပ်သမျှ ရစေချင်ပါတယ်။

ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာရော၊ တိုင်းပြည်အနှံ့အပြား၊ တိုင်းတစ်ပါးအထိပါ ကျမတို့ရွှေမြန်မာတွေရဲ့ မစည်းလုံး မညီညွှတ်မှု ၊ အကျင့်ဆိုးကြီးကြောင့် နာမည်ပျက်နေတာတွေကြည့်ရင် အလွန်ရှက်စရာကောင်းပါတယ်။ ကျမတို့ လူကြီးတွေရဲ့ လုပ်ရပ်တွေနဲ့ တိုင်းပြည်ရဲ့မျိုးဆက်သစ်တွေဆီ ဘယ်လိုအမွေတွေထားခဲ့ကြမှာလဲ၊ ကျမတို့အမှားတွေကို ပြောပြ သင်ခန်းစာ ယူပြီး၊ နောင်လာနောက်သားတွေဆီကို ကောင်းတဲ့အကျင့် ကောင်းတဲ့စိတ်ထားတွေ လက်ဆင့်ကမ်းပေးခဲ့ကြရမှာ မဟုတ်လား။

အဲဒီအတွက် တစ်ခုတည်းသော နည်းလမ်းကလည်း တရားဘာဝနာပဲရှိပါတယ်။ မိရိုးဖလာမဟုတ်ပဲ၊ တကယ့်ဗုဒ္ဓဘာသာ ရဲ့ အနှစ်သာရကို ရရှိအောင် ကြိုးစားအားထုတ်နိုင်မှ ရမှာပါ။ ဆရာတော် ဦးသောမ ဟောခဲ့သလိုပဲ၊ ယခုလက်ရှိ ၂၁ ရာစုမှာ မြန်မာနိုင်ငံကို နိုင်ငံပေါင်းစုံကလူတွေ စိတ်ဝင်တစားနဲ့ အလုံးအရင်းဝင်လာတော့မှာပါ။ ယနေ့ကမ္ဘာတစ်ဝှမ်းမှာ ငြိမ်းချမ်းရေးကို အလိုရှိနေကြပါပြီ။ မေတ္တာတရားတွေလည်း လိုအပ်နေကြပါပြီ၊ တိုင်းပြည်ကလည်း လမ်းဖွင့်ထားပြီးပါပြီ။

ကမ္ဘာမှာအငြိမ်းချမ်းဆုံးတရား၊ မေတ္တာတရားတွေနဲ့ ပြည့်ဝနေတဲ့ထေရဝါဒ အထွန်းကားဆုံးနိုင်မှာ လူလာဖြစ်ရတဲ့ ကျမတို့ နိုင်ငံသူ/သားတွေ အိမ်ရှင်အနေနဲ့ သိထားလုပ်ထားသင့်ကြပါပြီ။ ရှေ့ကအမှားတွေပြင်ပြီး ကမ္ဘာ့အလယ်မှာ ရွှေမြန်မာ ရယ်လို့ တကယ်တန်ဖိုးရှိတဲ့ လူ့ဘဝတွေရရှိပိုင်ဆိုင်ပြီးသားအဖြစ် ဝင့်ကြွားနိုင်အောင် ဖြစ်သင့်နေပါပြီ၊ ကိုယ့်နိုင်ငံ၊ ဘာသာ အကြောင်း နိုင်ငံခြားသားတွေ စိတ်ဝင်တစားမေးလာရင်တောင် ဘာမှမဖြေနိုင်ပဲ မဖြစ်ရအောင် ပြင်ဆင်ကြိုးစားကြဖို့ အချိန်တန်ပါပြီလို့ တင်ပြရင်း လူသားတိုင်း တန်ဖိုးရှိတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ မိုးသောက်ပန်း (Aurora)
ဆရာတော်ဦးဝီရသူ(မစိုးရိမ်)ဆိုဒ်မှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"ဗုဒ္ဓုပ္ပါဒ နဝမခေတ်(သို့မဟုတ်) ရပ်ပြစ်ရှစ်ပါးမှလွန်မြောက်သောခေတ်ဟူသည်"

$
0
0
ဗုဒ္ဓုပ္ပါဒ နဝမခေတ်(သို့မဟုတ်) ရပ်ပြစ်ရှစ်ပါးမှလွန်မြောက်သောခေတ်ဟူသည်
အဋ္ဌလက္ခဏခေတ်ဖြစ်သော ရပ်ပြစ်ရှစ်ပါးမှ လွန်မြောက်သော ခေတ်ကို ဆိုလိုသည်။ အဋ္ဌလက္ခဏခေါ်သည့် ရပ်ပြစ်ရှစ်ပါးဆိုသည်မှာ 

၁။ ငရဲဘုံသို့ ရောက်နေချိန်သည် ဆင်းရဲလွန်းလှရကား သစ္စာမမြင်နိုင်သည့် အချိန်တည်း။

၂။ တိရစ္ဆာန်ဘုံသို့ ရောက်ချိန်သည်လည်း ထို့အတူ သစ္စာကွယ်သော ခေတ်ပင်တည်း။

၃။ ပြိတ္တာဘုံသို့ ရောက်နေချိန်သည်လည်း ထိုနည်းလည်းကောင်းပင်တည်း။

၎။ အသူရကာယ်သို့ ရောက်နေချိန်သည်လည်း ထူးမခြားနားပင်တည်း။

၅။ (က) အသညသတ် ဗြဟ္မာ့ဘဝသို့ ရောက်နေချိန်သည်လည်း ဘုရားရှင်နှင့် အရိယာတို့၏ တရားသဘောကို မှတ်သားနိုင်သည့် ဥာဏ်စွမ်းမရှိလေရကား မျောက် အုန်းသီးရဘုံဘဝမျှသာတည်း။

(ခ) အရူပဗြဟ္မာ့ဘဝသို့ ရောက်နေချိန်သည်လည်း ဘုရားရှင်နှင့် အရိယာတို့၏ တရားစကားကို နားကြားနိုင်သည့် နားမရှိခြင်းကြောင့်ပင် ထီပေါက်သော်လည်းထီလက်မှတ်ပျောက်သည့် ခေတ်သာတည်း။

၆။ လူဖြစ်ပြန်ပါသော်လည်း ဘုရားရှင်နှင့် အရိယာတို့၏ ဆန့်ကျင်ဘက်အယူရှိသည့် ဘာသာဝင်ဘဝထဲ (သို့မဟုတ်) မိစ္ဆာဒိဋ္ဌိအယူဝါဒထဲရောက်နေပြန်ကလည်း ဘုရားတရားတော်နှင့် လွဲချော်မည့်ဘဝခေတ် သာတည်း။ 

၇။ တစ်ဖန်လည်း ဘုရားရှင်၏ ယုံကြည်သက်ဝင်သည့် ဘာသာတူ လူမျိုးတူဖြစ်ပြန်ပါသော်လည်း ဘုရားတရားတော်၏ သဘောထဲ၌ ဥာဏ်ဝင်စားဆုံးဖြတ်နိုင်သည့် အမောဟဟိတ်(ပညာအကြောင်းခံ) ကင်းဆိတ်နေချေလျှင်လည်း ဘုရားတရားတော်နှင့် လွဲချော်မည့်ဘဝခေတ်သည်သာလျှင်တည်း။

၈။ တစ်ဖန်လည်း လူ့ဘဝရောက်ချိန်လည်း ဟုတ်၏။ ဘုရားရှင်၏ အယူဝါဒကိုလည်း တစ်ထစ်ချ ယုံကြည်၏။ ပညာအကြောင်းခံသော အမောဟဟိတ်လည်း အဆင်သင့်ပင်ပါရှိ၏။ သို့သော် ဥာဏ်အလင်းသို့ပေါက်ရန် ဟောပြောပြသမည့် ဘုရားစသော အရိယာသူတော်ကောင်းများ မပွင့်ထွန်းချိန် ဖြစ်နေပြန်ပါကလည်း ဘုရားတရားတော်နှင့် လွဲချော်မည့် ခေတ်သည်သာဖြစ်၏။

သို့ကြောင့်လျှင် အထက်ပါ အခါမျိုး(ဘဝမျိုး) ရှစ်မျိုးကို အက္ခဏ အခွင့်အရေးကောင်းကြီးများ ဆုံးရှုံးလက်လွှတ်ရသော ခေတ်ဟု ဆိုချေသည်။
ထိုအက္ခဏခေါ်ဆိုရသည့် ရပ်ပြစ်ရှစ်ပါး (အပြစ်ကြီးသည့် အရပ်ဒေသရှစ်ခု)-၌ကား သစ္စာတရားတို့ ဆိတ်သုဉ်း ကြလေကုန်၏။သို့ကြောင့်ပင် မကောင်းသည်ကိုတော့ ဆောင်၍ဆောင်၍နေလေပြီး ကောင်းသည်ကိုကား ရှောင်၍ရှောင်၍ နေလေ၏။ ထိုအခါသမယမျိုးများသည်ကား မမြင်မစမ်း ဆင်ကန်းတောတိုးဘဝမျိုးဖြင့် ထင်ရာ မြင်ရာအတိုင်းသာ ဒုန်းစိုင်းလျှက်က ဆိုးသွမ်း လျှပ်ပေါ်လော်လီနေကြရရှာသော အက္ခဏခေါ် လူအခွင့်အရေးကြီး လက်လွှတ်ဆုံးရှုံးနေရသည့် အခါသမယ မျိုးများသာ ဖြစ်ပါချေသည်။

ဗုဒ္ဓုပ္ပါဒ နဝမခေတ်သည်ကား ထိုသို့မဟုတ်ပါ။ အရှိကိုလည်း အရှိတိုင်းလည်းကောင်း၊ အမှန်ကိုလည်း အမှန်တိုင်းလည်းကောင်း၊ ထွင်းဖောက်မြင်သိစေနိုင်သည့် သစ္စာတရားများ၊ ထွန်းကားနေချေပြီ ဖြစ်ရကား ပယ်ဖျက်သင့်သည့်အရာကို ပယ်ဖျက်နိုင်စွမ်းရှိခြင်း၊ တွယ်ဖက်သင့်သည့် အရာကိုလည်း တွက်ဖက်နိုင်စွမ်း ရှိခြင်း ဤသတ္တိထူးများ ပေါ်ထွက်လာချေတော့ရာ မကောင်းရာ(အကုသိုလ်)ကိုရှောင်၊ ကောင်းရာ (ကုသိုလ်) ကိုသာဆောင်တတ်သည့် ဘုရားပွင့်ထွန်းရာ အခါသမယများသာ ဖြစ်ချေသည်။

ဆက်လက်ရေးသားပါဦးမည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"ရင်လေးဖွယ်ရာအမျိုးဘာသာ အနာဂတ်ရေး"

$
0
0
၁။ ဗုဒ္ဓမြတ်စွာဘုရားသည် ကိုယ်တော်၏ သစ္စာသာသနာတော်ကြီးကို တည်ထောင်နိုင်ရန်အတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ပါရမီဖြည့်တော်မူခဲ့ရသည်။ ပါရမီဖြည့်သည်ဆိုတာ မိမိရည်ရွယ်ချက်အပြည့်အ၀အောင်မြင်စေ ရန် မြင့်မြတ်သော ကိုယ်ကျင့်စွမ်းအားတို့ကို အလုံအလောက် ဆည်းပူးစုဆောင်းရခြင်းဖြစ်သည်။ ဘုရားအလောင်းတော်ဘ၀တွင် ခြေလက်အင်္ဂါမြောက်များစွာကို စွန့်လှူခဲ့ရသည်။ မျက်လုံးတော်တို့ကို စွန့်လှူခဲ့သည်မှာ တန်ဆောင်မုန်း လပြည့်ညအခါ မြူတိမ်ကင်းစင်သော ကောင်းကင်ပြာပြာဝယ် ပေါ်ထွက်နေသော ကြယ်တာရာထက်ပင် အရေအတွက် များမြောင်လှပေ၏။ စွန့်လှူစတေးခဲ့သော ဦးခေါင်းတော်တို့သည်လည်း ထပ်ဆင့် စုပုံထားမည်ဆိုလျှင် ယူဇနာပေါင်း ရှစ်သောင်းလေးထောင် နှစ်ပြန်ဆောင်သော မြင့်မိုရ်တောင်ထက်ပင် အရွယ်အစား ကြီးမားလှပေ၏။ အသက်သွေးချွေးတို့ကို စွန့်လှူစတေးခဲ့သည်မှာလည်း မဟာသမုဒ္ဒရာလေးစင်း အရေအတွက်ပင် အနှိုင်းအဆမရှိအောင် များမြောင်လှပေ၏။ ဤကဲ့သို့ မိမိအသက်ကိုပင် ငဲ့ကွက်တွယ်တာခြင်း လုံးဝမရှိ၊ ပါရမီဖြည့်တော်မူခဲ့သည်မှာ အားလုံးသော လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့အား သစ္စာတရား ဟောကြားခြင်းအားဖြင့် သံသရာဝဋ်ဆင်းရဲအတွင်းမှ ကယ်တင်တော်မူရန်ဖြစ်သည်။
၂။ ထေရ၀ါဒဗုဒ္ဓဘာသာသည်သစ္စာသာသနာဖြစ်သည်။ သစ္စာသာသနာဆိုတာ အမှန်တရား ရင်ဝယ်ထား၍ သတ္တ၀ါအများ ချမ်းသာကောင်းစားရန် လမ်းမှန်ညွှန်ပြ သွန်သင်ဆုံးမခြင်းဖြစ်သည်။ “ အတ္တ - ဇီဝ ”ဟုခေါ်သည့် အသက် ၀ိညာဉ် လိပ်ပြာမရှိ၊ ရုပ်-နာမ် သာလျှင် ရှိ၏။ သက်ရှိသက်မဲ့ ကမ္ဘာလောကကြီးကို တည်ထောင်သော ဖန်ဆင်းရှင် မရှိ။ အ၀ိဇ္ဇာ - စသော အတိတ်အကြောင်းတရားတို့ကြောင့် ၀ိညာဏ် စသော ပစ္စုပ္ပန်အကျိုးတရားတို့ ဖြစ်ပေါ်လာသည်။ ယင်းအကျိုး တရားတို့ကို အစွဲအမှီပြု၍ တဏှာ စသောပစ္စုပ္ပန်အကြောင်းတရားတို့ ဖြစ်ပေါ်လာသည်။ ယင်းအကြောင်းတရားတို့ကြောင့် ဇာတိ စသော အကြောင်းတရားတို့ ဖြစ်ပေါ်လာရပြန်သည်။ ယင်းအကြောင်းတရားတို့ကြောင့် တဖန် ၀ိညာဏ်စသော အကျိုးတရား ဖြစ်ပေါ်လာရပြန်သည်။ ဤကဲ့သို့ အစဉ်မပြတ် အကြောင်းအကျိုး ဆက်စပ်၍ ခြားရဟတ်သဖွယ် ဒုက္ခသံသရာလည်နေခြင်း ဖြစ်သည်။ သမ္မာမဂ္ဂင် အကျင့်မြတ်ဖြင့် အကြောင်းတရား အ၀ိဇ္ဇာနှင့်တဏှာကို ပယ်ဖြတ်နိုင်လျှင် အကျိုးတရား ၀ိညာဏ် ၊ ဇာတိတို့ ချုပ်ငြိမ်းချမ်းသာရာ နိဗ္ဗာန်သို့ ရောက်နိုင်သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် ဤကဲ့သို့ အမှန်တရားကို ပြတ်ပြတ်သားသား ထုတ်ဖော်ဟောကြားခဲ့သဖြင့် ထိုခေတ်ကပင် အမှားကို ဖက်တွယ်ထားကြသည့် တိတ္ထိအုပ်စုများက ဗုဒ္ဓဘုရားကို နည်းအမျိုးမျိုးဖြင့် ထိုးနှက် ဆန့်ကျင်ခဲ့ကြသည်။

 
၃။ သာသနာ့ဒါယကာ အသောကမင်းတရားကြီးသည် ခရစ်မပေါ်မီ(၂၃၂)ခုနှစ်တွင် နတ်ရွာလားပြီးသည့်နောက် မင်းတရားကြီး၏ အနွယ်တော်များဖြစ်ကြသော မင်း(၇)ဆက်တို့ ခရစ်မပေါ်မီ(၁၈၄)ခုနှစ်တိုင်အောင် မင်းပြုကြသည်။ ထိုနှစ်တွင် မင်းတရားကြီး နောက်ဆုံးအနွယ်တော် ဗြိဟဒြမင်းအား ၄င်း၏ စစ်ဗိုလ်ချုပ်ကြီးဖြစ်သူ ဗြဟ္ဗဏလူမျိုး ပုရှမိတြသည် မာဂဓတိုင်းမှ သျှကသျှာလီစစ်သားအချို့ ၏ အကူအညီဖြင့် ဦးခေါင်းတော်ကို ဖြတ်ကာ မောရိယနန်းတော်ကို လုယူသည်။ မိမိ၏ မျိုးနွယ်ကိုလည်း ဆုံဂ၀ံသဟု ခေါ်တွင်စေသည်။ ပုရှမိတြသည် ပါဋလိပုတ်ပြည်မှ ပန်ဂျပ်နယ် နာလန္ဒာမြို့ အထိ ကျောင်း၊ စေတီတို့ကို မီးရှို့ ခြင်း၊ ရဟန်းသံဃာတော်တို့အား ရက်စက်စွာ သက်ဖြတ်ခြင်း စသည်တို့ကို ပြုလုပ်သည်။ ရေတွက်၍ မပြ၀ံ့လောက်အောင်များစွာသော သံဃာတော်များနှင့် သာသနာအဆောက်အဦး ကျောင်း၊ စေတီပုထိုးများ မရူမလှ ပျက်စီးကြရသည်။ ရေမတွက်နိုင်လောက်သော လူဒကာ၊ ဒကာမများလည်း သေကြေပျက်စီးခြင်းသို့ ရောက်ကြရသည်။ ကျန်ရစ်သူ ဗုဒ္ဓဘာသာဝင်တို့အား ရာဇပရိယာယ်အမျိုးမျိုးဖြင့် ဟိန္ဒူဘာသာသို့ ကူးပြောင်းစေသည်။ ဤအချက်မှာ မစ္စတာအလာတေကာ၏ ရှေးဟောင်းအိန္ဒိယရာဇ၀င်စာအုပ် တွင်ရေးသားဖော်ပြထားသည့် ဆုံဂမင်းတို့၏ ဗုဒ္ဓဘာသာကိုပွဲဦးထွက် ဖျက်ဆီးခဲ့ကြပုံ အမြွက်မျှသာဖြစ်သည်။

 
၎။ ခရစ်နှစ် ( ၁၁၉၃ ) ခုနှစ်တွင် မိုဟာမက်ဂေါ်ရီခေါ် အာဖဂန်စစ်ဗိုလ်ချုပ်ကြီး၏ ဗိုလ်မှူးဘတ်တီယာ ခလဂျီနှင့် ဗိုလ်မှူး ကုတ်ဘွဒ္ဒိန်တို့သည် စစ်သားပေါင်း (၆၀၀၀)ခန့်ဖြင့်အိန္ဒိယပြည် ဘီဟာနယ် (မာဂတတိုင်း ) နှင့်ယူပီနယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ကြသည်။ ဂယာဒိစကြိတ်ရှိ လူပေါင်းများစွာတိုကို သတ်ဖြတ်ပြီး ပစ္စည်းဥစ္စာတို့ကို လုယက်ယူငင်ကြသည်။ ကိုးကွယ်ရာ အဆောက်အဦးပေါင်း မြောက်များစွာကိုလည်း ဖျက်ဆီးပစ်ကြသည်။ သူတို့ စစ်သားပေါင်း (၂၀၀၀) ခန့်သည် ဗုဒ္ဓဂယာသို့ လာရောက်ကြပြီး အဆောက်အဦးများစွာ တို့ကို မီးရှို့ ဖျက်ဆီးခြင်း၊ ပစ္စည်းဥစ္စာတို့ကို လုယက်ခြင်း၊ ရဟန်းတို့ကို ဓား၊ လှံ၊ လက်နက်တို့ဖြင့် သတ်ဖြတ်ခြင်း၊ ရာပေါင်းများစွာသော စေတီပုထိုးတို့ကို ဖျက်ဆီးခြင်း၊ များပြားလှစွာသော ရုပ်ထုတော်တို့ကို ရိုက်ချိုးခြင်းများ ပြုလုပ်ကြသည်။ ရဟန်းတော်အချို့ မှာ တိဘက်ပြည်၊ နိပေါပြည်နှင့် အိန္ဒိယတောင်ပိုင်းသို့ ပုန်းရှောင်ထွက်ပြေးသွားကြရသည်။ ခရစ်နှစ်(၁၂) ရာစုကုန်ခါနီးမှာ မာဂဓတိုင်းကြီးတစ်လျှောက်လုံး ပြာပုံအတိဖြစ်ကာ တောကြီးသေလာ ဟိမ၀န္တာကဲ့သို့ ဆိတ်ငြိမ်လျက် ဗုဒ္ဓဘာသာ သာသနာ အရောင်တို့မှာလည်း လကွယ်နေ့ည သန်းခေါင်းယံအချိန်ကဲ့သို့ အမှောင်အတိဖုံးအုပ်ခြင်းကြောင့် ပျောက်ကွယ်ကြရသည်။ ကျန်ရစ်သူ မာဂဓတိုင်းသူ တိုင်းသားတို့မှာအစ္စလာမ်ဘာသာထဲ အဓမ္မဆွဲသွင်းခြင်း ခံကြရသည်။ ဘာသာခြားစစ်သားတို့သည် မာဂဓတိုင်းသူ အချောအလှတို့၏ ကာမကိုလည်း အလိုမတူဘဲနှင့် အဓမ္မအရယူ၍ မြိန်မြိန်ရှက်ရှက်ကြီး ခံစားကြလေသည်။


၅။ အိန္ဒိယပြည် ပေါ်တူဂီပိုင် ဂိုအားဘုရင်ခံ အေးရက်စ်ဒေဆောလ်ဒေါန်ဟာ လက်ထက် အေဒီ(၁၅၅၉) အကုန်လောက်တွင် ပေါ်တူဂီစစ်ဗိုလ် ဆာလ်ဗာဒေါ်ရီဘေအီရိုဒေဆော်ဆာသည် ရခိုင်မင်း မင်းရာဇာကြီးထံ ဗိုလ်မှူးအဖြစ် ၀င်ရောက်အမှု့ ထမ်းသည်။ သူနှင့်တွက်ဖက်၍ ဖီးလစ်ဒီဗရစ်တိုနီကိုတီ လည်းအမှုထမ်းသည်။ အေဒီ (၁၅၅၉)တွင် ရခိုင်မင်းတရားကြီးသည် တောင်ငူဘုရင် မင်းရဲသီဟသူနှင့် ပူးပေါင်း၍ ပဲခူးကို အောင်မြင်သောအခါ မိမိအား အကူအညီပေးခဲ့သော ဒီဗရစ်တို (ခ) ငစင်ကာ ခေါင်းဆောင်သည့်ပေါ်တူဂီတို့အား သံလျင်ဆိပ်ကမ်းကို ပေးအပ်ခဲ့သည်။ ရခိုင်ဘုရင် ကိုယ်စားလှယ်အဖြစ် နေထိုင်ရသော ဒီဗရစ်တို (ခ)ငစင်ကာသည် သံလျင်ကို ခိုင်ခံ့အောင် ခံတပ်များပြုလုပ်၍ အင်အားဖြည့်တင်းပြီးနောက် သံလျင်တွင်ဘုရင်တစ်ဆူလို သီးခြားအုပ်စိုးသည်။ ပုသိမ်၊ ဒလ စသောသင်္ဘောဆိပ်များကိုလည်း သိမ်းပိုက်ထားသည်။ မြစ်ဝကျွန်းပေါ် နိုင်ငံခြားကူးသန်းရောင်းဝယ်ရေး သော့ချက်များကို အပိုင်အနိုင်ရယူပြီးနောက် မြန်မာတစ်နိုင်ငံလုံးသိမ်းပိုက်ရေးကို ဆက်လက်ပြုလုပ်သည်။ ဗရင်ဂျီ ဘုရားရှိခိုးကျောင်းတစ်ကျောင်း ကို ဆောက်လုပ်၍ ရိုမန်ကက်သိုလစ် ခရစ်ယာန်ဘာသာကို အားပေးသည်။ ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ကို မလှူမတန်းရ၊ ဗရင်ဂျီဘာသာကို မယူလျှင် မနေနိုင်အောင် သွေးဆောင်သွတ်သွင်းသည်။ ဗုဒ္ဓသာသနိက အဆောက်အဦးများ၊ ဘုရားဆင်းတုတော်များကို ဖျက်ဆီးသည်။ စေတီများအတွင်းရှိ၊ ရွှေဆင်းတု၊ ငွေဆင်းတုစသည့် ဌာပနာပစ္စည်းများနှင့် ခေါင်းလောင်၊ ကြေးစည်၊ သံထီး၊ သံတံခွန်အားလုံးသိမ်းယူထုခွဲ၍ နိုင်ငံခြားသို့ ရောင်းချသည်။ ကြေးဘုရား၊ ကြေးပစ္စည်းများကို အရည်ကျို၍ အမြောက်လက်နက်များ သွန်းလုပ်သည်။ ရတနာပူရ အ၀ရွှေနန်းရှင် မဟာဓမ္မရာဇာ အနောက်ဖက်လွန်မင်းတရားသည် သက္ကရဇ် - ၉၇၄၊ အေဒီ(၁၆၁၂)တွင် သံလျင်သို့ တပ်မအလုံးအရင်းဖြင့် ချီတက်၍ တိုက်ခိုက်သိမ်းပိုက်ရာ ဒီဗရစ်တို(ခ)ငစင်ကာနှင့်တကွ တစ်မြို့ လုံးကို ရသည်။ ဒီဗစ်တို(ခ)ငစင်ကာသည် ဘုရားပုထိုး ဖျက်ဆီးသူဖြစ်၍ သံလျင်မြို့ လယ်မြို့ သူမြို့ သားအပေါင်းတို့ရှေ့ တွင် တံကျင်တင်၍ ကွပ်မျက်ခြင်း ခံရလေသည်။

 
၆။ ကုန်းဘောင်ခေတ်မင်းတစ်ပါးဖြစ်သော ပုဂံမင်းသည် သောက်စားမူးယစ်ကာ ကြက်တိုက်၊ ဂျိုးတိုက်၊ နွားတိုက်စသည့် မကောင်းမှုအလုပ်တွေနှင့် အပျော်ကြူးနေသော မင်းတစ်ပါးဖြစ်သည်။ တိုင်းတစ်ပါးသား ဘာသာခြားဖြစ်သူ တောလိုက်မုဆိုး ဘိုင်ဆတ်သည် ပုဂံမင်းထံ ချဉ်းကပ်၍ အကျွမ်းဝင်အောင် ပေါင်းသည်။ ပုဂံမင်းကြိုက်သည့် နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးကို နေ့စဉ် ဆက်သသည်။ ကြက်တိုက်၊ ဂျိုးတိုက်၊ နွားတိုက်လည်း အတူတူ၊ ပုဂံမင်းသည် ဖား ပေါင်းနေသူကို သမားကောင်းတစ်ဆူ ထင်မှတ်၍ ဘိုင်ဆတ်ကို မြို့ ဝန်ရာထူး
ပေးကာ သူကောင်းပြုသည်။ ဘိုင်ဆတ်သည်အခွင့်ကောင်းယူ၍ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီး အချောအလှလေးတွေကို တစ်ယောက်ပြီးတစ်ယောက် အဓမ္မ သိမ်းပိုက်သည်။ ဤနည်းဖြင့် ဘိုင်ဆတ်မှာ မယားပေါင်း လေးဆယ်ခန့် ရှိသည်ဟု ဆိုကြသည်။ မြို့ သူမြို့ သားများအပေါ် တမင်အကွက်ဆင် အပြစ်ရှာ၍ အမှုလုပ်ကာ ရွှေငွေတောင်းသည်။ မပေးနိုင်သူတွေကိုညှဉ်းဆဲနှိပ်စက်သတ်ဖြတ်သည်။ ဘိုင်ဆတ်သည်မြို့ ဝန်ဘ၀သက်တမ်း ငါးနှစ်အတွင်းမှာ မြန်မာလူမျိုးပေါင်း နှစ်ထောင်ခန့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သည်။ ဤအကြောင်းကို ပုဂံမင်းသိသောအခါ ဘိုင်ဆတ်ကို မြို့ ဝန်ရာထူးမှ ချပြီး ဖမ်းဆီးရေးယူကာ အမရပူရ မြို့ အလယ်တွင် ကားစင်တင် တံကျင်ထိုးပြီး ကွပ်မျက်လိုက်လေသည်။

 
၇။ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး လူ့အခွင့်အရေးများ ရှိလာခြင်းနှင့်အတူ ဂလိုတယ်လိုက်ဇေးရှင်းကမ္ဘာတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့ရာတွင် “ ဒီမိုကရေစီ ” “လူ့အခွင့်အရေး” “ဂလိုဘယ်လိုက်ဇေးရှင်း” စသည့် စံနှုန်းများကို ပုထုဇဉ် ( အတ္တဒိဋ္ဌိ မပြုတ်သေးသူ ) လူသားများကသာ ပြဋ္ဌာန်းထားပြီး ပုထုဇဉ်လူသားများကပင် ကျင့်သုံးကြတာဖြစ်သည်။ ပုထုဇဉ်ဆိုသည်မှာ ကိလေသာထူပြောပြီး အတ္တအားကြီး၍ အမှားမကင်းနိုင်သော သတ္တ၀ါများ ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ၏ နောက်ကွယ်မှ “ငါမိုကရေစီ” တွေ ရှိလာနိုင်သည်။ လူ့အခွင့်အရေး မျက်နှာဖုံးစွပ်ပြီး အတွင်းက ဘီလူးမျက်နှာတွေ ဖြစ်နေတတ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းဟု အသံကောင်းပြုကာ အင်အားစုပြီး မူလနိုင်ငံ၏ စီးပွားရေး၊ အမျိုးသားရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးတို့ကို တစ်စတစ်စနှင့် ၀ါးမျိုသွားတတ်သည်။ တူရကီနိုင်ငံသည် မူလက ခရစ်ယာန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံသည် မူလက ဗုဒ္ဓဘာသာနိုင်ငံ၊ မလေးရှားနိုင်ငံသည် မူလက ဗုဒ္ဓဘာသာနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံသည် မူလက ဗုဒ္ဓဘာသာနိုင်ငံ၊ ပါကစ္စတန်နိုင်ငံသည် မူလက ဟိန္ဒူနိုင်ငံ၊ ဘင်္ဂလားဒေ့နိုင်ငံသည် မူလက ဟိန္ဒူနိုင်ငံ၊ ထိုနိုင်ငံများသည် ယခုအခါ အစ္စလာမ်ဘာသာဝင်အများဆုံး နိုင်ငံများအဖြစ် ပြောင်းလဲသွားခဲ့ကြပြီ၊ မူလက မဟာယာန ဗုဒ္ဓဘာသာအများဆုံးရှိသည့် တောင်ကိုရီးယားနိုင်ငံသည် ယခုအခါ ခေတ်မှီဖွံ့ ဖြိုးတိုးတက်လာ သော်လည်း ခရစ်ယာန်ဘာသာဝင် အများဆုံး နိုင်ငံအဖြစ်ပြောင်းလဲသွားလေပြီ။

 
၈။ ကံရာဇာငယ်အစ သီပေါမင်းအဆုံး ရှေးအခါကမြန်မာရာဇ၀င်တွေကို ပြန်ကြည့်လျှင် မြန်မာမြေပေါ်မှာ လူမျိုးခြား၊ ဘာသာခြားများကို မင်းနှင့်တကွ တိုင်းသူပြည်သားများက ပျူငှာဖေါ် ရွှေစွာ လက်ခံခဲ့ကြသည်။ မြို့ ဝန်အထောက်ဝန် စသည့် ရာထူးများ ပေး၍ပင် သူကောင်းပြုခဲ့ကြသည်။ ထို့နောက် သူ့ကျွန်ခေတ်တွင်လည်းကောင်း၊ လွတ်လပ်ရေးရပြီး ကာလများတွင်လည်းကောင်း၊ လူမျိုးခြားဘာသာခြားတို့သည် မြန်မာနိုင်ငံအတွင်းသို့ နည်းအမျိုးမျိုးဖြင့် အခွင့်သာလျှင် သာသလို ၀င်ရောက်နေရာယူ အခြေချလာခဲ့ကြသည်။ သူတို့သည် စီးပွားရေးကို အောက်ခြေချ လာခဲ့ကြသည်။ သူတို့သည် စီးပွားရေးကို အောက်ခြေသိမ်းကစ၍ ရှာဖွေလုပ်ကိုင်နိုင်စွမ်းရှိကြသဖြင့် ကြီးပွားချမ်းသာလာကြပြီး အချက်အချာကျသော မြို့ ပြဈေးရုံများ၊ ကျေးရွာများတွင် စီးပွားရေးဘက်ကလည်း အသာစီးရ ကြသည်။ အမျိုးကို မချစ်၊ ဘာသာကို ပစ်၍ မိမိနှင့် မျိုးမတူဘာသာခြားတို့အား ကာမစည်းစိမ်လည်းပေး၊ ကလေးတွေကိုလည်း များများမွေးကြသော မြန်မာမိန်းမတို့၏ ကောင်းမှု့ ကြောင့် သူတို့လူဦးရေကလည်း တစ်နေ့တစ်ခြား တိုးပွားလာသည်။ ထို့ပြင် တိုင်းရင်းသား ဘာသာခြားတို့၏ နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်းသွင်း ဆွဲဆောင်ခြင်းကြောင့် ဗုဒ္ဓဘာသာကို စွန့်ပြီး ဘာသာခြား ဖြစ်သွားသူတွေလည်း တစ်စတစ်စ များလာသည်။ နိုင်ငံခြားမှ ၀င်လာသော စီးပွားရေးလုပ်ငန်းရှင်များကလည်း ဗုဒ္ဓဘာသာဝင် အလုပ်သမားများ၊ နီးစပ်ရာလူများကို ဘာသာရေးမဲဆွယ်လျက် ရှကြသည်။ လွန်ခဲ့သော တစ်ချိန်က မြန်မာနိုင်ငံမှာ တာဝန်ရှိသူတို့၏ တာဝန်လစ်ဟင်းမှု၊ စီမံခန့်ခွဲရေး လွဲချော်မှု၊ အကျင့်ပျက်ခြစားမှု၊ ဦးဆောင်လမ်းပြလိုအပ်မှုတို့ကြောင့် မြန်မာလူမျိုး အများစုမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများ အဆင့်နိမ့်ကျသွားသည်။ သို့ဖြင့် ဗုဒ္ဓဘာသာ မြန်မာတို့သည် စီးပွားရေးကို အကြောင်းပြ၍ မိမိတို့ အမျိုးဘာသာသာသနာနှင့်နိုင်ငံတော်၏ နောင်ရေးကို မမျှော်တွေးတော့ဘဲ သန္ဓေတားခြင်း၊ ဖျက်ချခြင်းများပြုလျက် ကလေးမွေးဖွားနှုန်းကို များစွာ လျှော့ချပစ်လိုက်ကြသည်။ မိုက်လေစွ……စီးပွားရေးကိုလည်း လက်ကြောတင်းအောင် မလုပ်ကြ၊ အိမ်ထောင်လည်းမပြုကြဘဲ လူပျိုကြီး၊ အပျိုကြီး လုပ်နေသူတွေလည်းများလှသည်။ မှားလေစွ…..ဤသို့လျှင် ဗုဒ္ဓဘာသာ မြန်မာတို့သည် မိမိတို့အမျိုးနှင့် ဘာသာကို မိမိတို့ကိုယ်တိုင် ရွှေမဖြစ်စေဘဲ ရွှံ ဖြစ်အောင်လုပ်နေကြသည်ကို မသိရှာကြချေ။ သို့ဖြစ်၍ မြန်မာနိုင်ငံသည် နောင်အနာဂတ်တွင် ဘာသာခြားအများဆုံး နိုင်ငံအဖြစ် ပြောင်းလဲတော့မည်လော။ (၈-၆-၂၀၁၂) နေ့မှစ၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သော အရေးအခင်းသည် လူဦးရေအင်အား လျှော့ချနေကြသော ဗုဒ္ဓဘာသာမြန်မာတို့အတွက် ပူပူနွေးနွေး သတိသံဝေဂယူစရာ အရေးကြီးသော ပစ္စုပ္ပန်သင်ခန်းစာတစ်ရပ် ဖြစ်သည်။ တောင့်တင်းခိုင်မာသော လူသားအရင်းအမြစ်များ လုံလောက်စွာ မရှိလျှင် အန္တရယ်တွေ့ ကြုံလာပါက မိမိတို့၏ အမျိုးဘာသာ သာသနာနိုင်ငံတော်ကို ဘယ်လို ကာကွယ်ကြမည်နည်း။
(ရွှေဘို - မျိုးချစ်မောင်-ဗုဒ္ဓကမ္ဘာဆိုဒ်) မှ
 
 စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"မျက်လုံးတစ်ဖက်ကန်းနေသည့် ဒေ၀ဒတ်ဂိုဏ်းသားများအတွက် (ရဟန်းနှင့်နိုင်ငံရေး)"

$
0
0
အားလုံးမင်္ဂလာပါ။ ဦးဇင်းတင်တဲ့ပိုစ့်များကို အားပေးသူများအား အထူးကျေးဇူး
တင်ပါတယ်လို့ ရှေးဦးစွာပြောလိုပါတယ်။ ဦးဇင်းရဲ့ဆိုဒ်မှာ ကွန်မင့်အနေဖြင့်သော် လည်းကောင်း ၊ ဦးဇင်းရဲ့ ဂျီမေလ်း အကောင့်မှာ မေလ်းပို့ပြီးတော့သော်လည်းကောင်း၊ ရဟန်းဖြစ်ပြီး နိုင်ငံရေး အမျိုးသားရေး စာတွေရေးရသလား၊ ဖြန့်ဝေရသလား၊ ရဟန်းအစစ်ရော ဟုတ်ရဲ့လား။ ဆိုသည်က တစ်မျိုး၊ ခွေးအလုပ်ကို မြင်းဝင်ရှုပ်ရင် အရိုက်ခံရတယ်ဆိုသည်က တစ်ဖုံ၊ တိရစ္ဆာန်နှင့်နှိုင်းသူကနှိုင်း အပြစ်တင် ရှုတ်ချ ကဲ့ရဲ့သူများရှိသကဲ့သို့ အားပေးသူများလည်း ရှိပါတယ်။ အားပေးသူများကို အထူးကျေးဇူးတင်သလို ၊ ကဲ့ရဲ့ရှုတ်ချသူများကိုလည်း မည်သည့် အာဃာတတရား၊ ဒေါသတရားများမထားပါ။

ဦးဇင်းဟာ ရဟန်းအစစ်ပါ။ သိက္ခာပုဒ်အကျဉ်း(၂၂၇)ပါး၊ သိက္ခာပုဒ်အကျယ် ကုဋေကိုးထောင့် တစ်ရာ့ရှစ်ဆယ်ငါးသန်းသုံးသောင်းခြောက်ထောင်သော သိက္ခာပုဒ်များကို စောင့်ထိန်းရင်း စာပေတွေကို သင်ယူလျက် အမျိုး ဘာသာ သာသနာအတွက် မသိသေးသူများကိုသိစေခြင်း၊သိပြီးသူများကို ပိုပြီးသိစေရန်အလို့ငှာမိမိရဲ့ အချိန်များထဲမှ ဟောပြောပြသနေခြင်း၊ ရေးသားဖြန့်ဝေခြင်းများ ကို ပြုလုပ်နေတာပါ။ ကဲ့ရဲ့ရှုတ်ချတဲ့ဒဏ်ကို မခံနိုင်လို့ ရေးသားခြင်းများကို ရပ်တန့်မည်မဟုတ် သလို၊ ဟောပြောခြင်းများကိုလည်း ရပ်နားမည်မဟုတ်ပါ။ဆက်လက်ရေးသား ဟောပြောနေမည်သာဖြစ်၏။

ဦးဇင်းတင်တဲ့ပိုစ့်တွေဟာ နိုင်ငံရေးမပါပါဘူး။ အဲဒါနိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဦးဇင်းထံမေလ်း တစ်စောင်ဝင်လာတာပါ။ ဒါကြောင့်ရဟန်းနှင့်နိုင်ငံရေး အကြောင်းလေးကို တစ်စိတ်တစ်ဒေသ သိစေချင်တာနဲ့ မျှဝေလိုက်ပါတယ်။

ရဟန်းဆိုသည်မှာ နိုင်ငံရေးမလုပ်ကောင်းဟု မြတ်စွာဘုရားဟောတော်မူတဲ့ ဝိနည်းဒေသနာတော်တွေမှာ မတွေ့ရပါဘူး။ ပြီးတော့ မြတ်စွာဘုရားအလောင်းတော် ဘဝကလည်း နိုင်ငံရေးလုပ်တော်မူခဲ့ သလို၊ မြတ်စွာဘုရား ဖြစ်ပြီးတော်မူတဲ့အခါမှာလည်း နိုင်ငံရေးနဲ့မကင်းခဲ့ပါဘူး။ မြတ်စွာဘုရား လည်း နိုင်ငံရေးလုပ်ပါသည်။ ၀ိဋဋူဘ၀တ္ထုကို ကြည့်ပါ။ နှစ်ပြည်ထောင်မင်းတို့ မြစ်ရေကြောင့် စစ်ခင်းမည့်အရေးကိုကြည့်ပါ။ ရာ ဇောဝါဒဇာတ်ကို ကြည့်ပါ။ မင်းကျင့်တရားဆယ်ပါး ဟောကြားတော်မူခဲ့ သည်ကို ကြည့်ပါ။ စရိယသုံးပါးတွင် ဉာတတ္ထစရိယသည် အမျိုး သားနိုင်ငံရေးဖြစ်ပြီး၊ လောကတ္ထစရိယ သည်အမျိုးသားနိုင်ငံရေးထက်ကျယ်ပြန့်သည့် ပြည်သူ့နိုင်ငံရေးဖြစ် ပါသည်။

“လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါဖြစ်သည်” (Human is political animal) ဟု ဆိုကြပါသည်။ ဘုရားလောင်းလည်း နိုင်ငံရေုးလုပ်ပါသည်။ ဓမ္မနှင့်အဓမ္မ၊ အနိုင်ကျင့်သူနှင့် အနိုင်ကျင့် ခံရသူ၊ ဖိနှိပ်သူနှင့်အဖိနှိပ်ခံရသူ ဘက်နှစ်ဖက်တို့တွင် ဓမ္မဘက်၊ အနိုင်ကျင့်ခံရသူများဘက်၊ အဖိနှိပ်ခံရသူများဘက်မှ ရပ် တည်ကာ ဦးဆောင်ဦးရွက်ပြု၍ ကာကွယ်စောင့်ရှောက်ခြင်း၊ တော်လှန် ရင်ဆိုင်ခြင်းများပြုလုပ်ခဲ့သည့် ဇာတ်နိပါတ်တော်များ များစွာရှိပါ သည်။ထို့ကြောင့် ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရတို့လို ရဟန်းသိက္ခာ ရဟန်းကျင့်ဝတ်နှင့်အညီ နိုင်ငံရေးလုပ်ကိုင်က ဘုရားအလိုတော် ကျမည်ဖြစ်ပါသည်။


ရဟန်းပျိုသံဃာများအနေဖြင့် ဓမ္မဘက်မှရပ်တည်သည်ကိုလည်းကောင်း၊ အဖိနှိပ်ခံပြည်သူ့ဘက်မှ ရပ်တည်သည်ကိုလည်းကောင်း၊ ဒီမိုက ရေစီသဘောထားအရ ကိုယ့်ဆန္ဒနှင့်ညီသော ပါတီခေါင်းဆောင် အဖွဲ့အစည်းခေါင်းဆောင် မည်သည့်ပုဂ္ဂိုလ်မဆို လွတ်လပ်စွာ ထောက်ခံကြိုဆို အားပေးသည်ကိုလည်းကောင်း လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိပါသည်။ သို့သော် လွတ်လပ်စွာနှင့် စည်းကမ်းပျက်စွာ၊ တက်ကြွစွာနှင့် သရုပ်ပျက်စွာ ခွဲခြားတတ်ရပါမည်။

ရဟန်းတော်များ နိုင်ငံရေးမလုပ်ကောင်းဟု အခိုင်အမာယူဆထားသော မျက်လုံးတစ်ဖက် ကန်းနေသည့် ဒေ၀ဒတ်ဂိုဏ်းသားများလည်း မြောက်များစွာရှိနေသဖြင့် ၎င်းတို့ထောက်ကွက် မရလေအောင် ကိုယ်ကျင့်သိက္ခာပြည့်ဝသောနိုင်ငံရေးကို ကိုယ်ကျင့်သိက္ခာပြည့်ဝစွာ ဆောင်ရွက် သင့်ပါသည်။ ရွှေဝါရောင်သံဃာတော်များ ရှေ့သွားရှိပါသည်။


အဓမ္မကို ဓမ္မဖြင့်၊ ဒေါသကို မေတ္တာဖြင့်၊ လက်နက်ကို ကလောင်ဖြင့် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိ တော်လှန်ရေးဆင်နွှဲကာ အသက်ကိုစတေးသွားခဲ့သော ဘ၀ကိုစတေးသွား ခဲ့သော၊ အမျိုးဘာသာသာသနာအတွက် သွေးစက်ချ၍ ပေးဆပ်သွားခဲ့သောအရှင် ကောင်း အရှင်မြတ်တို့ကို ငဲ့ညှာသင့်ပါသည်။
ရဟန်းတော်များအားလုံး ပြည်သူ့အတွက်၊ အမှန်တရားအတွက် အရှက်နှင့်သိက္ခာကို မစွန့်လွှတ်မူ၍ အသက်စွန့်ကာ ပေးဆပ်နိုင်ပါစေ။
ဆရာတော်ဦးဝီရသူ၏ ရဟန်းနှင့်နိုင်ငံရေး အကြောင်းကို မှီငြမ်းရေးသားပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)


“Sex (သို့) ဘုရားသခင့်လက်ဆောင်”တဲ့လား

$
0
0
လွန်ခဲ့သော မဟာသင်္ကြန်တော်အခါသမယဆီက သီတဂူဆရာတော်ကြီးကို ဖူးမျှော်ခွင့်ရရှိခဲ့သည်
သြ၀ါဒစကား ကိုလည်း နာယူခွင့်ရခဲ့သည်။ ပညာသင်နေကြသော ရဟန်းတော်များပေမို့ ပညာရေးဆိုင်ရာ သုတေသန ကိစ္စရပ်များကို အလေး ထားမိန့်ဆိုသွားသည်။ မဇ္ဈိမဒေသရှိ ယုံကြည်ကိုးကွယ်မှုများ အကြောင်းလေ့လာစရာ များစွာရှိသည်ကိုလည်း ထောက်ပြသွားသေးသည်။ ရှီဝလိင်ကိုးကွယ်မှု၊ ဂျိန်းဘာသာ စသည် စိတ်ဝင်စားဖွယ်အကြောင်းတရားများ။
                                         ဂျိန်းဘာသာရေးအခမ်းအနား
                              ဂျိန်းဘုန်းတော်ကြီးအား ဆွမ်းကပ်လှူနေသော ဒကာမများ
                    (ဂျိန်းဘုန်းတော်ကြီးမှာ အ၀တ်ဗလာဖြစ်နေပါ၍ ဆင်ဆာလွတ်မည့်ပုံကိုသာ တင်လိုက်ပါကြောင်း)

မဇ္ဈိမသည် အံ့သြဖွယ်ကောင်းစွာပင် လိင်ကိုးကွယ်မှု၊ ၀တ်လစ်စလစ်နေထိုင်ခြင်းနှင့် သက်ဆိုင်သော ဘာသာတရားများကို အခိုင်အမာလက်ခံထားလေသည်။ ဟိန္ဒူအယူဝါဒတွင် ရှီဝလိင်ကိုးကွယ်မှုက အမြစ် တွယ်နေသည်။ ဂျိန်းဘာသာက အ၀တ်ဗလာဖြင့် အကိုးကွယ်ခံဖြစ်နေဆဲ။ အခြားသော ကိုယ်လုံးတီး ဆာဒူးကြီး များ၏ ကောင်းချီးပေးမှုကိုလည်း စုပြုံးတိုးဝှေ့ကာ ကိုးကွယ်ခံယူနေကြပြန်သေးသည်။ သို့ဆိုလျှင် မဇ္ဈိမ ပြည်ကြီးဝယ် ပညာသင်နေသော ရဟန်းတစ်ပါးအတွက် မိမိ၏ ဘာသာတရားမှတစ်ပါး အခြားသော အညတိတ္တိယတို့၏ လိင်သဘာဝနှင့် ပတ်သက်သောအတွေးအခေါ် အယူအဆများ ကိုလည်း လေ့လာသင့်သည် မဟုတ်လား။

လွန်ခဲ့သောနှစ်က ရွှေပြည်ကြီးသို့ ပြန်လည်ဆိုက်ရောက်ချိန် မဇ္ဈိမ၏ ကိုးကွယ်ယုံကြည်မှုအကြောင်းကို တရားပွဲ တစ်ခုတွင် မိတ်ဆက်ပြောပြဖြစ်သည်။ အ၀တ်မစည်း အချည်းနှီးသော အညတိတ္တိယ ဂျိန်းဘာသာဝင်များနှင့် အစေလကတက္ကဒွန်းများ ယနေ့ခေတ်တိုင် တည်ရှိနေဆဲဆိုသည်ကို ဗွီဒီယိုမှတ်တမ်းခွေနှင့်တကွ ပြသတော့ အားလုံးအံ့သြကြသည်။ ပိဋကတ်စာမျက်နှာထဲမှာသာ ရှိတော့သည်ဟု ထင်နေကြလေသည်ပဲ။

ဘာပဲဖြစ်ဖြစ် ယမန်နေ့က အိန္ဒိယတိုင်းမ်စ်သတင်းစာမှ စကားပြောသောသစ်ပင်(Speaking Tree)ကို ဖတ်မိ တော့ မဇ္ဈိမ၏ လိင်သဘာဝအမြင်ကို တစ်စွန်းတစ်စ သိရသည်။ (၂၂-၀၄-၂၀၁၀)နေ့ကလည်း 'River Of The Life" စာတမ်းလေးကို “ဘ၀ကိုယ်တိုင်က မြစ်” ဟု ဘာသာပြန်တော့ ဘုံဘေတက္ကသိုလ်ကျောင်းတော်သား မိတ်ဆွေရဟန်းတော်တစ်ပါးက ဘာသာပြန်လေး ဆက်လုပ်ပါဦး ဟု တွန်းသည်။

သို့နှင့် ၂၄-၀၄-၂၀၁၀စနေနေ့ထုတ် သတင်းစာထဲက အိုရှိုး(Osho)၏ ''Sex, Gift From God" ဆိုသော ဟော ပြောချက်ကို ဘာသာပြန်ဆိုလိုက်ပါသည်။ အိုရှိုးဆိုသည်က နှစ်ဆယ်ရာစုတွင် ထင်ရှားလှသော ဘာသာ ရေးဂိုဏ်းဆရာကြီးတစ်ဆူဖြစ်သည်။ သူ့အကြောင်းကို ရုပ်ရှင်ရိုက်ကြဦးမည် ဟု သိရ၏။ ဘာသာပြန်ပါ အကြောင်းအရာများသည် မဇ္ဈိမကို နားလည်ရေးအစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်ပါကြောင်း။ 
                      ရှီဝ၏ ယောက်ျားအင်္ဂါနှင့် ပရဗတီ၏ မိန်းမအင်္ဂါလိင်

လိင်သဘာဝမှ လွတ်မြောက်ခြင်းဟူသည် လိင်သဘာဝကို ထိန်းချုပ်ခြင်းမဟုတ်ဘဲ လိင်သဘာဝကို နားလည်ခြင်းပင်ဖြစ်ပါသည်။ နားလည်ခြင်းဖြင့်သာ လိင်သဘာဝကို လွန်မြောက်နိုင်သည်။ သို့သော် လိင်သဘာဝကို ဆန့်ကျင်ရမည်ဟု မဆိုလို၊ ပျော်ရွှင်ကျေနပ်နေရမည်၊ လူတိုင်းကိုလည်း တစ်နေ့တွင် လိင်သဘာဝကို လွန်မြောက်ကြလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ကောင်းချီးမင်္ဂလာပြုနိုင်ရပေမည်။
ဘာသာတရားဟူသည် ကမ္ဘာမြေ၌ အမြစ်တွယ်ကာ နေသို့ ဦးတည်ရပေမည်။ ဘာသာတရားသည် ရွှံ့နွံ၌ အမြစ်တွယ်ကာ နေကို ဦးခိုက်သောကြာပန်းနှင့်တူသည်။ ကြာပန်းသည် နွံမှ လွတ်မြောက်ရမည်ဖြစ်သော်လည်း နွံကိုတော့ လုံးဝအပြစ်တင်ဖွယ်မလိုပေ။ နွံသည် အာဟာရဖြစ်၏။ လိင်သဘာဝခွန်အားသည် စိတ်တည်ကြည်မှု သမာဓိအတွက် အာဟာရဖြစ်သည်။ လိင်သဘာဝရွှံ့နွံမှ သမာဓိကြာပန်းက ပွင့်ရပေမည်တည့်။ လိင်သဘာဝကို မည်သည့်အခါမှ မထိန်းချုပ်မိစေနှင့်။ မဆန့်ကျင်မိစေနှင့်။ ပြတ်သားသော အမြင်၊ကြီးမြတ်သောမေတ္တာဖြင့် နက်ရှိုင်းစွာ ချဉ်းကပ်ရပေမည်။ စူးစမ်းရှာဖွေသူတစ်ယောက်နှင့်တူစွာ လိင်သဘာဝကို ချောင်ကြိုချောင် ကြားမကျန် စူးစမ်းရှာဖွေလျှင် အံသြဖွယ်ရာတွေ့ကြုံရမည်သာမက အကျိုးစီးပွားလည်း ဖြစ်ထွန်းနိုင်ပေ သေးသည်။

လိင်သဘာဝကို နားလည်သိရှိပြီဆိုလျှင် ဓမ္မကို သင်အလိုလိုသိမြင်လာပေမည်။ ထိုအခါတွင် သင်လွတ် မြောက်သွားမည်။ သင့်စွမ်းရည်သည်လည်း မြင့်မားလာပေမည်။ ယခုအခါတွင် လိင်သဘာဝသည် ကလေး ကစားစရာအရုပ်တစ်ရုပ်ဖြစ်၏။ သို့သော် သင်သည် ယင်းကစားစရာအရုပ်ကလေးနှင့် ဆော့ကစားနေသော အခြားသူများကို မြင်သည့်အခါ စိတ်အလိုမကျမှု ဖြစ်ပွားခြင်းမရှိတော့ပါ။ ထိုပုဂ္ဂိုလ်တို့ကို သင်နားလည်သွားကာ ကရုဏာပွားမိသည်။ ထိုပုဂ္ဂိုလ်များကို လိင်သဘာဝမှ လွန်မြောက်နိုင်ရေး အကူအညီပေးလိုစိတ်ဖြစ်ပေါ်လာ သည်။ အမှားတစ်စုံတစ်ရာ ကျူးလွန်နေခြင်းမျိုးမဟုတ်၍ ထိုပုဂ္ဂိုလ်များကို ကဲ့ရဲ့ဖွယ်တော့ မရှိ။

လိင်သဘာဝသည် အပြစ်(sin)မဟုတ်။ လိင်သဘာဝကြောင့် မည်သူ့ကိုမှ အပြစ်ပေး၍ မရ၊ ငရဲကို ပို့၍မရပေ။ ဘုရားသခင်က လိင်သဘာဝကို သင့်အား ပေးထားခြင်းဖြစ်သည်။ သင်သည် လိင်သဘာဝနှင့်အတူ မွေးဖွားလာသည်။ သင်က လိင်သဘာဝကို ဖန်တီးထားခြင်းမျိုးလည်း မဟုတ်ပေ။ နျူကလီးယားဗုံး၊ ဘက်နက်၊ ဓါးမြောင်၊ ပိုက်ဆံ သို့မဟုတ် နိုင်ငံရေး ဆိုသောအရာများသည်သာ အရုပ်ဆိုးသောလူသား၏ စိတ်မှ ပေါက်ဖွား သော အရာများဖြစ်ပေသည်။ ထိုအရာများကို တီထွင်ဖန်တီးသူတို့သာ ငရဲသွားရမည် ဧကန်ဖြစ်ပေ၏။ သို့သော် လိင်သဘာဝသည်ကား ဘုရားသခင်ပေးသောလက်ဆောင်မွန်ဖြစ်ပေ၏။ ကြီးမြတ်သောမျိုးစေ့လည်း ဖြစ်၏။ အစို့အညှောင့် ထွက်လာသည်နှင့် မြေကောင်းမြေမွန်ရှာဖွေကာ သစ်ပင်ကြီးတစ်ပင်ဖြစ်လာပေလိမ့်မည်။ သန်းပေါင်းများစွာ ပန်းမာလာတို့ ထိုသစ်ပင်တွင် ဖူးပွင့်ကြပေမည်။

လိင်သဘာဝအားဖြင့် ကလေးသူငယ်သည်သာ မွေးဖွားသည်မဟုတ်၊ သင်သည်လည်း မွေးဖွားရပေမည်။ လိင်သဘာဝသည် ဖန်ဆင်းခြင်း၏ အဓိကအရင်းအမြစ်ဖြစ်ပေ၏။ လိင်သဘာဝအားဖြင့်သာ ဘ၀သစ်မွေးဖွား လာရပေသည်။ ဘ၀ထက် တန်ဖိုးကြီးသောအရာ ဘယ်အရာရှိမည်နည်း။ ဘုရားသခင်သည် လိင်သဘာဝကို ဘ၀ယာဉ်ရထားအဖြစ်ရွေးချယ်တော်မူခဲ့၏။ ဘ၀သည် လိင်သဘာဝမှ လာ၏၊ ဘ၀သည် လိင်သဘာဝ၌ လာ၏၊ ဘ၀သည် လိင်သဘာဝအားဖြင့်သာ လာရပေသည်။ လိင်သဘာဝကို သိမြင်ကာ လွန်မြောက်ပြီးသော သူတို့သည်ကား “အခြားသောဘ၀၊ ဓမ္မနှင့်ယှဉ်သော ဘ၀ဟူသည် လိင်သဘာဝအားဖြင့်သာ လာရသည်” ဟု ဆိုကြပေ၏။ သင်သည် လိင်သဘာဝအားဖြင့် နှစ်ဘ၀မွေးဖွားရပေမည်။ ရှင်သန်ထမြောက်ရပေမည်။ ဤလိင် သဘာဝဟူသည်မှာ ဘ၀ကိုပေးနိုင်သော စွမ်းရည်ထူးပေတည်း။

လိင်သဘာဝသည် မြင့်မြတ်၏၊ ဘုရားသခင်၏ ကျောင်းတော်လည်း ဖြစ်ပေ၏။ လိင်သဘာဝသည် ဓမ္မရေးရာအလားအလာကောင်းတစ်ရပ်ဖြစ်၏။ ရှာဖွေသူတစ်ယောက်သည် လိင်သဘာဝကို မည်သို့လျှင် စိတ်မ၀င်စားရှိရမည်နည်း။ အမှန်စင်စစ် ထိုပုဂ္ဂိုလ်သည် လိင်သဘာဝ၌ ပုဂ္ဂလိကစိတ်ဝင်မှုကား မရှိ။ လိင်သဘာဝကို လွန်မြောက်ပြီးဖြစ်၏။ သို့သော် သူသည် အကြီးအကျယ်စိတ်ပါဝင်စားမှု ရှိနေပြန်၏။ လိင်သဘာဝမှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တစ်ဦး၏ စိတ်ဝင်စားမှုက အလွန်ကြီးကျယ်တတ်သည်။ ယခုအခါ တွင် သူသည် အရာရာတိုင်းအပေါ်တွင် စိတ်ဝင်စားနေတော့၏။

သင်သည် လိင်သဘာဝအပေါ် စွဲလမ်းမိသောအခါ ကဗျာ၊ ဂီတ၊ နှင့် အလှတရားတို့ကို စိတ်ဝင်စား တော့မည်မဟုတ်ဘဲ လိင်သဘာဝကိုသာ စိတ်ပါဝင်စားနေတော့မည်။ အကယ်၍ ထိုအရာများကို စိတ်ဝင်စား သည်ဆိုပြန်ပါကလည်း ထိုအရာများတွင် လိင်သဘာဝအချို့ပါဝင်နေမှုကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ၉၉ ရာခိုင်နှုံးသော အနုပညာဖန်တီးမှုသည် လိင်သဘာဝကို အခြေခံရသည်ချည်းဖြစ်၏။ ၉၉ ရာနှုံးသော လူအများစုကလည်း လိင်သဘာဝမှလွဲ၍ အခြားအရာကို အလိုမရှိသောကြောင့်ဖြစ်ပါသည်။ ရုပ်ရှင်၊ ၀တ္ထုနှင့် စာအုပ်များ(ဘာသာရေးအမည်တပ်ထားသည့် စာအုပ်များပင်လျှင်) လိင်သဘာဝများနှင့် ပြည့်နေတတ်လေ သည်။

တစ်ခါတစ်ရံတွင် လိင်သဘာဝသည် အပြစ်တင်ရှုံချခံရတတ်သည်။ သို့သော် ထိုအရာကိုပဲ ဆက်ပြောမြဲ ပြောနေကြဆဲဖြစ်သည်။ တစ်ခါတစ်ရံ၌မူ လိင်သဘာဝက ညစ်ညမ်းမှုဖြစ်ရသေးသည်။

လိင်သဘာဝမှ လွတ်ကင်းသောသူသည် လိင်သဘာဝ၌ စိတ်ဝင်စားမှုမရှိတော့။ သူ၏ စိတ်ဝင်စားမှုကား ဘ၀တစ်ခုလုံးပေါ် ပြန့်နှံ့တည်နေတော့၏။
အိုရှိုး(Osho)
မူးရင်းဆိုဒ်- ဓမ္မဂင်္ဂါ  http://dhammaganga.blogspot.in/2010/04/sex.html  မှကူးယူဖော်ပြသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"ပြည်သူ့အင်အားမပါရင် မော်လမြိုင်မြို့ကျဆုံးတော့မယ် (ဦးဝီရသူ)""

$
0
0
ဒီကနေ့ အဲဒါပဲပေါ့ ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ကြပါ။ ဘာအမြင်နဲ့ အလုပ်လုပ်ရမလဲ? အမျိုးသားရေး အမြင်နဲ့ အလုပ်လုပ်ရပါမယ်ဘုရား။ ဘာနဲ့ အလုပ်လုပ် ရမလဲ? အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ရမယ်။ မျက်စိနဲ့ ကြည့်ရင်လည်း အမျိုးသားရေး အမြင်နဲ့ ကြည့်ရမယ်။ နားနဲ့ကြားနာရင်လည်းပဲ အမျိုးသားရေး အမြင်နဲ့ နားထောင်ရမယ်။ အဲဒီလိုပဲ ဘယ်လိုအလုပ်ပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ပဲ အလုပ်လုပ်ရမယ်။ စားလည်း အမျိုးသားရေး အတွက်ပဲစား၊ သွားလည်း အမျိုးသားရေးအတွက်ပဲ သွား။ အေး အရောင်းအဝယ် လုပ်လည်း အမျိုးသားရေးအတွက်ပဲ အလုပ်လုပ်ပါ။
အဲဒါတွေကိုဦးဇင်းတို့ တိုင်းသူ ပြည်သားတွေမှာ အားနည်းနေလို့ ဒီကနေ့ လိုက်ဟောနေရတာ။
အေး သူတို့တတွေ ကြတော့နော် ခင်ဗျားတို့ကြည့် ဘာပဲလုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ အလုပ်လုပ်တာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးခေတ် မရောက်ခင်တုန်းကစစ်အစိုးရခေတ်၊ စစ်အစိုးရနဲ့ ပေါင်းပြီးတော့ သူတို့တွေ အမျိုးသားရေးအမြင်တစ်ခုတည်းနဲ့ အလုပ်လုပ်ခဲ့ကြလို့

ဒီကနေ့ ရန်ကုန်မြို့ကြီးရဲ့ ဆောက်လုပ်ရေးဈေးကွက်ကိုသူတို့ အုပ်စီးသွားပြီ ချုပ်ကိုင်သွားပြီ။

အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်လို့။ သူတို့လည်းစစ်တပ်ကိုချစ်တယ်လို့တော့ မထင်နဲ့။ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် စစ်တပ်နဲ့ ပေါင်းတာ။ အဲဒီလိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေတ်ကောင်းလာတော့ အလုံးလိုက်၊ အရင်းလိုက် ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲသူတို့ ဝင်ကြတယ်။ အမျိုးသားရေးအမြင်နဲ့ နိုင်ငံရေးလုပ်တာ။ နိုင်ငံရေးခံယူချက်ရှိလို့ မဟုတ်ဘူး။ ဒီမိုကရေစီကို နားလည်လို့ မဟုတ်ဘူး။ လူ့အခွင့်အရေးကိုလေးစားလို့ မဟုတ်ဘူး။ သူတို့ ကိုယ်တိုင်ကိုယ်က လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့သူတွေ။

လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ရက်ရက်စက်စက် ချိုးဖောက်နေတဲ့ သူတွေ။ အေးဒါပေမယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီထဲ ဝင်တယ်။ ဘာကြောင့်လဲ။ ဒီပါတီထဲပါတီအာဏာရရင် သူတို့တတွေ နေရာရမယ်။ သူတို့တွေနေရာရရင် သူတို့ အမျိုးသား အကျိုးစီးပွားအတွက် အများကြီး အလုပ်လုပ်နိုင်မယ်။ နောက်ဆုံးအကာအကွယ် ပေးနိုင်မယ်။ဒီရည်ရွယ်ချက်နဲ့ ဝင်တယ်။

ဒီကနေ့ NLD ခေတ်ကောင်းလာတော့ကော NLD ထဲပြောင်းပြီး သူတို့တွေ နေရာယူ သွားကြပြီ။ ဘယ်မြို့မှာ ကြည့်ကြည့် ရုံးထိုင်နေရင် မုတ်ဆိတ်တွေချည်းပဲ။ အဲတော့ မိတ္ထီလာရောက်တော့ မိတ္ထီလာက ဒကာတော်က လျှောက်တယ်။

ခွပ်ဒေါင်းဟာ ခွပ်ဒေါင်း မဟုတ်တော့ပါဘူး ဆရာတော်၊ မွတ်ဒေါင်း ဖြစ်သွားပါပြီ။

ဘာ့ကြောင့်တုံးဗျ။

မွတ်ဆလင်တွေ ချည်းပဲ။

အေး ခင်ဗျားပြောတဲ့ စကားလည်း မဆိုးဘူးဗျ။

စဉ်းစား ကြည့်နေနော်။ သူတို့ နိုင်ငံရေးခံယူချက် မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးလုပ်တယ်။ ဘာအမြင်နဲ့ လုပ်လဲ၊ အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။ ဒါဘဲ၊ အဲတော့ ဘာဖြစ်မလဲ၊ သူတို့တွေ နေရာရတာပေါ့။

နေရာရတော့ ဘာဖြစ်မလဲ။ သူတို့လူမျိုး၊ သူတို့ ဘာသာ တိုးတက်အောင် လုပ်နိုင်တာပေါ့။

တစ်ခုပဲပြောလိုက်မယ်။ ဦးဇင်းမြို့လှမြို့ကိုရောက်တယ်။ ဦးဇင်းတွေ ဆီးပြီးတိုင်တယ်။

အာဇာနည်နေ့ကတဲ့ NLD ရုံးမှာဆွမ်းကပ်ချင်တာတဲ့။ ဆွမ်းကပ်ခွင့် မရဘူးတဲ့။

ထောင်းခနဲ ဖြစ်သွားတယ်။ ရိုင်းလှချည်လားကွာ၊ ဒီ အုပ်ချုပ်ရေးမှူးက ဒီအာဏာပိုင်တွေက ဗိုလ်ချုပ်အောင်ဆန်းဆုံးတဲ့ နေ့တောင် ဆွမ်းကပ်ခွင့် မပေးဘူး။ ဘာကောင်တွေလဲပေါ့။

မဟုတ်ဘူး ဘုရားတဲ့။ NLD ရုံးက ကုလားအိမ် ငှားပြီးဖွင့်ထားတာ၊ ကုလားကခွင့်မပေးတာ။

သေဟ၊ ပြီးရော၊

သူတို့ နေရာရသွားပြီလေ။ NLD ရုံးလေးအငှားဖွင့်တဲ့ အိမ်ကတောင်မှ ဒီဆွမ်းလေး ကပ်ခွင့်ကို ပိတ်ပင်ခဲ့ရင် ဒီပါတီ ဥက္ကဋ္ဌ ဖြစ်သွားခဲ့သော်၊

ဒီနိုင်ငံ့ ခေါင်းဆောင်ဖြစ်သွားခဲ့သော်၊ ဒီလွှတ်တော် ကိုယ်စားလှယ်၊ ဒီလွှတ်တော် အမတ်ဖြစ်သွားခဲ့သော် စဉ်းစားကြည့်ပါ။

မလွယ်ဘူးနော်၊ ဒီကိစ္စက အလေးအနက်တွေးလေ ကြောက်စရာကောင်းလေပဲနော်၊ သူတို့တွေ စီးပွားရေးလုပ်လည်း အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။

ဒါကြောင့် သူတို့ အမျိုးသားတွေ ဟိုးမြေတွေ လိုက်ဝယ်တာတွေ၊ အိမ်တွေ လိုက်ဝယ်တာ။ ဒီငွေထုပ် ပိုက်ပြီးတော့ မိန်းကလေးတွေ လိုက်တောင်းတာ။ ဒီဟာတွေပြပြီး မိန်းကလေးတွေကို မြူဆွယ်တာ။ အကုန် အမျိုးသားရေးအမြင်နဲ့ အကုန် အလုပ်လုပ်နေတာ။ အကုန်ကပ်တာ။ စစ်အစိုးရ ခေါင်းဆောင်တုန်းက ဗိုလ်ချုပ်ကြီးတွေကို ကပ်တာ။ ပါတီထောင်တော့ ပါတီ ခေါင်းဆောင်တွေကို ကပ်တယ်။

NLD အားကောင်းတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကပ်တယ်။

လိုက်ကြည့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်က ပြန်လာ၊ နိုင်ငံခြားက ပြန်လာတဲ့အခါ လေဆိပ်မှာသူ့ကားပဲစီးလာတာ။ မန္တလေးကိုလာတယ်။ လေဆိပ်မှာ သူ့ကုလားကားပဲ စီးတာ။ ကပ်ထားပြီ။ အပီကပ်ထားပြီ။

ဘယ် ရော်နယ်ဒို ဘယ်လောက် ကောင်းကောင်း ခင်ဗျား ၄၊ ၅ ယောက် ကပ်ထားတော့ လှုပ်ကိုမလှုပ်တော့ဘူး။

ရခိုင်ပြည် အတုံးအရုံးနဲ့ အသတ်ခံရတာဒေါ်စုတစ်ခွန်းမှ မပြောနိုင်တော့ဘူး။ ဘာတတ်နိုင်တုန်း၊ အဲဒါမှတ်ထား။ သူတို့တွေ အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်နေတာ။

ဓမ္မနဲ့ အဓမ္မ ဆိုတဲ့ မင်းကိုနိုင် ဘာတတ်နိုင်သေးတုန်း၊ ရခိုင် အရေးအခင်းမှာတစ်ခွန်းမှကိုမဟနိုင်တော့ဘူး။ ကပ်ထားပြီ၊

ခင်ဗျားတို့ ရန်ကုန်သတိထား။ အမျိုးသားရေးကိုအလေးအနက်ထားကြမှ ဖြစ်မယ်။ အဲဒီလိုပဲ၊

ဟိုးဦးဇင်းတို့ ပြီးခဲ့တဲ့ ၃ ရက်၊ ၄ ရက်၊ ၅ ရက် လောက်က မွန်ပြည်နယ် သွားတယ်။ တွေ့ခဲ့ရတယ်။ ရာဇာမင်းဆိုတဲ့ ကားအသင်း၊ ကုလားပိုင်ပဲ။ အဲဒီ ကားအသင်းက အဲဒီကားပိုင်ရှင်ကအဲဒီကားအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေ၊ မထသဥက္ကဋ္ဌ ဖြစ်နေတာ။

အေး သူဖြစ်လိုက်ကတည်းက ကထိန်ခင်းခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲ။ အပိုအလုပ်တွေ၊ ပြီးပြီ။

သူနေရာရသွားတာနဲ့ တပြိုင်နက် တန်းပြီးတော့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ လှူဒါန်းခွင့်ကိုပိတ်ပစ်လိုက်ပြီ။ သတိထားပါ။

ဦးဇင်းတို့တွေက အမျိုးသားရေးနဲ့ လူမှုရေးကွဲတယ်။ အဲအမျိုးသားရေးနဲ့ လူ့အခွင့်အရေးကွဲတယ်။

နိုင်ငံရေး သမားတွေက အမျိုးသားရေးနဲ့ လူ့အခွင့်အရေးမကွဲဘူး။

ဒါကြောင့်မို့လို့ သူတို့တွေက ဓမ္မဘက်မှာလည်း မရပ်တည်နိုင်ဘူး။ ပြည်သူဘက်မှာလည်း မရပ်တည်နိုင်ဘူး။

ဒီလို လူတွေသာ ဆက်တိုက် ဆက်တိုက် နေရာရကြည့်။ ကထိန်ခေတ် ဆိုတာတောင် ဘယ်ပျောက်သွားမှန်း သိမှာမဟုတ်တော့ဘူး။ အဲဒါပဲလေ။ သူနေရာရသွားပြီး၊ နေရာရတော့ ဘာဖြစ်လဲ။ ကထိန်ခင်းခွင့်ကို ပိတ်ပစ်လိုက်တယ်။ ကထိန်ခင်းခွင့်ကို ပိတ်ပင်လိုက်တော့ ဘာဖြစ်မလဲ။ ဗုဒ္ဓဘာသာနစ်နာတာ၊ ထိခိုက်တာ၊ ကုသိုလ်တရားတွေ ဆုံးရှုံးသွားတာ။

အေးအဲဒါတွေကိုသိတဲ့အခါကျတော့ မော်လမြိုင်က စာချ ဆရာတော်လေး တွေ စုဖွဲ့ထားတဲ့ သံဃာကွန်ယက်က အဲဒီမှာ စတစ်ကာတွေ ကပ်ပြီး လိုက်ပြီးတော့ ဘာသာတူ လူမျိုးတူ ဆိုင်တွေမှာ ဈေးဝယ်ဖို့၊ ဘာသာတူ လူမျိုးတူကားအသင်းတွေကိုပဲ စီးဖို့၊ ဒါမျိုးလေးလိုက်ပြီးတော့ ဆောင်ပုဒ်လေးတွေနဲ့ ပြောကြတယ်။

စားလည်း ၉၆၉၊ သွားလည်း ၉၆၉၊ ဝယ်လည်း ၉၆၉၊ စီးလည်း ၉၆၉၊ အဲလိုမျိုးတွေ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး ဒါလေးကို ရည်ရွယ်ပြီးတော့ စားလည်း ၉၆၉ ဝယ်စားခဲ့သော် ဘုရား၊ တရား၊ သံဃာ အထိမ်းအမှတ် သင်္ကေတ အမှတ်အသားပါတဲ့ ဆိုင်တွေမှာ ဈေးဝယ်စားပါ။ သွားလည်း ၉၆၉ ဘာသာတူ လူမျိုးတူတဲ့ ကားအသင်းတွေကို သွားပါ။ အဲဒါမျိုးဆိုတာဝယ်လည်း ၉၆၉၊ ရောင်းလည်း ၉၆၉၊

အေး ကိုယ်က ဈေးတစ်ခု ဝယ်တယ်။ ကိုယ့်ပစ္စည်းတစ်ခုရရုံနဲ့ မပြီးသေးဘူး။ ဒီအမြတ်ငွေ ရန်သူလက်ထဲ ရောက်သွားရင် အမျိုးဘာသာသာသနာအကုန်နစ်နာတယ်။ ဒီငွေတွေနဲ့ မိန်းကလေးတွေကို ယူမယ်။ အတင်းအဓမ္မ ဘာသာသွတ်သွင်းမယ်။ မွေးလာတဲ့ ကလေးတွေ အကုန်လုံး တိုင်းပြည်ရဲ့ အန္တရာယ် ဖြစ်မယ်။ ဘာသာကိုဖျက်စီးမယ်။ သာသနာကိုဖျက်စီးမယ်။ နောက်ဆုံး လူဦးရေတိုးပွားရင် ရခိုင်ပြည်လိုနယ်ချဲ့မယ်။ တိုင်းပြည်ကိုလုယူမယ်။

သွားပြီလေ၊ ဒါကြောင့်မို့လို့ ဒီအဝေးကြီးကို ကြည့်တယ်။ ဒီအရှည်ကို ကြည့်တယ်။

ကိုယ်လိုချင်တဲ့ ပစ္စည်းရရုံလေးနဲ့ ဈေးအလွယ်တကူမဝယ်နဲ့။ ၉၆၉ သင်္ကေတပါတဲ့ ဈေးဆိုင်တွေမှာ ဈေးဝယ်ပါ။

ဒီလိုလိုက်လံပြီးဟောတော့ ဘာဖြစ်တုန်းဆိုတော့ အဲဒီ ရာဇာမင်းကား မော်လမြိုင်ကလူတွေ မစီးကြတော့ဘူးဗျာ။ အဲဒီကျတော့ ဟိုဘက်ကနေ ဒီရန်ကုန်ကို လာရင် ကားကချောင်နေတာပဲ။ လူသိပ်မပါဘူး။ သူတို့ အချင်းချင်းပဲ လာကြတာ။ စီးကြတာ။ ဒါပေမယ့် ရန်ကုန်ကနေဟိုဘက်ကိုလာတဲ့ ကားကျတော့ အပြည့်ဗျ။ ရွှေမြန်မာတွေ အားပေးကြတာ။

အဲတော့ ရာဇာမင်းကားဘာလုပ်လဲ။ ဈေးချပ လိုက်တယ်။ အစတုန်းကတော့ အဈေးအတူ ၆၀၀၀ ပဲ။ ၅၀၀၀ အထိချပလိုက်တယ်။ ၁၀၀၀ သက်သာတယ်။ ဗမာတွေ မစီးဘူး။ ၁၀၀၀ နဲ့ ကိုယ့်ကားပဲကိုယ်စီးမယ်တဲ့။ ထပ်ချလိုက်တယ်။ အဆင့်ဆင့်။ ၃၅၀၀ အထိချ လိုက်တယ်။ အဲဒီအချိန်မှာဗမာတွေ တောင့်ခံ မနေနိုင်တော့ဘူး။ အခု ပြန်စီးနေပြီ။

သွားပြီလေ။ ဒီပွဲသာဗမာတွေရှုံးရင် နောက် ဒီလိုဟာမျိုးတွေ သူတို့တတွေ အုပ်စုဖွဲ့ပြီးတော့ ဒီဆော်ဒီအာရေးဗီးယားတွေလို ရေနံသူဌေးတွေက ထောက်ပံ့တဲ့ ငွေတွေနဲ့ အဲ့စီးပွားရေးတွေ အပြိုင် လုပ်တော့မှာ။ ဒါမျိုးတွေ အများကြီးပဲ။

ဒီတစ်ခုပဲပြောလိုက်မယ်။ ဒါကြောင့်မလို့ ဗမာတိုင်း ဗမာတိုင်း ကလေ ဟိုသက်သာတာလေး တစ်ခုတည်းကို မကြည့်နဲ့ ဒီလို ကိုယ်က ရေသာခိုလိုက်တဲ့အတွက်ကြောင့် ဒီငွေလေး ၁၅၀၀ လောက် ကိုယ်ကြည့်မြင်လိုက်တဲ့ အတွက်ကြောင့် ဒီ ၁၅၀၀ ပေါင်းသောင်းချီသွားရင်၊ သိန်းချီသွားရင် အေးရန်သူရဲ့ အင်အားဟာ ဘယ်လောက်ထိအောင် ကောင်းသွားမလဲ။ ဘယ်လောက်ထိအောင် ကြီးသွားမလဲ။ ကြီးရင် ကြီးသလောက်၊ ကောင်းရင် ကောင်းသလောက် လူမျိုးကိုဝါးမြိုမယ်။ ဘာသာ သာသနာကို ဖျက်စီးမယ်။ နိုင်ငံရဲ့ ရေထု၊ မြေထုတွေကိုလုယူမယ်၊ သိမ်းပိုက်မယ်။

ဒါဘဲ။ အဲဒီအထိကို ကြည့်ပြီးတော့ တစ်မျိုးသားလုံးကဒီဘက်ကသွားတဲ့ လူတွေရော၊ ဟိုဘက်က လာတဲ့လူတွေ အကုန်လုံးညီတူမျှတူကိုယ့်ကားကိုပဲစီးကြမယ် ဆိုရင်တော့ ခရီးသွားတာတောင်မှ၊ ကားစီးတာတောင်မှ အမျိုးသားရေးအမြင်နဲ့ သွားကြမယ်။ အမျိုးသားရေးအမြင်နဲ့ စီးကြမယ်။ နောက်ဆုံးကုလားလျှော့တဲ့ အဲငွေ ၁၅၀၀ သည် ငါ့အမျိုး ဘာသာသာသနာအတွက် လှူဒါန်းပါ၏။ အဲဒီ ၁၅၀၀ အဆုံးရှုံးခံပြီး ကိုယ့်ကားကို စီးလိုက်ပါ။

အေးအဲဒါဆိုရင် ဒီပွဲအနိုင်ရရင်တော့ နောက်ပွဲတွေလည်း ရွှေမြန်မာတွေ ဆက်ပြီးတော့ အနိုင်ရနိုင်ပါတယ်။ အဲဒါဆိုရင် ပစ်မှတ်တစ်ခုချင်း၊ တစ်ခုချင်း၊ တစ်ခုချင်း တစ်ခုချင်း ပြောင်းပြောင်းပြီးတော့ ကိုယ့်အမျိုး ဘာသာသာသနာကို ကာကွယ်သွားရုံပဲ။ အေး ဒီပွဲမှာတော့ ကိုယ်တော်လေးတွေနဲ့ ပြည်သူတွေနဲ့ ပေါင်းပြီးတော့ တိုက်တယ်။ ဒါပေမယ့် ဈေးနှုန်းက အဆမတန် ကွာနေတယ်။ ဒီဘက်ကလည်း သိပ်ပြီးတော့ မချနိုင်ဘူး။ ချနိုင်တဲ့ နည်းလမ်းတွေကို သူတို့ ရှာကြံနေကြတယ်။ ဒါကြောင့်မလို့ ပြည်သူ့အား မပါရင်တော့ အဲဒီမော်လမြိုင် ကျဆုံးတော့မှာ။
ပလေတို ဒီမို(Facebook)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "

$
0
0

ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။
လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။
တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့ သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် . ..
 နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက်မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်း တင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။ မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။
Kyawthu- Facebook မှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"သာသနာ့အာဇာနည် ဦးဝီရသူအား ဘာသာရေးလွတ်လပ်ခွင့် ဆုချီးမြှင့်ပွဲ”

$
0
0
FREEDOM OF RELIGION.ဆု The NOX & Nan Amara Music Group.
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ ချီးမြှင့်သည်။2010-ခုနှစ်ဧပြီလ(၁၈)ရက်နေ့က လန်ဒန်မြို့ သာသနရံသီကျောင်းမှာ ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ပြီး ဆရာတော်ဦးဥတ္တရက ဦးဝီရသူကိုယ်စား ဆုယူထားခဲ့ခြင်းဖြစ်သည်။
          အဆိုပါ  ဆုချီမြှင့်စဉ်တွင် ဦးဝီရသူသည် မန္တလေးမြို့၊ အိုးဘိုထောင်မှာ အကျဉ်းကျခံနေရဆဲ ဖြစ်သည်။ ယခုအခါ အင်္ဂလန်နိုင်ငံမှ ဆရာတော်ဦးဥတ္တရ (၂၅)နှစ်အတွင်း ပထမဦးဆုံးအကြိမ် အမိမြေကိုပြန်ရောက် လာခြင်းကြောင့် ဆုပေးပွဲကျင်းပခြင်း ဖြစ်သည်။24.2.2013-ညနေ(4း00)နာရီ မစိုးရိမ်တိုက်သစ်၌ ဆုပေးပွဲကျင်းပမည် ဖြစ်သည်။ ဆုတံဆိပ်နှင့်အတူ ဆုတော်ငွေကျပ်ငါးသိန်း ချီးမြှင့်မည်ဖြစ်သည်။

"Freedom of Religion-ဆုပေးပွဲ အခမ်းအနား"
 
လန်ဒန်မြို့၊ သာသနရံသီ ဆရာတော်ဦးဥတ္တရမှ ဆုပေးအပ်ခဲ့သည်။
2009-ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား Freedom of Leader ဆုပေးခဲ့ပြီး၊ 2010 တွင် ဦးဝင်းတင်အား Freedom of Letter ဆုနှင့် ဦးဝီရသူအား Freedom of Religion ဆုပေးခဲ့ခြင်းဖြစ်သည်။
ဆုပေးပွဲအခမ်းအနားကို ဓမ္မစေတီယကျောင်းဆောင်မှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ စာနယ်ဇင်းသမားများ၊ ဧည်သည်တော်များ တက်ရောက်ကြသည်။
မှတ်ချက်။         ။ ဆရာတော်ဦးဝီရသူ(မစိုးရိမ်) ၏ Face book စာမျက်နှာမှ 
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
 

"သာသနာသွေး မအေးကြဖို့ "

$
0
0

မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်အများစုက “ဒီဘုရားမှ ဒီဘုရား၊ဒီတရားမှ ဒီတရား၊ ဒီသံဃာမှ ဒီသံဃာ” လို့ ရတနာသုံးပါးအပေါ် မတုန်မလှုပ်သက်ဝင် ယုံကြည်တဲ့ ဗုဒ္ဓသာသနာဝင်က ဘယ်လောက်များ ရှိနေပြီလဲလို့ စဉ်းစား စစ်ဆေးကြည့်ရင် အလွန်ပဲနည်းပါး သေးတယ်။

မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင်တွေ များသည်ထက်များအောင် ကြိုးစားကြဖို့ လိုပါတယ်။

“တစိမ်းပြင်ပ ၀ါဒရှင်တွေဟာ ဗုဒ္ဓသာသနာဝင်တွေ အတွင်း ကင်ဆာရောဂါလို လှိုက်လှိုက်ပြီး စားနေကြတယ်။ ရွက်ကျပင်ပေါက်လို လူဖေါက်ပြီး လူမျိုးကို မျိုနေကြတယ်။ မြေမျိုက လူမျိုးမပြုန်း၊လူမျိုမှ လူမျိုးပြုန်းတယ်”

“တစိမ်းပြင်ပ ၀ါဒရှင်တွေက အင်း အိုင်တွေကို ကောစေတဲ့ ဗေဒါပင်တွေလို လူမျိုးနဲ့သာသနာ ပျက်ပြုန်းအောင် ဇွဲနပဲကြီးကြီးနဲ့ တက်တက်ကြွကြွ လှုပ်ရှား နေကြတယ်။ ညောင်ပင်လို အမြစ်တွယ်ပြီး လူမျိုးကို တဖြည်းဖြည်း မျိုဖို့ ကြိုးစားနေကြတယ်။”

“ဗုဒ္ဓသာသနာဝင်တွေဟာ ကိုယ်ပိုင်ကာကွယ်မှု စွမ်းရည်ထက်မြက်အောင် ကြိုးစားထားကြ ရမယ်။ဗုဒ္ဓယာဉ်ကျေးမှုတွေကို စာတွေ့ရော လက်တွေ့ပါ ပြည့်စုံကျေနပ်သည်အထိ ကျင့် သုံးထားကြရမယ်။”

“လူတစ်ယောက်ကို အသက်ကြီးခါမှ ဗုဒ္ဓယာဉ်ကျေးမှုတွေပေးရင် မထိရောက်တော့ဘူး။ ငယ်ရွယ်စဉ်ကပဲ ပေးမှ ထိရောက်မှုရှိတယ်။”

“လေဟာပြင်ကွက်လပ်မှာ လေတွေ အလိုလိုဝင်လာကြတယ်၊မှုံဝါးဝါးချည့်နဲ့နဲ့ မိရိုးဖလာ အမည်ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယာဉ်ကျေးမှုလေဟာ ပြင်ပကွင်းပြင်ထဲက တစိမ်းပြင်ပအယူဝါဒတွေ ယာဉ်ကျေးမှုတွေရဲ့ ကျေးကျွန် ဘ၀ကို လွယ်လွယ်လေးရောက် သွားနိုင်တယ်။”

“ရေလမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားနေကြတဲ့အခါ လှေကြီး ပေါက်နေတယ် ဆိုတာသိရင် လှေပေါက်ကို ၀ိုင်းဝန်းဖာထေးရမယ်။မဖာရင် လှေကြီး ရေ၀င်ပြီး မကြာမီ မြုတ်လိမ့်မယ်။ ဗုဒ္ဓသာသနာ လှေကြီး ပေါက်နေတယ် ဆိုတာသိရင် ဗုဒ္ဓဘာသာဝင်တိုင်း ၀ိုင်းဝန်း ဖာထေးရမယ်။ မဖာရင် ပြင်ပ အယူဝါဒရှင်တွေရဲ့ရေတွေ ၀င်ပြီး မြုတ်လိမ့်မယ်။”

“မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအသက် မထွက်ရအောင် ဗုဒ္ဓသာသနာဝင်တွေရဲ့ ကိုယ်ထဲမှာ၊ နှလုံးသားထဲမှာ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ အမြဲလည်ပတ်နေဖို့ လိုအပ်တယ်။ဗုဒ္ဓယာဉ် ကျေးမှုသွေးတွေ မအေးခဲစေပဲ နွေးနွေးထွေးထွေး ရှိနေဖို့ လိုအပ်တယ်။”

“ကလေးတွေကို ငယ်ရွယ်စဉ်ကပဲ ဗုဒ္ဓယာဉ်ကျေးမှုနို့ချို ဗုဒ္ဓယာဉ်ကျေးမှု အဟာရတွေကို တန်သလောက် တန်သလောက် တိုက်ကျွေး ပေးရတယ်။ ဘာသာရေး နို့မျက်နေတဲ့ ဘာသာရေးအားမရှိတဲ့ ကလေးတွေကို ဘာသာခြား တွေက သိမ်းသွင်းဆွဲဆောင်ရင် ကောက် ကောက်ပါသွား တတ်တယ်။”

“ဗုဒ္ဓသာသနာဝင် မိခင် ဖခင်တိုင်းဟာ သားစဉ်မြေးဆက် ဗုဒ္ဓသာသနာ အငွေ့ဓာတ်အလေ့ဓာတ် အတွေ့ဓာတ်တွေ ပေးနိုင်အောင် ကြိုးစားကြရမယ်။ ကြိုးစားလို့ ပေးနိုင်ပြီဆိုရင် ရွှေ ငွေစတဲ့ ရတနာတွေကိုရလို့ ၀မ်းသာကြည်နူး ရတာထက် သာလွန်တဲ့ သားလိမ္မာ သမီးလိမ္မာ လေးတွေရလို့ ၀မ်းသာ ကြည်နုးရတာက များစွာသာလွန်ပါတယ်။”

“မိသားစုလည်းအကျိုးများ သာသနာတော်အတွက်လည်းအကျိုးများ နိုင်ငံတော်အတွက်လည်း အကျိုးများစေနိုင်တဲ့ သားသမီးတွေကို မွေးပေးလိုတဲ့ မိဘတွေဟာ ရှေးဦးစွာမိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမ ဖြစ်တဲ့ “ သီလ သမာဓိ ပညာ ” အကျင့်တွေကို လက်တွေ့ ကျင့်သုံးထားကြရမယ်။”

“ဗုဒ္ဓ ယဉ်ကျေးမှု အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်ပါရှိတဲ့ မျိုးဆက်သစ်ကောင်း တစ်ခုဖြစ်ထွန်းလာအောင် ကြိုးစားကြဖို့ ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။”

အဖေရယ် အမေရယ် သားရယ် သမီးရယ် မိသားစုထမင်းဝိုင်းမှာ သမီးက အထိုင်မတတ် လို့ အမြင်မတော်ဖြစ်နေတော့ အဖေက “ ကဲ ဒို့ သားအဖတွေ ပြင်ထိုင်ကြဥိးစို့ ” လိုပြော တဲ့အခါ သမီးဖြစ်သူက “အဖေ.. ကျွန်မကော ပါသေးလား” လို့မေးတော့ အဖေဖြစ်သူက “ သမီး.. အရေးကြီးဆုံးပဲ” လို့ ပြောသတဲ့။ အဲဒါကြောင့် ဗုဒ္ဓသာသနာသွေး နွေးနေအောင် ပြင်ကြတဲ့ နေရာမှာ “ ကျွန်တော်တို့ ပါသေးသလား မမေးနဲ့” ရဟန်း ရှင် လူ ဗုဒ္ဓဘာသာဝင် မှန်သမျှ အားလုံး ပြင်ထိုင်ဖို့ လိုနေကြတယ်။ရှေးဦးစွာ တစ်ကိုယ်ရေ သာသနာပြည့်စုံ ဖို့လိုတယ်။ပြီးတော့ လက်လှမ်းမီရာမှာ သာသနာ လက်ဆင့် ကမ်းရတယ်။
ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်၏ တစ်ဘ၀တာခရီးမှ ကောက်နှုတ် ကူးယူ ပူဇော်ပါသည်။ (Face book) မှတဆင့်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"ဦးကျော်သူပြောတဲ့ ခေတ်သစ် သူခိုးငတက်ပြား"

$
0
0
(ဒဏ္ဍာရီလား .. ပုံပြင်လား .. တကယ့်ဖြစ်ရပ်မှန်လားတော့မသိ) ရှေးဗမာမင်းများလက်ထက်
သူဌေးသူကြွယ်များ၊ မင်းစိုးရာဇာများနှင့် မတရားခေါင်းပုံဖြတ် ကြွယ်ဝ ချမ်းသာနေကြသော ဝိသမလောဘ သူဌေးမင်းများထံမှ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့အား ရယူခိုးဝှက်ပြီး ဆင်းရဲသားပြည်သူလူထု လယ်သမားများတို့အား ဘဝရပ်တည် နေထိုင်စားသောက်နိုင်ရန်အတွက် ထောက်ပံ့လှူဒါန်းခဲ့သော လူစွမ်းကောင်းတစ်ဦး ပေါ်ပေါက်ခဲ့ဖူးသည်။ ယင်း လူစွမ်းကောင်းသည် လျင်မြန်သွက်လက်၊ ပေါ့ပါး ဖျတ်လက်၍ ကြောင်တစ်ကောင်အလား ကိုယ်ပျောက်ပညာရှင်ကဲ့သို့အလား ပဉ္စလက်ပညာရှင်ကဲ့သို့ အလား ရဲစွမ်းသတ္တိ အဋ္ဌာရသ (၁၈) ရပ်နှင့် ပြီးပြည့်စုံသော သူရဲကောင်း တစ်ဦးဖြစ်သည်။ အမည်နာမကား “ငတက်ပြား” ဟူ၍ ဖြစ်လေသည်။

 ယင်း ငတက်ပြားသည် လယ်ယာမြေများ၊ ကျွဲ၊ နွား၊ ဆိတ် စသည့် တိရစ္ဆာန်များ၊ သီးပင်စားပင်များနှင့် တောင်သူ လယ်သမားများ ပြည်သူလူထုအပေါင်းတို့၏ စည်းစိပ်ဥစ္စာများအား မတရားခေါင်းပုံဖြတ် သွေးစုပ်သိမ်းပိုက် ခဲ့သော အတ္တဝါဒီ ဝိသမလောဘသားများဖြစ်ကြသော မတရားစီးပွားရှာကြသော သူဌေးသူကြွယ် စီးပွား ရေးလုပ်ငန်းရှင်ကြီးများ၏ ပိုင်ဆိုင်မှုများအား ပိရိသေသပ်စွာ ပြန်လည်ရယူခဲ့ပြီး ဆင်းရဲနွမ်းပါးသော ပြည်သူလူထုတို့အား တဆင့်ဖြန့်ဝေ ကူညီပံ့ပိုး ခဲ့သော ပရဟိတ လူစွမ်းကောင်းတစ်ယောက် ဖြစ်ပေသည်။

 ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လွန်ခဲ့သော ၂ဝ၁ဝ ခုနှစ်၊ မတ်လမှစ၍ မြန်မာ ပြည်အနှံ့ သောက်/သုံးရေရှားပါးမှုများ ဖြစ်ပေါ်ခဲ့သော မြို့၊ ကျေးရွာများတွင် အဝီစိရေတွင်း၊ အုတ်ကန်၊ ရေစုပ်စက်၊ ရေပိုက် စသည်တို့ကို ပံ့ပိုးကူညီမှု လုပ်ငန်းစတင်ခဲ့ပြီး ကျေးရွာပေါင်း (၈၂) ရွာတို့အား “အများ ပြည်သူအတွက် အများပြည်သူကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)” ကဗ္ဗည်းကျောက်စာ ရေးထိုး၍ သိန်း (၂၅ဝဝ) ကျော်ခန့် အကုန်အကျခံ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယခု ၂ဝ၁၃ ခုနှစ် နွေရာသီကာလသို့ စတင်ခြေလှမ်းမည်ဖြစ်သော အချိန်ကာလတွင် ကျွန်တော်တို့ သည် ရေရှားပါးမှုဒဏ်မှ လွတ်ကင်းသက်သာမှုရှိစေရန် ရေတူးဖော်ရေး အတွက် ဖေဖော်ဝါရီလ၌ အထက် မြန်မာပြည် ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး အနီးတစ်ဝိုက်သို့ ရေရရှိရေး အတွက် ဗြဟ္မစိုရ်ခြေလှမ်းများ စတင်ခဲ့ပြီ ဖြစ်သည်။

 ထိုကျေးရွာများသို့ သာမန် မြို့နေပြည်သူ၊ ရန်ကုန်မြို့နေပြည်သူတို့ပင် မဆိုထားနှင့် ပုဂံ၊ ညောင် ဦး၊ ပုပ္ပါးမြို့ခံပြည်သူတို့ပင် မရောက်နိုင်ခဲသော ကျေးရွာများသို့ သာမန် မော်တော်ယာဉ်ဖြင့် သွားလာ၍မရ။ ပူပြင်းလှသော နေမင်းကြီး၏ ပြင်းပြလှသော အပူဒဏ်ကို ခံစားရကာ ဆူးပင်ကိုင်းပင်များအား တိုးဝှေ့၍ ဖုံတစ်လောင်းလောင်းဖြင့် သွားလာရသော ခရီးကြမ်းများပင်ဖြစ်သည်။ ထိုကျေးရွာများတွင် သောက်သုံး ရေဟုမဆိုထားနှင့် အိုးခွက်များအား ဆေးကြောရန်အတွက်၎င်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ခြေလက်ဆေးခြင်း၊ မျက်နှာသစ်၊ ရေချိုးရန်အတွက်၎င်း၊ သုံးဆွဲရန် သုံးရေလုံးဝမရှိ။ သူတို့၏ ကျေးရွာ ကလေးများသည် သီးခြားခြောက်သွေ့ ပူပြင်းလှသော ကမ္ဘာငယ်လေးအလား ဖြစ်နေသည်။

 ထိုကျေးလက် နေ ပြည်သူလူထုတို့၏ အသားအရေ ခြောက်သွေ့ ညိုမဲကာ အရုပ်အဆင်းတို့သည် သာမန်လူများထက် ပု၍နေသည်ကို သတိထားမိသည်။ ထိုရွာများမှ အဘိုးအဖွားများ ပြောစကားအရ “အဖွားတို့ အမေတို့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ရွာမှာသောက်ရေသုံးရေ မရှိတဲ့အတွက် (၅) မိုင်ကျော်ဝေးတဲ့ ရေရတဲ့ရွာအထိ ရေထမ်းပိုးနဲ့ သွားသယ်ယူရတယ်။ ခေါင်းရွက်ပြီး သွားရောက်သယ်ရတာကြောင့် အဖွား တို့ အမေတို့ အရပ်အမောင်းတွေဟာ သာမန် လူတွေထက်ပိုပြီး ပုနေကြတာ။ (၆ - ၇) နှစ်အရွယ်က တည်းက အခုလို ရေထမ်းပိုးခဲ့ရတာလေ .. အဲဒါကြောင့် မြို့က လူတွေလို အရပ်အမောင်း ထွားကြိုင်းတာ မရှိဘူး” ဟု ရင်နင့်စွာ ပြောကြားခဲ့သည်။ အချို့သော ကျေးရွာများတွင် အစိုးရအဖွဲ့နှင့် ပြည်ပအဖွဲ့ အစရှိ သည့် အလှူရှင်များ လာရောက်၍ ရေတူးဖော်ခဲ့သော်လည်း ရေကြော၊ မြေကြော၊ ငလျင်ကြောများ တို့ကြောင့် ရေများထွက်ရှိခြင်း မရှိတော့ကြောင်း၊ အချို့ကျေးရွာများတွင် ဧရာဝတီမြစ်ကြီးမှ ရေများအား အလှည့်ကျ အချိန်စနစ်ဖြင့် ပေးလျှက်ရှိသော်လည်း တစ်ရွာလုံးအတွက် လုံလောက်မှု၊ ဖူလုံမှုမရှိကြောင်း၊ အချို့ကျေးရွာများတွင် အစိုးရအဖွဲ့၊ ပြည်ပအလှူရှင်များ လာရောက်ရန်ပင် မလွယ်ကူလှပေ။ ဧရာဝတီ မြစ်ကြီးနှင့် အလှမ်းဝေးသည့် ကျေးရွာများစွာကိုလည်း တွေ့မြင်ခဲ့ရသည်။

ကျွန်တော်တို့ နာရေးကူညီမှု အသင်း(ရန်ကုန်) အလုပ်အမှုဆောင်များနှင့် အသင်းသား/သူများ၊ ဝန်ထမ်းများတို့သည် ရေရှားပါးသော ကျေးရွာဒေသများအား သောက်/သုံးရေ ရရှိနိုင်ရန်အတွက် ကျေးရွာပေါင်း (၂၂) ရွာတို့အား ကွင်းဆင်း လေ့လာခဲ့သည်။ “ရေအသက် တစ်မနက်” ဟူ၍ ဆိုစကား ရှိသော်လည်း ရေမရရှိသည့် မနက်ဖြန်ပေါင်း မြောက်များစွာတို့ကို ထိုကျေးရွာနေ ပြည်သူလူထုတို့ ခံစားနေကြရသည်။ ရေမရရှိ၍ အသက်ပေါင်း မြောက် ၏များစွာတို့သည်လည်း ဆုံးရှုံးခဲ့ရသည်။ ထိုကျေးလက်ဒေသခံ ပြည်သူလူထုတို့မှ ကျွန်တော်တို့ အဖွဲ့အား “ရွှေကိုမလို .. ရေကိုသာလိုသည်” ဟူ၍ ဆီးကြိုနှုတ် ဆက်ခဲ့သည်။ ကျွန်တော်တို့အား ဧည့်ခံ ကျွေးမွေးရာတွင် သောက်ရေသန့်ဗူးများလည်း ပါဝင်လို့နေပေသည်။

သို့သော် ကျွန်တော်တို့အနေဖြင့် မသောက်သုံးဝင့်ခဲ့ချေ။ ထိုအချိန်ကာလတွင် မြို့ပေါ်ရှိ အချို့သော နေရာဌာန၊ ရုံးအဖွဲ့များ၊ ကုမ္မဏီများ၊ ရပ်ကွက်များနှင့် ဂျိုးဖြူရေလှောင်ကန်မှ သွယ်တန်းထားသော ရေပိုက်များမှ ယိုစိမ့်ပေါက်ထွက် ပန်းထွက် နေခြင်း၊ ရေပိုက်ခေါင်းများမှ ယိုထွက်နေသည့် ရေများတို့သည် ထိုသို့သော ကျေးရွာနေ ပြည်သူလူထုတို့၏ မျက်နှာများအား ပြန်လည်မြင်ယောင်ထောက်ထား စာနာသင့်ချေသည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အများပြည်သူ ပြည်တွင်း/ပအလှူရှင်များ ၏ အလှူငွေများကို စစ်ဘေး၊ လူမှုရေး၊ ပညာရေး စသည့်လိုအပ်ချက်များအား ပံ့ပိုးကူညီ ပေးဆပ်မှုများ ပြုလုပ်နေသည့် လူမှုရေးအဖွဲ့ အစည်းတစ်ရပ်ဖြစ်သည့်အပြင် ယခုကဲ့သို့သော ရေရှားပါးမှု ပြဿနာကြီး များအား မိမိတို့နိုင်သလောက် ကူညီပံ့ပိုးနေရသော ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုသော ပရဟိတအဖွဲ့အစည်းဖြစ်သည်။
ထို့ကြောင့်ယခုကဲ့သို့ပုဂံ၊ ညောင်ဦး ဒေတတစ်ခုတည်းတွင် တွေ့ရှိရသော ရေဒုက္ခရောက်နေသော ကျေး ရွာပေါင်း (၂၂) ရွာတို့အပြင် မြန်မာနိုင်ငံရှိ အရပ်ဒေသ အသီးသီးတို့တွင် ရေဒုက္ခကြုံတွေ့နေရသော ရပ်ရွာဒေသပေါင်းများစွာ ရေတွက်၍ မရလောက်အောင် များပြားလျှက်ရှိသည်။
ထို့ကြောင့် မိမိတို့တွင်ရှိသော အလှူငွေများတို့ဖြင့် ရေကုသိုလ်လှူရန်အတွက်၎င်း၊ ရေဒုက္ခသည်အဖွဲ့အား ကူညီဖေးမပေးရန်အတွက်၎င်း မနိုင်သောဝန်အား ထမ်းရွက်နေသလို ဖြစ်နေတော့သည်။ ထို့ကြောင့် ကျွန်တော်သည် တစ်ချိန်တစ်ခါက၊ တစ်ရံရောအခါက ပြည်သူလူထုတို့၏ သူရဲကောင်း၊ လူစွမ်းကောင်း “ငတက်ပြား” ကဲ့သို့ မြင့်မြတ်လှသော ပုဂ္ဂိုလ်တစ်ဦးသာ ပေါ်ပေါက်လာရန်အတွက် တောင့် တမိပါတော့သည်။ သို့မဟုတ် ကျွန်တော်ကိုယ်တိုင် ခေတ်သစ် “ငတက်ပြား” လုပ်ရန်သာရှိတော့သည်။

 (ယင်းဖြစ်ရပ်များသည် စိတ်ကူးယဉ်ဖြစ်ရပ်များမဟုတ်၊ ကျွန်တော်တို့ လူသူအရောက်နည်းပါး လှသော ကျေးရွာပေါင်း (၂၂) ရွာတွင် ကြုံတွေ့ခဲ့ရသော သောက်/သုံးရေလုံးဝ မရှိသော ကျေးရွာများမှ ခြောက်သွေ့ သောလူသားများနှင့် တွေ့ဆုံခဲ့ရမှု ဖြစ်ရပ်မှန်များပင် ဖြစ်တော့သည်။ (ကျော်သူ- Facebook)မှ တဆင့်မျှဝေသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

$
0
0
‎မန္တလေး၊ ဖေဖော်ဝါရီ ၂၆

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု
ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင်

တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။
 (Facebook) မှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"ဗုဒ္ဓဘာသာကူးပြောင်းခြင်းပွဲတော် (သတင်း-ဓာတ်ပုံ)"

$
0
0
လွန်ခဲ့တဲ့ ( ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃ ) တနင်္ဂနွေနေ့မှာ အိန္ဒိယနိုင်ငံ၊ ဘုံဘေ၊ ယခု ( မွန်ဘိုင်း ) မြို့ ကလျန်း Kalyan ဒေသမှာ ဟိန္ဒူဘာသာဝင် အိန္ဒိယနိုင်ငံသားများမှ ထေရ၀ါဒဗုဒ္ဓဘာသာ သို့ ဘာသာရေး ကူးပြောင်း ပွဲတော်ကြီးကို စနေ၊ တနင်္ဂနွေနှစ် ရက်တိုင်တိုင် ခမ်းခမ်းနားနား ကျင်းပတာကို ကြုံခဲ့ရတယ်၊ မိမိတစ်သက် တာတွင် တခါမျှ မကြုံခဲ့ဖူးသော ဘာသာရေးကူးပြောင်းပွဲတော်ကို ကြုံဖူးခြင်းပါပဲ။ ဒီပွဲတော်ကို တက်ရောက် ရင်းရင်ထဲက ပြောချင်တဲ့စကားတွေကို စကားလုံး အဖြစ်ပြောင်းလဲဖော်ပြလိုက်ပါတယ်။




မြန်မာနိုင်ငံမှာတော့ မွေးလာကတည်းက မိရိုးဖလာ ဗုဒ္ဓဘာသာဖြစ်လာကြတာဆိုတော့ ကလေးဘ၀က တည်းက ဘုရားသွား၊ ကျောင်းတက်၊ ဘုရားရှိခိုး၊ ဘုန်းကြီးရှိခိုး စတာတွေနဲ့ အလိုလို ဗုဒ္ဓဘာသာ ဖြစ်လာကြ တာ၊ အခုလို တခမ်းတနား ပွဲတော်ကျင်းပပြီး ဘာသာကူးပြောင်းတယ် ဆိုတာ ပြည်တွင်းမှာ တခါမှ မရှိခဲ့သလိုကြားလည်း မကြားဖူးခဲ့ဘူး။
ဗုဒ္ဓဘာသာကူးပြောင်းတယ် ဆိုတာ ဘယ်လိုမျိုးလဲ၊ သရဏဂုံးသုံးပါး၊ ငါးပါးသီလတွေကို နှုတ်တိုက် ရွတ်ဆို ပြီးရင် ဗုဒ္ဓဘာသာဖြစ်သွားတာ မဟုတ်လား လို့ မေးစရာရှိတယ်၊ မှန်ပါတယ်၊ စာရေးသူစိတ် ၀င်စားနေတဲ့ အချက်က ကူးပြောင်းလာတဲ့ သူတွေရဲ့ ရင်ထဲမှာ ဘယ်လိုစိတ်ခံစားချက်တွေရှိနေမလဲ၊ ဘယ်လိုမျက်နှာထား နဲ့ ၀မ်းသာကြည်နူးနေကြမလဲ စတဲ့ အခြေအနေတွေကို သိချင်ခဲ့တာ၊ ဒီလိုနဲ့ ပွဲတော်မှာ blessing ပေးကာ ပါဝင်ကူညီခဲ့ရတယ်၊

မနက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင်များက ရွတ်ဖတ်ကြပြီး လူစုနေကြတယ်၊ နေ့လည်ပိုင်းမှာ ကူးပြောင်းမယ့်သူ တွေကို ပရိသတ်ရဲ့ ရှေ့ဆုံး သံဃာတော်တွေရဲ့ ရှေ့တည့်တည့်မှာ သရဏဂုံချပေး၊ သီလပေးပြီး အနည်း ငယ်ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ဆိုတာကို ရှင်းပြတယ်၊ ပြီးတော့သူတို့ ကိုးကွယ်ရန် ဘုရားဆင်းတုတော် လေးများနှင့် ပန်းစည်းများကို လက်ဆောင်အဖြစ်ပေးကမ်းပြီး တစ်ယောက်ချင်းစီ၊ ကလေးလူကြီးပါမကျန် ပရိသတ်ကြီးရှေ့မှောက်မှာ ၀မ်းသာစကား   ပြောကြားစေတယ်၊ တစ်ယောက်ပြောပြီးတိုင်း ပြောပြီးတိုင်းမှာ ပရိသတ်အားလုံးကလဲ လက်ခုတ်သြဘာသံများ တစ်ဖျောင်းဖျော င်းပေးပြီး အားပေးနေကြတဲ့ မြင်ကွင်းဟာ မိမိတသက်တာမှာ ပျော်ရွှင်ကြည်နူး စရာ မြင်ကွင်းတစ်ခုပါ၊ ဘ၀မှာ အမှတ်တရ ရှိနေစေမယ့် ခဏတစ်ခုပါပဲ။

အိန္ဒိယနိုင်ငံမှာ မကြာခဏ အခုလိုဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲတော်တွေ ကျင်းပလေ့ရှိပါတယ်၊ သို့သော် မိမိနှင့် ဆက်စပ်မှုမရှိတဲ့အတွက် မသိခဲ့ဘူး၊ ၁၀ ယောက်၊ အယောက် ၂၀၊ အယောက်(၅၀) စသဖြင့် အခွင့်ကြုံရင် ကြုံသလို၊ အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုချက်ရရင် ရသလို ဘာသာပြောင်းပွဲ ကျင်းပကြပါတယ်၊
ဟိန္ဒူတွေကြီးစိုးတဲ့ နိုင်ငံမှာ ဟိန္ဒူကနေ အခြားဘာသာ ပြောင်းဖို့ ကျင်းပခွင့်ပေးတယ် ဆိုတာ အစိုးရပိုင်းက တော်တော် သဘောထားကြီးလို့ပါ၊

သမိုင်းဝင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲကြီး

တခေတ်တစ်ချိန်ကတော့ သမိုင်းတွင်စေမယ့် ဘာသာပြောင်းပွဲကြီးကို အိန္ဒိယနိုင်ငံ၊ နာဂပူရ် Nagpur မြို့မှာ ကျင်းပခဲ့တော့ တစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့ဖူးတယ်၊ အုတ်အုတ်ကျက်ကျက်လဲ ဖြစ်ခဲ့ဖူးတယ်၊ အဲဒီနေ့ဟာ 1956 ခုနှစ်၊ October (14th)  ရက်။
ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားဆက်ဆံတတ်တဲ့ ကမ္ဘာမှာ တနိုင်ငံတည်းသာ ရှိတော့တဲ့ အိန္ဒိယမှာ ဇာတ်နိမ့်မျိုးရိုး Untouchable Caste ( Untouchable Caste-ဆိုတာမွေးလာသူမှန်သမျှ မည်မျှပင်ထူးချွန်၊ ထက်မြက် နေစေကာမူ အမှိုက်ကျုံး၊ မစင်ကျုံး၊ သန့်ရှင်းရေး၊စသော အောက်ခြေသိမ်းအလုပ်များမှလွဲ၍ ကျန်တာ ဘာမှ လုပ်ပိုင်ခွင့်မရှိ၊ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး၊ ပညာရေးအားလုံး ဘာမှ သင်ယူလေ့လာခွင့်မရှိအောင် နှိမ်ကွပ်ခံထားရသောလူမျိုးစုများကို ခေါ်သည်)  အဆိုးဆုံးက အကိုးကွယ် ခံ ဗြဟ္မဏအနွယ်ဝင် ပုဏ္ဏားမျိုး တွေက သူတို့သာ ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးရဲ့ ပါးစပ်ကမွေးဖွားခဲ့တာ၊ သူတို့သာ အမြတ်ဆုံး ဆိုပြီး လူအများစုကို နှိမ့်ကွပ်ချိုးနှိမ်ထားခဲ့တာပါ။

ထိုကဲ့သို့သောဇာတ်နိမ့်မျိုးရိုးမှ မွေးဖွားလာသော်လည်း နိုင်ငံတော်၏ တရားသူကြီး၊ နိုင်ငံရေးခေါင်းဆောင်၊ ဒဿနပညာ ရှင်၊ တွေးခေါ်ကြံဆမှုကို ၀ါသနာပါသူ၊ စာရေးဆရာ၊ စီးပွားရေးပညာရှင်၊ တော်လှန်ရေးသမား နှင့် အိန္ဒိယမှာ ဗုဒ္ဓဘာသာ မျိုးစေ့ကို ပြန်လည်တည်ဆောက်သူ စသော ဂုဏ်ထူးဝိသေသမျိုးစုံဖြင့် ကျော်ကြားလှတဲ့ ဒေါက်တာအမ်ဘေဒကာ Dr Babasaheb Ambedkar ဟာ သူ့တပည့်နောက်လိုက် လူဦးရေ (၅သိန်း) ကျော်နဲ့အတူ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကြောင်း တရားဝင်ကြေညာကာ အခုလိုပဲ ပွဲတော်ကြီး ကျင်းပခဲ့ ဖူးတယ်။

အဲဒီကနေ ဒေါက်တာအမ်ဘေဒကာ မျိုးစေ့ချပေးခဲ့တာ လူပေါင်း(၅)သိန်းကျော်ကနေ ပွားလာလိုက်တာ ယနေ့အထိ နှစ်ပေါင်း (၅၆) နှစ်ကျော်အတွင်းမှာ အတိအကျခန့်မှန်းလို့ မရအောင်ကို တိုးပွားလာနေပါတယ်၊ ဇာတ်နိမ့်လူမျိုးများရဲ့ တစ်ခုတည်းသော ထွက်ပေါက်ဆိုရင်လဲ မမှားပါဘူး၊ ဇာတ်မြင့်ပုဏ္ဏားများရဲ့ နှိပ်ကွပ်မှုကို ခံရသော်လည်း သူတို့ဘာသာထက် မြင့်မြတ်သော   ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်ခွင့်ရ နေကြတယ် ဆိုပြီး အများစုက ဂုဏ်ယူလေ့ရှိကြတယ်၊ လူ့ဘ၀ကို ပိုပြည့်စုံလာတယ်၊ အဓိပ္ပါယ်ရှိလာတယ် လို့ ခံစားရပါသတဲ့။ Caste System ကြီးစိုးနေတဲ့နေရာတိုင်းမှာ ဘုန်းကြီးသံဃာများ ကို မြင်လျင်- ၀န္ဒာမိ ဘန္တေ-ရှိခိုးဦးတင်ပါတယ် အရှင်ဘုရား ဆိုပြီး လက်အုပ်ချီကာ အရိုအသေပေးလေ့ရှိကြတာ ကြည်နုးစရာပါ။

တစ်ခါက သူငယ်ချင်းတပါးကိုယ့်ရှေ့မှာတင် ဖြစ်ပျက်တာ ကြည့်ပြီး အားလုံး ရယ်ကြရသေးတယ်၊ ဒီက ဗုဒ္ဓဘာသာဝင်များက ရဟန်းသံဃာများကို မြင်လျင် ခြေဖမိုးပေါ်ကို သူတို့လက်နဲ့ တို့ထိပြီး နဖူးကို ပြန်ထိကြတယ်၊ ရိုးရာဓလေ့ဆိုတော့ စွဲနေပါပြီ၊   ဖျောက်ဖို့ မလွယ်ဘူး ထင်ပါရဲ့..
မနှစ်က ၂၀၁၂ ခု၊ အောက်တိုဘာလတုန်းက စာရေးသူအပါအ၀င် သံဃာ(၁၅)ပါးခန့် ဒေါက်တာ အမ်ဘေ ဒကာ နှင့် နောက်လိုက် လူဦးရေ(၅)သိန်းကျော် ဗုဒ္ဓဘာသာကူးပြောင်းခဲ့ရာ Nagpur နာဂပူရ်မြို့ကို သိမ် သမုတ်ခြင်းကိစ္စ ဆောင်ရွက်ရန်ကြွခဲ့ကြတယ်၊ ဘာသာကူးပြောင်းရာနေရာမှာDeekshaBhoomi ခေါ်သော ကောင်းမှုတော်စေတီတော်ပုံစံ၊ စေတီတော်ကြီး တစ်ဆူတည်ထားခဲ့တယ်၊ ယခုအချိန်မှာတော့ Tourist Attration နေရာအနေနဲ့တော်တော်ထင်ရှားနေပါပြီ၊

အဆိုပါ  ဘုရားစေတီရင်ပြင်ပေါ်မှာ ဗုဒ္ဓဘာသာဝင် ကုလားမတစ်ယောက်က သူငယ်ချင်းဦးဇင်းရဲ့ ခြေဖမိုးကို တို့ထိဖို့အတွက်   နောက်က လိုက်တယ်၊ သူငယ် ချင်းကလဲ ဘာမှန်းမသိပဲ လိုက်နေတယ် လို့ထင်ပြီး မသိမသာရှောင်ထွက်သွားတယ်၊ ကုလားမကလဲ လိုက်၊ သူငယ်ချင်းက ရှောင်ထွက်နဲ့ သုံးလေး ကြိမ်လောက်ကွေ့ပတ်ရှောင်နေတာ ကုလားမကလဲ လိုက်လို့ကို မမှီနိုင်ဘူး၊ ဘေးကကြည့်နေသူများအတွက် မသိရင် ပြေးတမ်း လိုက်တမ်း ကစားနေတာ ထင်ရမယ်။
ဒါကို အခြေအနေသိတဲ့ သံဃာတွေက ဦးဇင်း ရှောင်မနေနဲ့၊ သူတို့က ရိုးရာဓလေ့အရ လိုက်နေမှာပဲ. ထိခွင့်ပေးလိုက်.. ဆိုတော့မှ အဆင်ပြေသွားတော့တယ်၊ ကုလားမကလဲ ဒီဆာဒူး ဘာလို့ ပတ်ပြေးနေသလဲ မသိဘူး လို့ တွေးနေမလားပဲ..

“ယနေ့ခေတ် မြန်မာလူမျိုး အိန္ဒိယသာသနာပြုခေါင်းဆောင်ကြီး ဦးဂိုအင်ကာ”

နောက်တဖန် အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာမျိုးစေ့ ချပေးခဲ့သူတစ်ဦး၊ ယခုလဲ ဗုဒ္ဓဘာသာထွန်း ကားပြန့်ပွား အောင် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကြိုးစားနေသူတစ်ဦးကတော့ ဂုရုကြီး ဦးဂိုအင်ကာ Satya Narayan Goenka ဖြစ်ပါတယ်၊ အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံး Vipassana Meditation Center ပေါင်း (၆၅)ခုတိတိ ဖွင့်ပေးခဲ့ပါပြီ၊ နိုင်ငံပေါင်းများစွာမှာ တရားရိပ်သာပေါင်း(၁၇၀) ကျော်ဖွင့်လှစ်ခဲ့ပြိးပြီ၊ မိမိရောက်ရှိဖူးတဲ့ အိန္ဒိယနိုင်ငံရဲ့ဗဟိုဖြစ်တဲ့Dhammagiri Meditation Center မှာ ဆယ်ရက်စခန်းကို တစ်လ နှစ်ကြိမ်ပုံမှန် ဖွင့်ပေးထားတယ်၊ ၁၀ ရက်စခန်း တပတ်မှာ ယောဂီပေါင်း (အနည်းဆုံး ၄၀၀ နှင့် ၆၀၀ ) အထက်မှာ ရှိနေ ခဲ့တယ်၊ ဟိန္ဒူ၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ၊ ဆစ်လူမျိုးစသည်ဖြင့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ လာရောက်ပြီး ၀ိပဿနာတရား အားထုတ် ကြတယ်၊ ဒါက တကြိမ်တည်း၊ တလထဲ မဟုတ်ပါ ဘူး၊ လစဉ် ၂ ကြိမ်ပေါင်း လိုက်လျင် တလ အတွင်းမှာ လူပေါင်း ၁၀၀၀ ကျော် တရားအားထုတ် နေခဲ့ကြရင်းက  တရား တော်ရဲ့ အကျိုး ကျေးဇူး၊ ငြိမ်းအေးမှု အရသာများကို ခံစားရပြီး အလိုလို ဗုဒ္ဓဘာ သာဝင် ဖြစ်လာကြ တာတွေ လဲ မရေ မတွက်နိုင် လောက် အောင်ပါပဲ။

အများစုပြောနေကြသလို အိန္ဒိယမှာ သာသနာကွယ်ပြီဆိုတာ မိမိကတော့ လက်မခံပါဘူး၊ ယနေ့ သန်းပေါင်း (၁၂၀၀) ကျော်ရှိတဲ့ နိုင်ငံလူဦးရေ နှင့်နှိုင်းယှဉ်လျင် ရဟန်းသံဃာဦးရေက နည်းနေသေးလို့သာ မထင်ပေါ် တာ၊ လူသိနည်းနေတာ လို့ သတ်မှတ်ချင်ပါတယ်။ ဒီမှာ တွေ့ဖူးတဲ့ ဗုဒ္ဓဘာသာဝင် မှန်သမျှကို မေးကြည့်လျင် ၀ိပဿနာတရားအားထုတ်ဖူးသူတွေချည်းပဲ ဆိုတဲ့အချက်က  စာရေးသူရဲ့ ရင်ထဲကို ထိထိခိုက်ခိုက်ဖြစ်စေ ပါတယ်။ (အမည်ခံဗုဒ္ဓဘာသာများ၊ မိရိုးဖလာ ဗုဒ္ဓဘာသာများ အတွက် အတုယူစရာပါ) တစ်ချို့ကလဲ နာမည်ခံက ဟိန္ဒူဘာသာဖြစ်ပြီး ရင်ထဲမှာ ကိုးကွယ် ဆည်းကပ်၊ လက်ခံထားတာက ဗုဒ္ဓတရား တော် များဖြစ်နေကြပါ တယ်။ အဲဒီလို ပုဂ္ဂိုလ်တွေလည်း များပြားစွာ တွေ့ကြရတယ်။

မိမိမြင်သလောက်တော့ အထက်တန်းလွှာ ပညာတတ်အသိုင်းအ၀ိုင်း၊ ရာထူးအာဏာရှိသူ၊ ပစ္စည်းချမ်းသာ သူများက တရားအား ထုတ်ရင်း ဗုဒ္ဓဘာသာဖြစ်လာကြသလို ဆင်းရဲသူများနှင့် အလယ်အလတ်တန်းစား လူတွေကတော့ ဒေါက်တာ အမ်ဘေဒကာကျေး ဇူးနဲ့ ဘာသာပြောင်းလဲလာနေကြတယ် လို့ မြင်မိတယ်။
ဘယ်လိုအကြောင်းနှင့် ဘာသာပြောင်းလဲလာကြသည်ဖြစ်စေ၊ မိမိတသက်တာတွင် ကြုံရခဲ့သော အခုလို ဘာသာကူးပြောင်းပွဲမျိုးကို ကြားရမြင်ရတော့ ဗုဒ္ဓသားတော်တစ်ယောက်အနေနဲ့ အတိုင်းမသိ ၀မ်းသာမိ ပါတယ်။

လွယ်လွယ်ရတော့ တန်ဖိုးမထားတတ်ကြဘူး”

ဝမ်းသာစိတ်ကို မြိုသိပ်ရင်း တခါက အင်္ဂလိပ်လိုဘာသာပြန်ရေးသားထားသော ဓမ္မပဒကို ဖတ်ကာ အီတလီလူမျိုးအဖြစ်   ရောမဘရင်ဂျီ ခရစ်ယာန်ဘာသာမှ အလိုလို ဗုဒ္ဓဘာသာဝင်ဖြစ်လာသော၊ ထိုမျှအား မရပဲ ရှိသမျှ စည်းစိမ်များ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ သာသနာ့ဘောင်တက်လှမ်းလာပြီး သကာလ နောင်တစ်ချိန်တွင်အီတာလျံ သာသနာပြုဘုန်းတော်ကြီး ဦးလောကနာထရယ်-လို့ ကမ္ဘာမှာ ထင်ရှားကျော် ကြားခဲ့သူ ဆရာတော်ကြီးရဲ့ ဗုဒ္ဓဘာသာဝင်အားလုံးတို့အား ပေးခဲ့သော Messages လေးကို ပြန်လည် မျှဝေလိုက်ပါတယ်။

“ဒကာကြီး၊ ရှင်ဘုရင်ရဲ့ သားဟာ ခမည်းတော် နတ်ရွာစံပြီး အလိုလို ဘုရင့် အရိုက်အရာကို ရရှိလာတော့ ဘုရင်ဖြစ်ရတဲ့ တန်ဖိုးကိုလည်း မသိဘူး၊ ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊
 ဒီလိုပဲ ဒကာကြီး၊ မွေးကတည်းက ဗုဒ္ဓဘာသာ ဖြစ်လာသူတွေဟာလည်း ရတနာသုံးပါးရဲ့ တန်ဖိုး၊ သိက္ခာ သုံးရပ်ရဲ့ တန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး၊

ဆင်းရဲသားက ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင်တပါးရဲ့တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ်ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါကျတော့ မိုက်စရာ ရှိတာတောင် မမိုက်ချင်တော့ဘူး၊ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက် များတယ် ဆိုတာ သူပဲ သိတယ်၊ ဒီတော့ ရတနာ သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိဖြစ်ရတာပေါ့၊
ဒီလိုပဲ ဒကာကြီး၊ တစ်ခြား ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း ရောက်ရှိလာသူတိုင်းဟာဆင်းရဲသားက သန်းကြွယ်သူဌေး ဖြစ်ရတဲ့ လူလိုပဲ ခံစားရတယ်” … တဲ့။ 

 (1956)ခုနှစ်၊ အောက်တိုဘာ 14th ရက်နေ့က အိန္ဒိယနိုင်ငံတောင်ပိုင်း၊ မဟာရရှရပြည်နယ်၊ နာဂပူရ်Nagpur မြို့တွင်ဟိန္ဒူဘာသာဝင်ပေါင်း (၅) သိန်းကျော် တပြိုင်နက် ဗုဒ္ဓဘာသာသို့ကူးပြောင်းခဲ့ရာ နေရာတွင် အမှတ်တရအဖြစ် တည်ထားခဲ့သော DeekshaBhoomi ခေါ် သမိုင်းဝင်စေတီတော်ကြီး..

 အဖိနှိပ်ခံ၊ အနှိမ်ခံ ဇာတ်နိမ့်ဘ၀မှ Untouchable Caste System ကို အသက်ပေးကာ တွန်းလှန်ခဲ့သူ၊ အိန္ဒိယလူမျိုး၊ ဗုဒ္ဓဘာသာတို့ရဲ့သူရဲကောင်း၊ နိုင်ငံ့သူရဲကောင်း ဒေါက်တာ အမ် ဘေဒကာ  

လူလူချင်းအတူတူ အကြောင်းမဲ့သက်သက် အဖိနှိပ်ခံ ဇာတ်နိမ့်ခွဲခြား ဆက်ဆံခြင်းများ တိုက်ဖျက်သင့်နေပါပြီ၊ ယနေ့ကမ္ဘာမှာ လူတိုင်းတောင့်တနေကြတဲ့ Human Right ဆိုတာ ဒါပါပဲ.. လူဖြူ လူမည်းခွဲခြားခြင်း၊ အသားအရောင်ခွဲခြားခြင်း၊ အာရှလူမျိုး၊ ဥရောပလူမျိုး ခွဲခြားဆက်ဆံခြင်း စတာတွေ မရှိသင့်တော့ပါဘူး..


(ဤပို့စ်ဖြင့် ဟိန္ဒူဘာသာမှ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခြင်းပွဲတော်သို့ အတူတကွ ကြွရောက်ချီးမြှောက် ကြသော အရှင်ဝါယာမ ( ရွှေမှော်ဝန်းဆရာတော်) အရှင်မေဓာနန္ဒ ( သီတဂူ၊ စစ်ကိုင်း) အရှင်ကောဝိဒ သိရီ (သီတဂူစတား၊ စစ်ကိုင်း) နှင့် အခမ်းအနားတွင် ဗုဒ္ဓဖြစ်တော်စဉ် ဆိုင်ရာသိသင့်သိထိုက်သည်များကို စာတမ်းဖတ်ကြားခဲ့သော အရှင်ဝိစိတ္တာလင်္ကာရ ( ကျောက်တန်း) တို့အား ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည် )

“ဗုဒ္ဓဘာသာဝင်မှန်သမျှ အလွယ်တကူ ရရှိထားသော ဗုဒ္ဓဘာသာဝင်အဖြစ်ကို တန်ဖိုးထား မြတ်နိုးတတ် ကြပါစေ” …
အရှင်သုနန္ဒာလင်္ကာရ M.A (ပန်းကမ္ဘာ) ဆိုဒ်မှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

“ ငယ်ရွယ်စဉ်ကတည်းက ဘာသာသွေးရှိဖို့ ”

$
0
0
“ ငယ်ငယ်ကတည်းက သိထားတဲ့အသိဆိုတာကကြီးတဲ့အထိ စွဲမြဲတာ များတယ်လေ။ ငယ်ငယ်
ကတည်းက ဒါလုပ်ရင် ကုသိုလ်ဖြစ်တယ်၊ဒါလုပ်ရင် အကုသိုလ်ဖြစ်တယ်ဆိုတာကို စွဲစွဲ
မြဲမြဲလေးနားလည်သဘောပေါက်ထားရင် အခြေခံဖြစ်တဲ့ကြောက်စိတ် ခိုင်မာသွားတယ်။ ကြောက်စိတ်
ဆိုတာ ကြောက် သင့်ကြောက်ထိုက်တဲ့အရာကိုကြောက်တဲ့စိတ်၊ ဟီရိ သြတ္တပ္ပကို ပြောတာပါ။

ဟီရိသြတ္တပ္ပ အရှက်အကြောက်တရားဆိုတာမလုပ်သင့်မလုပ်ထိုက်တာကို လုပ်ရမှာရှက်ကြောက်
တဲ့စိတ်၊ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိမှာရှက်ကြောက်တဲ့စိတ်ပါပဲ။ ဒီစိတ်က ရှိကိုရှိဖို့
လိုတာကိုး။ ငယ်စဉ်ကတည်းကိုက ဘာသာရေးအဆုံးအမနဲ့ကြီးပြင်းလာရင် ဒီစိတ်ပိုအားကောင်း
တာပေါ့။

ကလေးဘ၀မှာတော့ အများအားဖြင့် ဒါလုပ်ရင်ငရဲကြီးတတ်တယ်လို့ ပြောလေ့ရှိတယ်။ ဒါလုပ်ရင်တော့
ကုသိုလ်ရမယ်၊ နတ်ပြည်ရောက်မယ် လို့ ပြောတတ်ကြတာကိုး။ အဲဒီအခြေခံအချက်လေးက 

သာမန်ဆိုရင်နိမ့်တယ်လို့ထင်ရပေမယ့် အရမ်းအရေးကြီးတာလေ။ ကုသိုလ်အလုပ်တွေ လုပ်ဖြစ်ဖို့၊ အကုသိုလ်အလုပ်တွေရှောင်ကြဉ်ဖို့အတွက် အဲဒီအခြေခံ စိတ်ဓာတ်လေးကလည်းအရမ်းအရေးကြီးတယ်။

ကလေးဘ၀မှာတော့ ဒါလုပ်ရင် ငရဲကြီးမယ်ဆိုရင်ငရဲကြောက်တဲ့စိတ်နဲ့ကို မလုပ်ဖြစ်တော့ဘူးပေါ့။
တချို့က ငရဲကြီးမှာ စိုးရိမ်တဲ့စိတ်နဲ့ဆိုရင်ဗုဒ္ဓဘာသာမူလတန်းအဆင့်ပဲရှိသေးတယ်၊ အဆင့်နိမ့်တယ်ဆို
ပြီးတော့ဒါကို ပေါ့ပေါ့တန်တန်သဘောထား ပြီးပြောတာရှိတယ်။ အမှန်ကတော့ အဲလိုမပြောသင့်ဘူး။

တကယ်တော့ ငရဲကျမှာကြောက်တဲ့စိတ်၊ အပါယ်လေးဘုံကျမှာကြောက်တဲ့စိတ်ကြောင့် အကုသိုလ် မလုပ်လည်းဘဲဒါကကောင်းတာပဲ။ ချီးမွမ်းထိုက်တာပဲ။ ဘာအကြောင်းကြောင့်ပဲ အကုသိုလ် အလုပ်ကို ရှောင်ရှောင်၊ ချီးမွမ်းရမှာပဲလေ။ စကားအဖြစ်သာ ငရဲကြောက်တယ်လို့ပြောပေမယ့်အကျိုး သက်ရောက်မှု အနေနဲ့ မကောင်းမှုမလုပ်ဖြစ်တာကအဓိကပဲ။

အသက်ကြီးသွားတဲ့အချိန်မှာတော့ ငရဲကျမှာကြောက်လို့ဆိုတဲ့ စိတ်က အဓိကမဟုတ်တော့ဘူးပေါ့။ သူသိတဲ့ဗဟုသုတနဲ့ သူ့အသိဥာဏ်ပေါ် မူတည်ပြီးတော့ ငရဲကျမှာကြောက်လို့ရယ်လို့မဟုတ်ဘဲနဲ့ မလုပ်ချင်လို့ကို မလုပ်တာမျိုးဖြစ်သွားမယ်။ တစ်ဖက်သားကို ကိုယ်ချင်းစာလို့၊ သနားညှာတာလို့ကို မလုပ်တာဖြစ်သွားမယ်။ ဒီစိတ်ထားတွေကတော့ အရည်အသွေးအများကြီးမြင့်မားသွားတာပေါ့လေ။ ကလေးဘ၀မှာကတော့ ကိုယ်ချင်းစာတာကို နားလည်ချင်မှနားလည်မှာလေ။

ကုသိုလ်ဆိုလည်းဒါလုပ်ရင်နတ်ပြည်ရောက်မယ်၊နတ်သားလေးဖြစ်မယ်။နတ်သမီးလေးဖြစ် မယ်နဲ့ပြောတော့ကလေးက ကုသိုလ်လုပ်ချင်သွားတယ်။ ဘာကြောင့်ညာကြောင့်ဆိုတာ ထက်ကုသိုလ်လုပ်ချင်တဲ့ စိတ်ကလေးစွဲသွားဖို့က အရေးကြီးတာပဲ။ ကြီးလာတဲ့အခါကျတော့ နတ်ပြည်ရောက် ချင်လို့ မဟုတ်တော့ဘဲနဲ့ တစ်ဖက်သားကောင်းကျိုးချမ်းသာရစေချင်လို့ လုပ်တာမျိုး ဖြစ်သွားမယ်။တစ်ဖက်သားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေး ချင်လို့လုပ်တာမျိုး ဖြစ်သွားမယ်။ နောင်သံသရာက လွတ်မြောက်ချင်လို့ လုပ်တာမျိုး ဖြစ်သွားမယ်။ ရည်ရွယ်ချက်တွေမြင့်မားလာမှာပေါ့။

ကလေးဘ၀ကတည်းက ကုသိုလ်အလုပ် လုပ်ချင်တဲ့စိတ်ဖြစ်အောင်၊ အကုသိုလ်အလုပ် မလုပ်ချင်တဲ့စိတ်
ဖြစ်အောင် သွန်သင်ပေးနိုင်မယ် ဆိုရင်တော့ ကလေးရဲ့စိတ်ထဲမှာ စွဲသွားလို့ သူ့အတွက်အများကြီး အကျိုးရှိတာပေါ့။အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )( ဆရာတော်ဘုရားအား Eternal Light Magazineမှ
မေးမြန်းလျှောက်ထားချက်အား ဓမ္မမိတ်ဆွေတို့အကျိုးငှာဖြန့်ဝေလှူဒါန်းပေးခြင်းဖြစ်ပါသည်။ face book)

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

"အင်္ဂလန်နိုင်ငံသားတစ်ဦးကို သင်္ကန်းစီးပေးခဲ့တဲ့တေးသံရှင် သျှီ (သတင်း/ဓာတ်ပုံ) "

$
0
0



တေးသံရှင် သျှီက အင်္ဂလန်နိုင်ငံသားတစ်ဦးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရဟန်းအစ်မအဖြစ် သင်္ကန်းစီးပေးခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံခြားသားသည် ကမ္ဘာအနှံလှည့်လည်၍ တရားစခန်းများဝင်ေ၇ာက် အားထုတ်ကာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ တစ်ဦးလည်းဖြစ်ပါတယ်။ (အောင်သက်ခိုင်) ဆိုမှ ဖြစ်သည်။

ဆက်လက်ပြီးတွေးကြည့်မိသည်က ဒါဟာတကယ်တော့ ဗုဒ္ဓဘာသာအတွက် ဝမ်းမြောက်စရာဖြစ်သလို ဂုဏ်ယူဖွယ်ရာ၊ အတုယူဖွယ်ရာလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ ထိုကဲ့သို့သော ဘာသာခြား လူမျိုးခြားဘဝမှ နေပြီး ဗုဒ္ဓတရားတော်များကို သေချာကျနစွာ လေ့လာစမ်းသပ်ပြီး ရဟန်းဘဝကိုခံယူလျှက် သာသနာကို ကြည်ညို သလို မိမိတို့အနေနဲ့လည်း ဘာသာ သာသနာကို အလေးနက်ထား တန်ဘိုးထားတတ်စေချင်ပါတယ်။
မည်သူတစ်ဦးတစ်ယောက်ကမှ တိုက်တွန်းလို့ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင် လေ့လာစမ်းသပ်ပြီးမှ မြတ်စွာဘုရားတရားတော်များဟာ တကယ်စစ်မှန်တဲ့တရား၊ ဟု သိမြင်၍ခံယူခြင်းသာဖြစ်တဲ့အတွက် ထိုသူ၏ သန္တာန်မှာ စစ်မှန်တဲ့ ယုံကြည်မှုသဒ္ဓါတရားများ ကိန်းအောင်း နေပေလိမ့်မည်။ ထိုသဒ္ဓါတရားသည်ကား ဘုရားစစ်ဘုရားမှန်ဟု ယုံကြည်ခြင်းတစ်ခု၊ တရားစစ် တရားမှန်ဟု ယုံကြည်ခြင်းတစ်ခု၊ သံဃာစစ် သံဃာမှန်ဟု ယုံကြည်ခြင်းတစ်ခု၊ ကောင်းသော အကြောင်းတရားများကို ပြုလုပ်ပါက ကောင်းကျိုးရစေခြင်း၊ မကောင်းသော အကုသိုလ် အကြောင်းတရားများ ပြုလုပ်ပါက မကောင်းကျိုးများရစေခြင်း စတဲ့ ကံ၊ ကံနှင့်ကံ၏ အကျိုးတို့ကို သက်ဝင်ယုံကြည်တဲ့ စစ်မှန်သော သဒ္ဓါတရားကြောင့်သာ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူလျက်၊ မြင့်မြတ်သော ရဟန်းဘောင်ဝင်ခဲ့ခြင်းသာဖြစ်ပေလိမ့်မည်။

မြတ်စွာဘုရားပွင့်တော်မူခြင်းသည် ခဲယဉ်းခြင်း၊ လူဘဝကိုရခြင်းသည် ခဲယဉ်းခြင်း၊ သဒ္ဓါတရားနှင့်ပြည့်စုံဖို့ ခဲယဉ်းခြင်း၊ ရဟန်းဘဝကိုရဖို့ခဲယဉ်းခြင်း၊ သူတော်တရားကိုနာကြားရဖို့ ခဲယဉ်းခြင်း ငါးမျိုးကို မြတ်စွာဘုရားဟောတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားပွင့်တော်မူဖို့ခဲယဉ်းခြင်းဆိုတာက ဖြည့်ကျင့်ရတဲ့ ပါရမီတွေ၊ ပါရမီဖြည့်ကျင့်ရတဲ့ နှစ်တွေ၊ အင်မတန်ပင်များပြားလှပါတယ်။ (၁) ပညာဓိက ဘုရားဆိုလျှင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊(၂)။  သဒ္ဓါဓိက ဘုရားဆိုလျှင် ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ (၃)ဝီရိယာဓိကဘုရားဆိုလျှင် တစ်ဆယ့်ခြောက်သင်္ချေနှင့်ကမ္ဘာတစ်သိန်းဖြည့်ကျင့်ရခြင်း၊ ထိုမှတဖန် ဘုရားအလောင်းတော်တစ်ဦးဖြစ်ဖို့ 
(၁)။ လူဇာတ်စင်စစ်ဖြစ်ရခြင်း၊
(၂)။ ယောက်ျားစင်စစ်ဖြစ်ရခြင်း။
(၃)။ ထိုဘဝမှာပင် အရဟတ္တဖိုလ်ကို ရနိုင်လောက်သော ကုသိုလ် ပါရမီထူးနှင့်ပြည့်စုံသူဖြစ်ရခြင်း။
(၄)။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ဘူးရခြင်း။
(၅)။ ကမ္မဝါဒီ(ကံကိုယုံကြည်သူ) ရသေ့။(သို့မဟုတ်) သာသနာအတွင်းရဟန်း ဖြစ်ရခြင်း။
(၆)။ ဈာန်သမာပတ် ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသူဖြစ်ရခြင်း။
(၇)။ ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ အလွန်အကျူးပါရမီကုသိုလ်တို့ကို ပြုစုပွားများအားထုတ်ခြင်း။
(၈)။ ဘုရားအဖြစ်ကို တောင့်တအားကြီးသော ကုသိုလ်ဆန္ဒရှိသူဖြစ်ရခြင်း။ ဘုရားအဖြစ်သို့ ရောက်မည့် ပုဂ္ဂိုလ်များမှာ အထက်ပါအင်္ဂ`ါရပ်များနှင့်လည်းပြည့်စုံရ၏။ ထိုကြောင့်ပင်လျှင် မြတ်စွာဘုရားတစ်ဆူ ပွင့်တော်မူဖို့ ခဲယဉ်းတယ်လို့ဟောတော်မူခြင်းဖြစ်ပေသည်။

လူဘဝကိုရဖို့ခဲယဉ်းတယ်ဆိုတာလည်း တစ်ကမ္ဘာလုံးရှိလူအရေအတွက်နဲ့  တစ်ကမ္ဘာလုံးရှိ တိရစ္ဆာန်များ မြေပေါ် မြေအောက် ၊ ရေမှာ လေမှာနေတဲ့ တိရစ္ဆာန်များအရေအတွက်၊ ထို့ပြင် ငရဲသူ ငရဲသား၊ ပြိတ္တာ၊ အသူရကာယ်စတဲ့ အပါယ်လေးဘုံသားများနှင့် နှိုင်းယှဉ်လိုက်ပါက ပြောဖွယ်ရာပင်မရှိပါ။ ဒါကြောင့် လူအဖြစ်ကို ရဖို့ ခဲယဉ်းတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။

သဒ္ဓါတရားနှင့်ပြည့်စုံဖို့ခဲယဉ်းခြင်းဆိုတာကလည်း လှူချင်တန်းချင်၊ သီလစောင့်ထိန်းချင်၊ တရားနာချင်၊ တရားအားထုတ်ချင်၊ ရတနာသုံးပါးကြည်ညိုချင်၊ ကံ ကံနှင့်ကံ၏ အကြောင်း အကျိုးတို့ကို သက်ဝင်ယုံကြည် ခြင်းစတဲ့အရာတွေဟာ သဒ္ဓါတရားပင်ဖြစ်၏။ ထိုသဒ္ဓါတရားနှင့်လည်း ပြည့်စုံဖို့ ခဲယဉ်းပြန်ပါတယ်။ လှူမှုတန်းမှုများကိုအများအားဖြင့် ပြုလုပ်နိုင်သော်လည်း သီလစောင့်ထိန်းမှုများ၊ တရားနာမှုများ၊ တရားအားထုတ်ချင်မှုများစတဲ့အကြောင်းတရားများကတော့ အားလျော့နေခြင်းပင်ဖြစ်ပါ လိမ့်မည်။ ထိုကြောင့်ပင် ယုံကြည်မှုသဒ္ဓါတရားနှင့်ပြည့်စုံဖို့ ခဲယဉ်းတယ်လို့ဆိုလိုခြင်းဖြစ်ပါသည်။

ရဟန်းဘဝကိုရဖို့ခဲယဉ်းတယ်ဆိုတာကလည်း ဗုဒ္ဓဘာသာဝင်ဖြစ်ပါမှ ရဟန်းဘဝကိုခံယူလို့ ရသလို၊ ယောက်ျား စစ်စစ်ဖြစ်မှသာလျှင်ခံရခြင်း၊ လူလည်းမဖြစ်၊ လူဖြစ်သော်လည်း အခြားဘာသာဝင်ဖြစ်နေခြင်း၊ ဗုဒ္ဓဘာသာဝင် ဖြစ်သော်လည်း အပေါ်ကပြောခဲ့သလို စစ်မှန်တဲ့သဒ္ဓါတရားမရှိ၊ စစ်မှန်တဲ့သဒ္ဓါတရား ရှိသော်လည်း ယောက်ျားစစ်စစ် မဖြစ်ခြင်း၊ ယောက်ျားဖြစ်နေသော်လည်း စွံ့အ နားမကြားစတဲ့သူဖြစ်နေခြင်း ထိုထိုသော အကြောင်းတရားများကြောင့် ရဟန်းဘဝကိုခံယူဖို့ ရဖို့မလွယ်ကူခြင်းဖြစ်ပါတယ်။

သူတော်ကောင်းတရားနာကြားရဖို့ အလွန့်လွန်ခဲယဉ်းခြင်းဆိုတာမျိုးက မြတ်စွာဘုရားရှင်၏ တရားတော်ကို နားရကြားရဖို့ ထိုမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို တဆင့်ပြန်လည် ဟောခြင်းမရှိလျှင်လည်းကောင်း၊ တိရစ္ဆာန်ဖြစ်နေ၍လည်းကောင်း၊ တိရစ္ဆာန်မဖြစ်ဘဲ လူဖြစ်နေသော်လည်း ဗုဒ္ဓဘာသာဝင်မဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း တရားနာယူလိုတဲ့ သဒ္ဓါတရားမရှိ၍လည်းကောင်း၊ တရားနာယူလိုတဲ့ သဒ္ဓါတရားရှိသော်လည်း အကြားအင်္ဂ`ါချို့တဲ့လျှင်သော်လည်းကောင်း၊ အကြားအင်္ဂ`ါမချို့တဲ့သော်လည်း တရား၏သဘောသွားကို ဆုံးဖြတ်နားထောင်နိုင်တဲ့ ဥာဏ်နားမရှိလျှင်သော်လည်းကောင်း၊ ရပ်ပြစ်ရှစ်ပါးအရပ်မှာ ဖြစ်၍သော်လည်းကောင်း နာကြားခွင့်ရမည်မဟုတ်ပါ။ ထိုကြောင့်ပင်လျှင် သူတော်ကောင်းတရားနာကြားရဖို့ ခဲယဉ်းတယ်လို့ ဟောတော်မူခဲ့ခြင်းဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့ မြတ်စွာဘုရားမရှိသော်လည်း မြတ်စွာဘုရားရှင်း၏ အဆုံးမတော်များက မြတ်စွာဘုရားကိုယ်စားဆိုတော့ မြတ်စွာဘုရားနှင့်လည်းကြုံကြိုက်နေတဲ့အချိန်၊
လူအဖြစ်ကိုလည်းရနေတဲ့အချိန်၊ သဒ္ဓါတရားနှင့်လည်းပြည့်စုံနေသူ၊ သူတော်ကောင်းတရားများကိုလည်း စိတ်တိုင်းကျနာယူခွင့်ရတဲ့၊ ရဟန်းဘဝကိုလည်းခံယူခွင့်ရတဲ့ အင်မတန်..တန်ဘိုးကြီးတဲ့ မြတ်စွာဘုရား သာသနာတော်မှာ လူဖြစ်ခွင့်ရနေခိုက်မှာ ဘာသာ သာသနာ လူမျိုးကို တန်ဘိုးထားတတ်ဖို့၊ ဘာသာ သာသနာ လူမျိုးကို မြတ်နိုးဖို့ ၊ ဘာသာ သာသနာ လူမျိုးကို သစ္စာမဖောက်ဖို့ ၊ ဘာသာ သာသနာ လူမျိုးကို မစော်ကားဖို့၊ အသိပေးတိုက်တွန်းလိုက်ရပါသည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
Viewing all 296 articles
Browse latest View live